ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

သူငယ်ချင်းပြောတဲ့အားပုန်း

Tuesday, April 29, 2008

မနေ့က ကျွန်တော် နဲ့ ကျွန်တော်တို့ ရေစကြိုက သူငယ်ချင်းနှစ်ယောက် ထမင်းအတူတူ
စားဖြစ်ကြတယ်။ဘယ်တော့ဖြစ်ဖြစ် အဲလို နယ်သား ၃ကောင် အတူတူစုပြီး စားပြီဆိုလို့
ကတော့ ထမင်းစားပြီးလည်း မထတော့ဘူး။ စကားတွေ ဆက်ပြောနေတတ်ကြတာဗျ။
အဲလိုဆိုတော့ ဇွန်းနဲ့စားရင် ပြဿနာမရှိဘူးပေါ့။ ဒီတိုင်း လက်နဲ့စားလို့ကတော့ လက်က
ထမင်း ခြောက်ရောပဲ။

အော်..ကျွန်တော်နဲ့ အတူသူငယ်ချင်နှစ်ယောက်ရဲ့အကြောင်းလေးတွေပြောထားမယ်နော်။

ကျွန်တော်-လုပ်ချင်တာထက် လုပ်သင့်တာတွေကြီး ဦးစားမပေးတတ်သူ။ လုပ်သင့်တာကို
လုပ်သလို၊လုပ်ချင်တာကိုလည်း လုပ်တတ်သူ။လုပ်သင့်တာတွေချည်းလုပ်ပြီး ရလာမယ့်
အကျိုးထက် လုပ်ချင်တာ မလုပ်လိုက်ရလို့ခံစားရမယ့် ခံစားချက် မတန်ဘူးထင်ရင် လုပ်
ချင်တာလုပ်ပြစ်လိုက်ပြီး ရလာမယ့်၊ဖြစ်လာမယ့်အရာကို ငါလုပ်ချင်တာလုပ်လိုက်ရတယ်
ဆိုတာနဲ့ ကျေကျေနပ်နပ်လှဲလှယ်တတ်သူ။

နယ်သား ( ၁ )-လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးပြီး...ကိုယ့်ကိုကိုယ် အချိန်နဲ့
အမျှ ထိန်းချုပ်နေတတ်သူ။စည်းကမ်းတွေ၊ဇယားတွေနဲ့ မိမိကိုယ်ကို self control လုပ်နိုင်
စွမ်းရှိအောင်ကြိုးစားနေသူ။

နယ်သား ( ၂ )-ဘဝကို ပျော်ပျော်နေမယ်။ အပူအပင်မရှိ၊ ဖြစ်လာတဲ့အပေါ်မှာမီးစင်ကြည့်
့်ကတတ်သူ။ ဖြစ်ချင်တာတွေချည်း လုပ်ပြီး ဖြစ်လာတာကို ပျော်ပျော်ကြီး လက်ခံတတ်သူ။

ဒါဆို...ကျွန်တော့်တို့ရဲ့ စကားဝိုင်းလေးကို စလို့ရပြီပေါ့။

ကျွန်တော်တို့ပြောတဲ့ထဲမှာ ဟုတ်တာတွေ ပါသလို ၊မဟုတ်တာတေလည်း ပါတယ်။ အဲလို
ပြောကြရင်းနဲ့ ဘယ်လိုကနေဘယ်လိုစကားဆက်စပ်သွားတယ် မသိပါဘူး။ မြန်မာကို ပြန်
ရင် ( issue ) ကျွေးမယ့်ထမင်းကို ပဲ စားမယ်ဆိုပြီး နယ်သား ( ၁ ) ကပြောပါလေရော။
ကျွန်တော်နဲ့ ကျန်တဲ့တစ်ယောက်ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့သိတဲ့ ထမင်းဆိုင်
လေးမှာ လခပေးစားမယ်ပေါ့။ အခုဆို ထမင်းနှစ်နပ်ကို ၃၀၀၀၀ လောက်တော့ ပေးရမယ်
နော်ဆိုပြီး စိတ်ကူးဖဲတွေ ရိုက်နေကြတယ်။

