သူငယ်ချင်းပြောတဲ့အားပုန်း
Tuesday, April 29, 2008
စားဖြစ်ကြတယ်။ဘယ်တော့ဖြစ်ဖြစ် အဲလို နယ်သား ၃ကောင် အတူတူစုပြီး စားပြီဆိုလို့
ကတော့ ထမင်းစားပြီးလည်း မထတော့ဘူး။ စကားတွေ ဆက်ပြောနေတတ်ကြတာဗျ။
အဲလိုဆိုတော့ ဇွန်းနဲ့စားရင် ပြဿနာမရှိဘူးပေါ့။ ဒီတိုင်း လက်နဲ့စားလို့ကတော့ လက်က
ထမင်း ခြောက်ရောပဲ။
အော်..ကျွန်တော်နဲ့ အတူသူငယ်ချင်နှစ်ယောက်ရဲ့အကြောင်းလေးတွေပြောထားမယ်နော်။
ကျွန်တော်-လုပ်ချင်တာထက် လုပ်သင့်တာတွေကြီး ဦးစားမပေးတတ်သူ။ လုပ်သင့်တာကို
လုပ်သလို၊လုပ်ချင်တာကိုလည်း လုပ်တတ်သူ။လုပ်သင့်တာတွေချည်းလုပ်ပြီး ရလာမယ့်
အကျိုးထက် လုပ်ချင်တာ မလုပ်လိုက်ရလို့ခံစားရမယ့် ခံစားချက် မတန်ဘူးထင်ရင် လုပ်
ချင်တာလုပ်ပြစ်လိုက်ပြီး ရလာမယ့်၊ဖြစ်လာမယ့်အရာကို ငါလုပ်ချင်တာလုပ်လိုက်ရတယ်
ဆိုတာနဲ့ ကျေကျေနပ်နပ်လှဲလှယ်တတ်သူ။
နယ်သား ( ၁ )-လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးပြီး...ကိုယ့်ကိုကိုယ် အချိန်နဲ့
အမျှ ထိန်းချုပ်နေတတ်သူ။စည်းကမ်းတွေ၊ဇယားတွေနဲ့ မိမိကိုယ်ကို self control လုပ်နိုင်
စွမ်းရှိအောင်ကြိုးစားနေသူ။
နယ်သား ( ၂ )-ဘဝကို ပျော်ပျော်နေမယ်။ အပူအပင်မရှိ၊ ဖြစ်လာတဲ့အပေါ်မှာမီးစင်ကြည့်
့်ကတတ်သူ။ ဖြစ်ချင်တာတွေချည်း လုပ်ပြီး ဖြစ်လာတာကို ပျော်ပျော်ကြီး လက်ခံတတ်သူ။
ဒါဆို...ကျွန်တော့်တို့ရဲ့ စကားဝိုင်းလေးကို စလို့ရပြီပေါ့။
ကျွန်တော်တို့ပြောတဲ့ထဲမှာ ဟုတ်တာတွေ ပါသလို ၊မဟုတ်တာတေလည်း ပါတယ်။ အဲလို
ပြောကြရင်းနဲ့ ဘယ်လိုကနေဘယ်လိုစကားဆက်စပ်သွားတယ် မသိပါဘူး။ မြန်မာကို ပြန်
ရင် ( issue ) ကျွေးမယ့်ထမင်းကို ပဲ စားမယ်ဆိုပြီး နယ်သား ( ၁ ) ကပြောပါလေရော။
ကျွန်တော်နဲ့ ကျန်တဲ့တစ်ယောက်ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့သိတဲ့ ထမင်းဆိုင်
လေးမှာ လခပေးစားမယ်ပေါ့။ အခုဆို ထမင်းနှစ်နပ်ကို ၃၀၀၀၀ လောက်တော့ ပေးရမယ်
နော်ဆိုပြီး စိတ်ကူးဖဲတွေ ရိုက်နေကြတယ်။