ကျွန်တော်နဲ့အတူ ထမင်းကို အပြင်မှာ စားမယ်ဆိုတဲ့နယ်သား(၂)က..."သေရင်.ကိုယ့်
နောက်ပါမှာတစ်ခုမှ မရှိဘူး။နေရတုန်းလေးမှာပျော်ပျော်နေမယ်။ကောင်းကောင်းစားမယ်"
တဲ့။ ကျွန်တော်လည်း သူ့လိုမဟုတ်တောင် သူ့လောက်နီးနီးလက်ခံထားတော့ ထောက်ခံ
ပေးလိုက်တာပေါ့။ "ဟုတ်တယ်..ဘဝမှာ လုပ်သင့်တာတွေချည်းလုပ်ပြီးတော့ ရလာမယ့်
အကျိုးထက် ..ကိုယ်လုပ်ချင်တာ မလုပ်ရလို့ ခံစားရမယ့်ခံစားချက်မတန်ဘူးထင်လို့ က
တော့ ငါကတော့ လုပ်ချင်တာလုပ်ပြီး ဖြစ်လာမဲ့အရာကို ကျေကျေနပ်နပ် လက်ခံလိုက်
မယ်ကွာ. အဲတော့ စားမယ်"ဆိုပြီး ပြောတော့ နယ်သား ( ၂ ) ကလည်း"Right ..right ..
သဲလေးright ..သဲလေးright"ဆိုပြီး အားပေးတယ်။

နယ်သား( ၁ ) _"ငါကတော့ မစားဘူး။ကျွေးတာပဲစားမယ်။မင်းတို့ ပြောသလိုဆို မင်းတို့
မှာ self control ဆိုတာမရှိတော့ဘူးပေါ့။လုပ်ချင်တာတွေချည်းလုပ်နေရမယ်ဆိုရင်လည်း
မဟုတ်သေးဘူးလေကွာ။"

ကျွန်တော်_"အာ..မင်းကလည်းဘဝပျက်အောင်တော့လုပ်မလားဟ..ပြီးတော့မင်းပြောတဲ့
self control ဆိုတာလည်းဒီအသက်..ဒီအခြေနေ ရောက်လာတဲ့ လူတိုင်းမှာ ရှိကြတာပဲ
ပေါ့ .. အနည်းအများပဲ ကွာတာပါ။မင်းပြောတာဟုတ်ပါတယ်။မင်းက မင်းကိုမင်းထိန်းချုပ်
နိုင်တယ်။ မောင်ရှင် ( နယ်သား ၂ ) နဲ့ ငါကတော့ မင်းလိုမလုပ်နိုင်ဘူး။အဲတော့.၃၀၀၀၀
နဲ့ လုပ်ချင်တာမလုပ်ရလို့ စိတ်ညစ်နေရမှာနဲ့ စာရင် အဲဒီပိုက်ဆံ အကုန်ခံပြီး လဲမယ်ကွာ။"

နယ်သား ( ၂ ) _"Right ..right ..သဲလေး right ...သဲလေး right"

နယ်သား ( ၁ )_"အေးပါ အခုသာ ၃၀၀၀၀လို့ပြောတာပါ။ ပြန်ရောက်တော့ မင်းတို့ကအဲဒီ
တစ်ခုတည်းပဲ သုံးမှာလား???တခြားဟာတွေ မသုံးတော့ဘူးလား??? ရှေ့ရေးဆိုတာ ရှိ
သေးတယ်လေ။"

နယ်သား ( ၂ ) _"မသိဘူး..ငါကတော့စားမှာပဲ။ ဖြစ်ချင်တာဖြစ်.ပြီးမှ မီးစင်ကြည့်ကမယ်။
သေရင် ကိုယ့်နောက်တစ်ခုမှ ပါတာ မဟုတ်ဘူး။"

ကျွန်တော်_"မောင်ရှင်ပြောတာလည်း ဟုတ်တယ်။ ကိုစိုးဌေးရာ(နယ်သား၁)မင်းကလည်း
ကိုယ့်ကိုကိုယ်တောင် မသဒ္ဓါဘူးလား???မင်းပြောသလို ၃၀၀၀၀ဆိုတာအခုအနေအထား
နဲ့ဆို စားနိုင်တယ်လို့ပြောတာလေ..ဒါပေမဲ့ ငါတို့ရောက်တဲ့ အချိန်မှာ အဲဒီ ၃၀၀၀၀က ငါ့
ဘဝပျက်လောက်အော်တန်ဖိုးကြီးနေတယ်ဆိုရင်တော့ငါလည်းဘယ်စားမလဲ။အခြေအနေ
နဲ့ အချိန်အခါအရပေါ့။ ငါ့ ညီတွေ၊ညီမတွေ အတွက် အဲဒီ၃၀၀၀၀ကို ထမင်းမစားပဲကျူရှင်
ထားရမယ်ဆို ငါဘယ်စားမလဲ။ရှုပ်ပါတယ်ကွာ..အခုလောလောဆယ် စားမယ်လို့ဆုံးဖြတ်
ထားတယ် ..ဒါပဲ။

နယ်သား ( ၂ ) _"သဲလေး right ...ချိုကြီး right"
"ဘာတွေ တွေးပူနေတာလဲကွာ။ အချိန်တန်တော့ သူ့ဘာသာ အဆင်ပြေသွားမှာပေါ့။
ငါကတော့ မပူဘူး။ ဖြစ်လာမှပဲလုပ်မယ်။ဘဝလည်း မလုပ်လို့ မဖြစ်တော့ဘူးဆို ကြိုးစား
ရမှာ၊လုပ်ရမှာပေါ့။ဖြစ်သွားမှာပါ။"

နယ်သား ( ၁ )_"အဲလို မပြောနဲ့ မောင်ရှင်၊ မင်းဟာက ကံကို ပုံချလွန်းတယ်။ ကံဆိုတာ
လူက လုပ်တာပါကွာ။ မလုပ်ရင်မဖြစ်တော့ဘူးဆိုမှလုပ်မယ်ဆို မင်းတို့ကအားပုန်းတွေကို
အသုံးမချတော့ပဲ နောက်ဆုံးမှ သုံးတော့မှာလား??? "

ကျွန်တော်_"ဘယ်လို.ဘယ်လို ကိုစိုးဌေး???ဘာလဲဟ အားပုန်း??? "

အဲလို မေးလိုက်တော့ နယ်သား ( ၁ ) လည်းသူဖတ်ထားတဲ့စာတိုပေစလေးတွေကိုပြောပြ
လို့ရပြီ။ မသိရင်မှတ်ထားဆိုတဲ့အထာနဲ့ ...

"ဒီလိုကွ...ဟိုးအရင်တုန်းက အိန္ဒိယက ရွာလေးတစ်ရွာအနီးမှာ..သောင်းကျန်းသူ၊ သူပုန်
တွေဆိုးသွမ်းနေတယ်တဲ့။ သူတို့က ရွာရဲ့ အပြင်မှာရှိတဲ့ တောအုပ်ထဲမှာနေကြတော့
ရွာသူ/သားတွေလည်း တောထဲကို ထင်းခွေမသွားရဲကြဘူးပေါ့ကွာ။တစ်နေ့တော့ ရွာသား
တစ်ယောက်က အရဲစွန့်ပြီး အဲဒီတောထဲကိုထင်းခွေသွားတယ်။ အဲဒီမှာ သောင်းကျန်းသူ
တွေက သူ့ကိုဖမ်းမိသွားတယ်။အစကတော့ သူ့ကို ဒီတိုင်း သတ်ပစ်မယ်ပေါ့ ။ နောက်ကျမှ
သောင်းကျန်းသူတွေထဲကတစ်ယောက်ထွက်လာတယ်။အဲဒီသူကအရမ်းအပြေးမြန်တဲ့သူ
၊သူ့ကို ဘယ်သူမှ မှီအောင် မပြေးနိုင်ဘူး။ သူကပြောတယ်.ထင်းခွေသမားကို ချန့်စ်ပေးတဲ့
အနေနဲ့ပြေးခိုင်းတယ်။တကယ်လို့ ရွာစည်းရိုးရောက်အောင်ပြေးနိုင်မယ်ဆို လွှတ်ပေးမယ်
တဲ့။မရောက်ခင် လမ်းမှာတင် မှီတယ်ဆိုရင်တော့ အသတ်ခံရမယ်ဆိုပြီး ထင်းခွေသမားကို
အရင်ပြေးခိုင်းပြီး သူကနောက်ကလိုက်တယ်။ဒါပေမဲ့ အံ့အားသင့်လောက်အောင် အရမ်း
အပြေးမြန်ပါတယ်ဆိုတဲ့ သောင်းကျန်းသူမမှီအောင်ကိုပဲ ထင်းခွေသမားက ပြေးနိုင်ပြီး
လွတ်သွားတော့ ကျန်တဲ့သောင်းကျန်းသူတွေက အပြေးမြန်ပါတယ်ဆိုတဲ့ သူကိုဝိုင်းပြီး
လှောင်ပြကြတယ်။အပြေးမြန်တဲ့ သောင်းကျန်းသူကလည်းဘာမှမဖြစ်သလိုပြန်ပြောလိုက်
တယ်။ အေး...ငါပြေးတယ်ဆိုတာအပျော်သဘောဖြစ်ပေမဲ့ထင်းခွေသမားအတွက်ကတော့
အသက်နဲ့ ရင်းပြီး ပြေးရတာဆိုတော့ သူ့မှာရှိတဲ့အားပုန်းတွေ ထွက်လာပြီးလွတ်သွားတာ
တဲ့"