ကျွန်တော်နဲ့အတူ ထမင်းကို အပြင်မှာ စားမယ်ဆိုတဲ့နယ်သား(၂)က..."သေရင်.ကိုယ့်
နောက်ပါမှာတစ်ခုမှ မရှိဘူး။နေရတုန်းလေးမှာပျော်ပျော်နေမယ်။ကောင်းကောင်းစားမယ်"
တဲ့။ ကျွန်တော်လည်း သူ့လိုမဟုတ်တောင် သူ့လောက်နီးနီးလက်ခံထားတော့ ထောက်ခံ
ပေးလိုက်တာပေါ့။ "ဟုတ်တယ်..ဘဝမှာ လုပ်သင့်တာတွေချည်းလုပ်ပြီးတော့ ရလာမယ့်
အကျိုးထက် ..ကိုယ်လုပ်ချင်တာ မလုပ်ရလို့ ခံစားရမယ့်ခံစားချက်မတန်ဘူးထင်လို့ က
တော့ ငါကတော့ လုပ်ချင်တာလုပ်ပြီး ဖြစ်လာမဲ့အရာကို ကျေကျေနပ်နပ် လက်ခံလိုက်
မယ်ကွာ. အဲတော့ စားမယ်"ဆိုပြီး ပြောတော့ နယ်သား ( ၂ ) ကလည်း"Right ..right ..
သဲလေးright ..သဲလေးright"ဆိုပြီး အားပေးတယ်။
နယ်သား( ၁ ) _"ငါကတော့ မစားဘူး။ကျွေးတာပဲစားမယ်။မင်းတို့ ပြောသလိုဆို မင်းတို့
မှာ self control ဆိုတာမရှိတော့ဘူးပေါ့။လုပ်ချင်တာတွေချည်းလုပ်နေရမယ်ဆိုရင်လည်း
မဟုတ်သေးဘူးလေကွာ။"
ကျွန်တော်_"အာ..မင်းကလည်းဘဝပျက်အောင်တော့လုပ်မလားဟ..ပြီးတော့မင်းပြောတဲ့
self control ဆိုတာလည်းဒီအသက်..ဒီအခြေနေ ရောက်လာတဲ့ လူတိုင်းမှာ ရှိကြတာပဲ
ပေါ့ .. အနည်းအများပဲ ကွာတာပါ။မင်းပြောတာဟုတ်ပါတယ်။မင်းက မင်းကိုမင်းထိန်းချုပ်
နိုင်တယ်။ မောင်ရှင် ( နယ်သား ၂ ) နဲ့ ငါကတော့ မင်းလိုမလုပ်နိုင်ဘူး။အဲတော့.၃၀၀၀၀
နဲ့ လုပ်ချင်တာမလုပ်ရလို့ စိတ်ညစ်နေရမှာနဲ့ စာရင် အဲဒီပိုက်ဆံ အကုန်ခံပြီး လဲမယ်ကွာ။"
နယ်သား ( ၂ ) _"Right ..right ..သဲလေး right ...သဲလေး right"
နယ်သား ( ၁ )_"အေးပါ အခုသာ ၃၀၀၀၀လို့ပြောတာပါ။ ပြန်ရောက်တော့ မင်းတို့ကအဲဒီ
တစ်ခုတည်းပဲ သုံးမှာလား???တခြားဟာတွေ မသုံးတော့ဘူးလား??? ရှေ့ရေးဆိုတာ ရှိ
သေးတယ်လေ။"
နယ်သား ( ၂ ) _"မသိဘူး..ငါကတော့စားမှာပဲ။ ဖြစ်ချင်တာဖြစ်.ပြီးမှ မီးစင်ကြည့်ကမယ်။
သေရင် ကိုယ့်နောက်တစ်ခုမှ ပါတာ မဟုတ်ဘူး။"
ကျွန်တော်_"မောင်ရှင်ပြောတာလည်း ဟုတ်တယ်။ ကိုစိုးဌေးရာ(နယ်သား၁)မင်းကလည်း
ကိုယ့်ကိုကိုယ်တောင် မသဒ္ဓါဘူးလား???မင်းပြောသလို ၃၀၀၀၀ဆိုတာအခုအနေအထား