ကျွန်တော်နဲ့ နယ်သား( ၂ ) တို့တွေငိုင်သွားတယ်။ နယ်သား ( ၁ ) က ဆက်ပြောတယ်။
"အဲလိုပဲ မင်းတို့လည်း အသက်အန္တရာယ်ကြုံမှ၊ နောက်ဆုံးအချိန်ကျမှ မင်းတို့ရဲ့အားပုန်း
တွေကို ထုတ်ပြီးသုံးမှာလားတဲ့"

ကျွန်တော် တွေဝေသွားတယ်။တော်တော်လေးလည်းစဉ်းစားကြည့်လိုက်တယ်။ကျွန်တော်
လည်း ဘဝမှာ ထိပ်ဆုံးမှာသာ မရှိခဲ့ပေမဲ့အလယ်အလတ်တော့မကခဲ့ပါဘူး။ကိုယ့်ကိုကိုယ်
ဥာဏ်ကောင်းတယ်။ မလုပ်ချင်လို့ပါကွာ။ ငါလုပ်ရင်ခဏပါပဲ။ကံကောင်းခြင်းအနေနဲ့လည်း
ဘယ်နေရာမဆို သူများထက်နောက်မကျခဲ့တော့အခုလိုနေရတာ၊ဖြစ်နေတာကိုပဲကိုယ့်ကို
ိုကိုယ်အဟုတ်ကြီးလို့ထင်ခဲ့တယ်။ကျွန်တော်ထက်တောင်မှ နယ်သား(၂)ဆိုတဲ့ကောင်က
ဥာဏ်ကောင်းသေးတယ်။ ပိုပြီးတော်သေးတယ် ။ကျွန်တော်တို့ကိုပြောပြသွားတဲ့နယ်သား
(၁) ကတော့ အရမ်းကြီးဥာဏ်မကောင်းဘူးဆိုပေမဲ့ သူ့မှာ ကြိုးစားအားထုတ်မှု လုံ့လ
ဝိရိယ က ကျွန်တော်တို့ နှစ်ယောက်နဲ့ ဘာမှ မဆိုင်အောင် ကွာခြားတယ်။ ဘယ်သူမဆို
ကိုယ့်ကိုကိုယ်တော့ ကိုယ်ဘာကောင်လဲဆိုတာသိကြပါတယ်။ အဲလိုသိလို့လည်း ဥာဏ်
်ကောင်းတဲ့သူ၊ ပါရမီရှိတဲ့သူတွေကရပါသေးတယ်ကွာ။ငါ့အတွက်အချိန်လေးဘယ်လောက်
ရရင်တောင်မှလုပ်လို့ရပါတယ်ဆိုပြီး ကျန်တဲ့အချိန်တွေကိုအလကားသုံးပစ်တတ်ကြတယ်။
ပြီးတော့ကျွန်တော်တို့ မြန်မာလူမျိုးတွေပိုဆိုးသေးတယ်။ ဘယ်နေရာမှာမဆိုအေးအေး
ဆေးဆေးနေချင်ကြတယ်။မဇ္ဖိမပရိပတာဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဆိုစကားအတိုင်းလည်း ဘယ်
နေရာမှာမဆို အလယ်အလတ်မှာပဲကောင်းတယ်လို့ခံယူထားကြတယ်။ဘယ်နေရာမှာမဆို
မိမိတို့မှာရှိတဲ့ ကာယအား၊ဥာဏအားတွေကို အကုန်ထုတ်မသုံးကြဘူး။ နည်းနည်းလေး
အားစိုက်လိုက်လို့မှ အဆင်မပြေဘူးဆိုကံမကောင်းဘူး။မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေနဲ့
အရှုံးပေးတတ်ကြသေးတယ်။ ပြီးတော့.တကယ်ကြိုးစားပြီးအောင်မြင်နေတဲ့ သူတွေကို
လည်း သူတို့ ဘာကြောင့်အခုလို အောင်မြင်နေတာလည်းဆိုတဲ့ မေးခွန်းထက်ချမ်းသာမှာ
ပေါ့ သူတို့က ဘယ်လိုကို၊ဘယ်ညာကိုဆိုပြီးပဲ မကောင်းတဲ့ အတွေးတွေကို ရှေ့တန်းတင်
တတ်ကြတယ်။ အားပုန်းတွေကို ထုတ်သုံးကြဖို့ နေနေသာစိုက်ထုတ်နေရတဲ့ အားတွေကို
ုတောင် ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုပြီးသာတွေးနေတတ်ကြတော့ မခက်ပေ
ဘူးလား။ တစ်ချိန်ကအမေရိကန်လုပ်ငန်းစုံသူဌေးကြီးဟင်နရီကိုင်ဇာပြောဘူးတဲ့ စကား
လေးတစ်ခွန်းကလည်း အားပုန်းတွေကို ထုတ်သုံးဖို့ပြောတဲ့ စကားလေးပါ။
"လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့်အလုပ်လုပ်နိုင်မှုစွမ်းရည်
တို့၏ ဆယ်ပုံ တစ်ပုံ မျှလောက်ကိုသာ အသုံးပြုနေကြသည်။အကယ်၍ မိမိစွမ်းအား ရှိသ
မျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုပါက မိမိ၏ စွမ်းဆောင်အောင်မြင်မှုများအတွက် မိမိ
ကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည် " လို့ ပြောခဲ့ဘူးတယ်။

ဟုတ်လည်းဟုတ်တယ် ကျွန်တော်တို့ အားလုံးနီးပါးကိုယ့်မှာရှိတဲ့အားပုန်းတွေကိုဘာဖြစ်လို့
ထုတ်မသုံးကြတာလဲ???

တစ်ချို့က သိတယ်။ တစ်ချို့ကတော့ မသိကြဘူး။ သိတဲ့လူကလည်း အသိကိုအသိအတိုင်း
ထားပြီး လက်တွေ့ မသုံးသလို ၊ မသိတဲ့ သူတွေကလည်း သိအောင်မကြိုးစားကြဘူးလေ။
အဲတော့ ကိုယ့်ကိုကိုယ် သေချာပြန်စဉ်းစားကြည့်ပြီး...မေးကြည့်ပါဦး။

အားပုန်းတွေကို ထုတ်သုံးဖူးလားလို့???
တစ်ကယ်ပဲ ဖြစ်လာမှ မီးစင်ကြည့်ကမှာလား???
အလယ်အလတ်ဆိုတဲ့ ဘဝမှာပဲ ကျေနပ်နိုင်ပြီး ၊ နေသွားနိုင်ပြီလား???
*********


AddThis Social Bookmark Button


ကျွန်တော့် ဘဝ အပိုင်း( ၁ )

Saturday, April 26, 2008

ကျွန်တော်လား ? မကွေးတိုင်း၊ ရေစကြိုမြို့ကပါ။ ရေစကြို ကို . ဟိုး...အရင်တုန်းက မဟာဂါမ မြောင်းတူး ရေစကြိုလို့ ခေါ်ခဲ့ကြတယ်တဲ့။
အဓိပ္ပါယ်ကတော့ မဟာဆိုတာ ကြီးမားသော၊ ဂါမက ရာမ အကို၊ အားလုံးပေါင်းလိုက်တော့ ( ချင်းတွင်းမြစ်ကို စတင်တူးဖော်ခဲ့တဲ့ မြို့ ) ပေါ့ဗျာ..ဟီးဟီး သေချာမသိလို့ ဖောလိုက်တာ။ အော် ..ပြီးတော့ စကားတောင်စားထဲကလေ ပခန်းသားဆိုတာလေ..အင်းပေါ့ အဲဒါ ကျွန်တော်တို့ မြို့နယ်ထဲကပဲ။ ကြွားစရာ မရှိ၊ ရှိတာလိုက်ကြွားလိုက်တာ။ အဘိုးကပြောဘူးတယ် ..အဲဒီထဲက ပခန်းသားဆိုတာ အဘိုး ရဲ့ အဘိုး နဲ့ ကျည်းသား ရိုက်ဖက်တွေတဲ့။ ( စကားချပ်..ဟီးဟီး ) ။