နဲ့ဆို စားနိုင်တယ်လို့ပြောတာလေ..ဒါပေမဲ့ ငါတို့ရောက်တဲ့ အချိန်မှာ အဲဒီ ၃၀၀၀၀က ငါ့
ဘဝပျက်လောက်အော်တန်ဖိုးကြီးနေတယ်ဆိုရင်တော့ငါလည်းဘယ်စားမလဲ။အခြေအနေ
နဲ့ အချိန်အခါအရပေါ့။ ငါ့ ညီတွေ၊ညီမတွေ အတွက် အဲဒီ၃၀၀၀၀ကို ထမင်းမစားပဲကျူရှင်
ထားရမယ်ဆို ငါဘယ်စားမလဲ။ရှုပ်ပါတယ်ကွာ..အခုလောလောဆယ် စားမယ်လို့ဆုံးဖြတ်
ထားတယ် ..ဒါပဲ။
နယ်သား ( ၂ ) _"သဲလေး right ...ချိုကြီး right"
"ဘာတွေ တွေးပူနေတာလဲကွာ။ အချိန်တန်တော့ သူ့ဘာသာ အဆင်ပြေသွားမှာပေါ့။
ငါကတော့ မပူဘူး။ ဖြစ်လာမှပဲလုပ်မယ်။ဘဝလည်း မလုပ်လို့ မဖြစ်တော့ဘူးဆို ကြိုးစား
ရမှာ၊လုပ်ရမှာပေါ့။ဖြစ်သွားမှာပါ။"
နယ်သား ( ၁ )_"အဲလို မပြောနဲ့ မောင်ရှင်၊ မင်းဟာက ကံကို ပုံချလွန်းတယ်။ ကံဆိုတာ
လူက လုပ်တာပါကွာ။ မလုပ်ရင်မဖြစ်တော့ဘူးဆိုမှလုပ်မယ်ဆို မင်းတို့ကအားပုန်းတွေကို
အသုံးမချတော့ပဲ နောက်ဆုံးမှ သုံးတော့မှာလား??? "
ကျွန်တော်_"ဘယ်လို.ဘယ်လို ကိုစိုးဌေး???ဘာလဲဟ အားပုန်း??? "
အဲလို မေးလိုက်တော့ နယ်သား ( ၁ ) လည်းသူဖတ်ထားတဲ့စာတိုပေစလေးတွေကိုပြောပြ
လို့ရပြီ။ မသိရင်မှတ်ထားဆိုတဲ့အထာနဲ့ ...
"ဒီလိုကွ...ဟိုးအရင်တုန်းက အိန္ဒိယက ရွာလေးတစ်ရွာအနီးမှာ..သောင်းကျန်းသူ၊ သူပုန်
တွေဆိုးသွမ်းနေတယ်တဲ့။ သူတို့က ရွာရဲ့ အပြင်မှာရှိတဲ့ တောအုပ်ထဲမှာနေကြတော့
ရွာသူ/သားတွေလည်း တောထဲကို ထင်းခွေမသွားရဲကြဘူးပေါ့ကွာ။တစ်နေ့တော့ ရွာသား
တစ်ယောက်က အရဲစွန့်ပြီး အဲဒီတောထဲကိုထင်းခွေသွားတယ်။ အဲဒီမှာ သောင်းကျန်းသူ
တွေက သူ့ကိုဖမ်းမိသွားတယ်။အစကတော့ သူ့ကို ဒီတိုင်း သတ်ပစ်မယ်ပေါ့ ။ နောက်ကျမှ
သောင်းကျန်းသူတွေထဲကတစ်ယောက်ထွက်လာတယ်။အဲဒီသူကအရမ်းအပြေးမြန်တဲ့သူ
၊သူ့ကို ဘယ်သူမှ မှီအောင် မပြေးနိုင်ဘူး။ သူကပြောတယ်.ထင်းခွေသမားကို ချန့်စ်ပေးတဲ့
အနေနဲ့ပြေးခိုင်းတယ်။တကယ်လို့ ရွာစည်းရိုးရောက်အောင်ပြေးနိုင်မယ်ဆို လွှတ်ပေးမယ်