*********

ကျွန်တော့်ကို မွေးမဲ့နေ့က သိတယ်မလား။ ထူးခြားတဲ့ပါရမီရှင်ကြီးတွေမွေးရင် အတိတ်နမိတ် တွေ ပြတယ်လေ။ အဲလိုပဲကျွန်တော့်တုန်းကလည်း နိမိတ်ပြတယ်တဲ့။ အမေ့ ပါးစပ်ကနေပြီး " အဖေကြီးရေ..နာတယ်..နာတယ်။ မွေးတော့မယ် ထင်တယ်တော့လို့ ပြောခဲ့တယ် " လို့ အဖေက ပြန်ပြောဘူးတယ်။ အဲလို အတိတ်တွေ နိမိတ်တွေနဲ့ မွေးလာတဲ့ ကျွန်တော့်ကို နာမည်ပေးဖို့အတွက် သာမန်ပုဂ္ဂိုလ်နဲ့တော့ မဖြစ်ဘူးဆိုပြီး မင်းသိခိ င်္နဲ့ စံဇာနည်ဘို ကို ခေါ်ပြီးရွေးခိုင်းခဲ့ကြတယ်တဲ့။ သူတို့လည်း ကိုယ်စွမ်း ၊ ဥာဏ်စွမ်း ရှိသလောက် ကြိုးစားတွက်ချက်ပြီး အကောင်းဆုံးလို့ ယူဆရတဲ့ နာမည်တွေ ရွေးပေးခဲ့တယ်။အဲဒီ နာမည်တွေအားလုံးကို အဘက မကြိုက်ဘူးဆိုပြီး သူကိုယ်တိုင်ပဲ အခုလက်ရှိနာမည်ကို မှည့်ပေးခဲ့တာ။ ကျွန်တော် ငယ်ငယ်ကဆို အဖေနဲ့အမေက အိမ်မှာကပ်တယ်ကို မရှိဘူး၊ လျှောက်လည်နေကြတာ ( ဟီးဟီး မဟုတ်ဘူးနော် ) ။ တခြားမြို့ရွာတွေမှာ ဈေးသွားရောင်းကြတယ်။ တစ်ခါတစ်လေမှာ သူတို့နဲ့ ကျွန်တော့်ကိုခေါ်သွားပြီး ..တစ်ခါတစ်လေကျတော့ အဘိုး၊ အဘွား ( အမေရဲ့ မိဘ နှစ်ပါး )တွေနဲ့ ထားခဲ့ရတယ်။

*********

သားအချစ်၊ မြေးအနှစ်ဆိုသလို မြေးဦးဖြစ်တဲ့ ကျွန်တော့်ကို အဘွားက အရမ်းချစ်တယ် ။ ကျွန်တော့ကလည်း ချစ်ဖို့ ကောင်းတာ ပါပါတယ်။( အဟီး )။ ကျွန်တော်ငယ်ငယ်က နည်းနည်းတော့ ပျင်းတယ်ဗျ။ အခု ကြီးလာမှသာ ကိုယ့် အသိ စိတ်လေးနဲ့ကိုယ် ပြင်
လိုက်လို့ သုံးစားမရအောင် ပျင်းသွားတာ ( အဟား )။ ဘယ်လို ပျင်းသလဲဆိုတော့ ငိုရမှာကို ပျင်းလို့ကို မငိုခဲ့ဘူး။ လူကြီးတွေကတော့ချီးကျူးချင် ၊ ကြွားချင်ကြတော့ ."ဟယ် ဒီကလေးက တော်တော်သန္ဒေကောင်းတာပဲ။ ငိုတာကို မတွေ့ရဘူး " လို့ ပြောကြတာပေါ့ဗျာ။


*********
မဟာ=ကြီးမားသော ၊ ဂါမ= ရွာ ၊ မဟာဂါမ = ရွာကြီး
လို့ အမည်ရှိပါတယ်လို့ စေတနာရှိတဲ့ စေတနာဆိုတဲ့ သူတစ်ယောက်ကနေပြီး ဆီဘောက်မှာ ပြောကြားသွားပါသည်။
ဆက်လက်ရေးသားပါဦးမည်။

AddThis Social Bookmark Button


မညီမျှခြင်းများ

Friday, April 25, 2008









AddThis Social Bookmark Button


အမေ ( ၁ )

Thursday, April 24, 2008

သူများတွေလို
အမေ... ပညာမတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။

သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့...
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။

သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။

သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့မှာ အမေ အမြဲတမ်း နေပေးခဲ့တယ်။

သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ
ထွေးပွေ့ထားခဲ့တယ်။

သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ အိပ်စက်ခွင့်တွေ
ရခဲ့တယ်။

သူများတွေလို
အမေ...သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က ဖားကလေးတွေ
ကောက်ပေးခဲ့တယ်။

မိဘရဲ့ မေတ္တာဘာလဲဆိုတာ...
အမေ မသိ။

ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်...
အမေ နားမလည်ပါ။

အမေ့မှာ ပညာဗလာ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။

အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။



အမေ့အတွက် ကျွန်တော့်ဘဝရဲ့ ပထမဆုံး ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးပါ ။ ကာရန်တွေ၊နပေတွေ ကျွန်တော်နားမလည်ပါဘူး။ ရေးချင်တာနဲ့ လျှောက်ရေးလိုက်တာပါ။ မကောင်းဘူးဆိုရင် အမေ့ အကြောင်းလေးတွေကို ပေါ်လွင်အောင် မသီကုံးတတ်တဲ့ ကျွန်တော့်မှာပဲ အပြစ်ရှိပါတယ်။ အားလုံးပဲ ဝေဖန် အကြံပေးနိုင်ပါတယ် ခင်ဗျာ။

AddThis Social Bookmark Button


သိချင်တယ်ဆိုရင်ပေါ့နော်

Monday, April 7, 2008

၁၉၉၁ သြဂုတ်
Tim Berners Lee သည် အဖွဲ့ဝင်များအတွင်း သတင်းများ ဖလှယ်နိုင်သော newsgroup တစ်ခုတွင် "hyper text" project ကို စတင် ဖော်ထုတ်ခဲ့သည်။ ထို project သည် ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာမှမဆို ကမ္ဘာသူ၊ ကမ္ဘာသား တစ်ဦးနှင့်တစ်ဦး "link"တွေကို လက်ခံနိုင်မည့် ဆုံးဖြတ်ချက်နှင့် ရည်ရွယ်ချက်ကို အဓိကထား လုပ်ကိုင် ဆောင်ရွက်သည်။ Tim Berners Lee၏ ထိုprojectမစတင်မီ အချိန်ကာလ ကနဦး အစောပိုင်းနှစ်များတွင် ကွဲပြားခြားနားသော documents များကြားတွင် link များ ချိတ်ဆက်သွယ်နိုင်သော method တစ်ခု ရှိနေခဲ့သည်။Tim Berners Lee သည် အဆိုပါ ပုံသေနည်းကို ပိုမိုကောင်းမွန်အောင် စဉ်းစားတီထွင်ခဲ့ပြီးသည့် နောက်တွင် များစွာသော လူမျိုးများသို့ အခမဲ့ဖြန့်ချိခဲ့သည်။

၁၉၉၁ ဒီဇင်ဘာ
Tim Berner Lee သည် "Cern" ဓာတ်ခွဲခန်း ပိုင်ရှင်ဖြစ်သော သိပ္ပံပညာရှင် Paul Kunz နှင့် တွေ့ဆုံပြီး အနာဂတ် လုပ်ငန်းစဉ်များအကြောင်းကို တွန်းအားပေး စည်းရုံးခဲ့သည်။ သွပ္ပံပညာရှင် Paul Kunz သည် Tim Berner Lee ကိုအပြည့်အဝ ယုံကြည်ခဲ့ပြီး သူ၏ Geneva အခြေစိုက် "Cern Labs"မှ တစ်ဆင့် Web server ကို စတင်ပြုလုပ်ရန် သဘောတူခဲ့သည်။ ထို Cern Labs သည်ပင် ကမာ့ပထမဆုံး Web server ဖြစ်လာခဲ့ပြီး Web စာမျက်နှာများကို စုဆောင်းခြင်း နှင့် အခြား ကွန်ပျူတာများသို့ ပြန်လည်ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ နောင်အခါတွင် "The Slac server" ဟု လူသိများလာခဲ့သည်။