တဲ့။မရောက်ခင် လမ်းမှာတင် မှီတယ်ဆိုရင်တော့ အသတ်ခံရမယ်ဆိုပြီး ထင်းခွေသမားကို
အရင်ပြေးခိုင်းပြီး သူကနောက်ကလိုက်တယ်။ဒါပေမဲ့ အံ့အားသင့်လောက်အောင် အရမ်း
အပြေးမြန်ပါတယ်ဆိုတဲ့ သောင်းကျန်းသူမမှီအောင်ကိုပဲ ထင်းခွေသမားက ပြေးနိုင်ပြီး
လွတ်သွားတော့ ကျန်တဲ့သောင်းကျန်းသူတွေက အပြေးမြန်ပါတယ်ဆိုတဲ့ သူကိုဝိုင်းပြီး
လှောင်ပြကြတယ်။အပြေးမြန်တဲ့ သောင်းကျန်းသူကလည်းဘာမှမဖြစ်သလိုပြန်ပြောလိုက်
တယ်။ အေး...ငါပြေးတယ်ဆိုတာအပျော်သဘောဖြစ်ပေမဲ့ထင်းခွေသမားအတွက်ကတော့
အသက်နဲ့ ရင်းပြီး ပြေးရတာဆိုတော့ သူ့မှာရှိတဲ့အားပုန်းတွေ ထွက်လာပြီးလွတ်သွားတာ
တဲ့"
ကျွန်တော်နဲ့ နယ်သား( ၂ ) တို့တွေငိုင်သွားတယ်။ နယ်သား ( ၁ ) က ဆက်ပြောတယ်။
"အဲလိုပဲ မင်းတို့လည်း အသက်အန္တရာယ်ကြုံမှ၊ နောက်ဆုံးအချိန်ကျမှ မင်းတို့ရဲ့အားပုန်း
တွေကို ထုတ်ပြီးသုံးမှာလားတဲ့"
ကျွန်တော် တွေဝေသွားတယ်။တော်တော်လေးလည်းစဉ်းစားကြည့်လိုက်တယ်။ကျွန်တော်
လည်း ဘဝမှာ ထိပ်ဆုံးမှာသာ မရှိခဲ့ပေမဲ့အလယ်အလတ်တော့မကခဲ့ပါဘူး။ကိုယ့်ကိုကိုယ်
ဥာဏ်ကောင်းတယ်။ မလုပ်ချင်လို့ပါကွာ။ ငါလုပ်ရင်ခဏပါပဲ။ကံကောင်းခြင်းအနေနဲ့လည်း
ဘယ်နေရာမဆို သူများထက်နောက်မကျခဲ့တော့အခုလိုနေရတာ၊ဖြစ်နေတာကိုပဲကိုယ့်ကို
ိုကိုယ်အဟုတ်ကြီးလို့ထင်ခဲ့တယ်။ကျွန်တော်ထက်တောင်မှ နယ်သား(၂)ဆိုတဲ့ကောင်က
ဥာဏ်ကောင်းသေးတယ်။ ပိုပြီးတော်သေးတယ် ။ကျွန်တော်တို့ကိုပြောပြသွားတဲ့နယ်သား
(၁) ကတော့ အရမ်းကြီးဥာဏ်မကောင်းဘူးဆိုပေမဲ့ သူ့မှာ ကြိုးစားအားထုတ်မှု လုံ့လ
ဝိရိယ က ကျွန်တော်တို့ နှစ်ယောက်နဲ့ ဘာမှ မဆိုင်အောင် ကွာခြားတယ်။ ဘယ်သူမဆို
ကိုယ့်ကိုကိုယ်တော့ ကိုယ်ဘာကောင်လဲဆိုတာသိကြပါတယ်။ အဲလိုသိလို့လည်း ဥာဏ်
်ကောင်းတဲ့သူ၊ ပါရမီရှိတဲ့သူတွေကရပါသေးတယ်ကွာ။ငါ့အတွက်အချိန်လေးဘယ်လောက်
ရရင်တောင်မှလုပ်လို့ရပါတယ်ဆိုပြီး ကျန်တဲ့အချိန်တွေကိုအလကားသုံးပစ်တတ်ကြတယ်။
ပြီးတော့ကျွန်တော်တို့ မြန်မာလူမျိုးတွေပိုဆိုးသေးတယ်။ ဘယ်နေရာမှာမဆိုအေးအေး
ဆေးဆေးနေချင်ကြတယ်။မဇ္ဖိမပရိပတာဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဆိုစကားအတိုင်းလည်း ဘယ်
နေရာမှာမဆို အလယ်အလတ်မှာပဲကောင်းတယ်လို့ခံယူထားကြတယ်။ဘယ်နေရာမှာမဆို
မိမိတို့မှာရှိတဲ့ ကာယအား၊ဥာဏအားတွေကို အကုန်ထုတ်မသုံးကြဘူး။ နည်းနည်းလေး
အားစိုက်လိုက်လို့မှ အဆင်မပြေဘူးဆိုကံမကောင်းဘူး။မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေနဲ့
အရှုံးပေးတတ်ကြသေးတယ်။ ပြီးတော့.တကယ်ကြိုးစားပြီးအောင်မြင်နေတဲ့ သူတွေကို
လည်း သူတို့ ဘာကြောင့်အခုလို အောင်မြင်နေတာလည်းဆိုတဲ့ မေးခွန်းထက်ချမ်းသာမှာ
ပေါ့ သူတို့က ဘယ်လိုကို၊ဘယ်ညာကိုဆိုပြီးပဲ မကောင်းတဲ့ အတွေးတွေကို ရှေ့တန်းတင်
တတ်ကြတယ်။ အားပုန်းတွေကို ထုတ်သုံးကြဖို့ နေနေသာစိုက်ထုတ်နေရတဲ့ အားတွေကို
ုတောင် ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုပြီးသာတွေးနေတတ်ကြတော့ မခက်ပေ
ဘူးလား။ တစ်ချိန်ကအမေရိကန်လုပ်ငန်းစုံသူဌေးကြီးဟင်နရီကိုင်ဇာပြောဘူးတဲ့ စကား
လေးတစ်ခွန်းကလည်း အားပုန်းတွေကို ထုတ်သုံးဖို့ပြောတဲ့ စကားလေးပါ။
တို့၏ ဆယ်ပုံ တစ်ပုံ မျှလောက်ကိုသာ အသုံးပြုနေကြသည်။အကယ်၍ မိမိစွမ်းအား ရှိသ
မျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုပါက မိမိ၏ စွမ်းဆောင်အောင်မြင်မှုများအတွက် မိမိ
ကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည် " လို့ ပြောခဲ့ဘူးတယ်။
ဟုတ်လည်းဟုတ်တယ် ကျွန်တော်တို့ အားလုံးနီးပါးကိုယ့်မှာရှိတဲ့အားပုန်းတွေကိုဘာဖြစ်လို့
ထုတ်မသုံးကြတာလဲ???
တစ်ချို့က သိတယ်။ တစ်ချို့ကတော့ မသိကြဘူး။ သိတဲ့လူကလည်း အသိကိုအသိအတိုင်း
ထားပြီး လက်တွေ့ မသုံးသလို ၊ မသိတဲ့ သူတွေကလည်း သိအောင်မကြိုးစားကြဘူးလေ။
အဲတော့ ကိုယ့်ကိုကိုယ် သေချာပြန်စဉ်းစားကြည့်ပြီး...မေးကြည့်ပါဦး။
တစ်ကယ်ပဲ ဖြစ်လာမှ မီးစင်ကြည့်ကမှာလား???
အလယ်အလတ်ဆိုတဲ့ ဘဝမှာပဲ ကျေနပ်နိုင်ပြီး ၊ နေသွားနိုင်ပြီလား???
*********