၁၉၉၃ ဧပြီ
ကမ္ဘာ့ ပထမဆုံး အင်တာနက်ကြည့် ဆော့ဖ်ဝဲကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ထို ဆော့ဖ်ဝဲကို "web browser"ဟုအမှတ်သညာ ပြုခဲ့ပြီး "Mosaic" အမည်ရှိသည်။ Mosaic ကို အမေရိကန် အခြေစိုက် "National center" မှ တီထွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအကြိမ် ကမ္ဘာသူ၊ ကမ္ဘာသားတို့သည် လွတ်လပ်ခြင်းအပြည့်အဝဖြင့် အင်တာနက်ကိုစတင်ကြည့်ရှု့ခွင့် ရရှိခဲ့သည်။

၁၉၉၃ ဧပြီ
Tim Berners Lee နှင့် ပူးပေါင်းဆောင်ရွက်သော "Cern" သည် World Wide Web ကို မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် Tim Berners Lee သည် Program code နှင့် ကွန်ရက် နည်းပညာများကို အခမဲ့ ဖြန့်ဝေခဲ့သည် ။ ထို နည်းပညာ ဖြန့်ချိမှုကြောင့် ကွန်ရက်သည် အလျင်အမြန် ကြီးထွားလာခဲ့သည်။

၁၉၉၃ ဇွန်
ကွန်ရက် စာမျက်နှာများကို ရေးသားရာ၌ အသုံးပြုရန် 'HTML' ဘာသာစကားကို 'စံ' အနေအထားဖြင့် စတင် သတ်မှတ်ခဲ့သည်။

၁၉၉၃ ဒီဇင်ဘာ
ကော်ဖီကရားအိုးအတွင်းမှ ကော်ဖီရည်များ ကျိုချက်နေပုံကို ရိုက်ကူးခဲ့သော ပထမဆုံး webcam ကို စတင် ကြေငြာလွှင့်ထုတ်ခဲ့သည်။ ကိန်းဘရစ် တက္ကသိုလ်၏ ကွန်ပျူတာ သပ္ပံ ကျောင်းသားအုပ်စု တစ်စုမှနေ၍ စတင်စမ်းသပ်ခဲ့သောweb camera အား တစ်ယောက်နှင့်တစ်ယောက် မျက်မြင်တွေ့စေနိုင်ရန် ရိုက်ကူးလွှင့်တင်ပေးနိုင်သော ကွန်ရက် ကင်မရာweb camera များစွာတို့၏ အစဦး တီထွင်မှု ဖြစ်ခဲ့သည်။

၁၉၉၄ ဖေဖေါ်ဝါရီ
စတန်းဖို့ဒ် ကျောင်းသား နှစ်ယောက်ဖြစ်သော 'David Filo' နှင့် 'Jerry Yang' တို့သည် ကွန်ရက်အတွက် Jerry ၏ လမ်းညွှန်ဆိုသော Web site တစ်ခုကို တည်ထောင်ခဲ့သည်။ ကနဦးကာလ "Jerry's Guide to the World Wide Web"ဆိုသော အမည်ကို နောက်ပိုင်းတွင် 'Yahoo' ဟူ၍ ပြောင်းလဲခဲ့ပြီး "!" ကို လိုဂို အဖြစ် စံထားသတ်မှတ်ခဲ့သည်။Yahoo ဟူသော အမည်သည် ရှေးခေတ်လူသားတို့၏ ဝမ်းသာအားရ ဟစ်ကြွေးသံတစ်ခု ဖြစ်သကဲ့သို့ 'Yet Another Hierarchical Officious Oracle' ၏ အတိုကောက် စာလုံးလည်း ဖြစ်လေသည်။ ယခုအခါတွင် Jerry ၏ Web လမ်းညွှန်Yahoo သည် အသုံးပြုသူတို့ ဝမ်းသာအားရ ကြည့်ရှုကြသော Web စာမျက်နှာတစ်ခု ဖြစ်နေခဲ့လေပြီ။

၁၉၉၅ ဇူလိုင်
'Jetf Bezos'သည် အင်တာနက်မှနေ၍ ကမ္ဘာ့ အနှံ့အပြားနေရာသို့ ' မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များ' ရောင်းချရန် စိတ်ကူးခဲ့သည်။ ယခုအချိန်တွင် ကမ္ဘာ့ အခိုင်မာဆုံးနှင့် အကြီးမားဆုံးဖြစ်သော 'Amazon' စာအုပ်စတိုးဆိုင်ကို ကွန်ရက်မှတစ်ဆင့် ဝယ်ယူရရှိနေနိုင်ပြီ ဖြစ်သည်။ လက်ရှိ ထိတ်ထိတ်ကြဲ အရောင်းဌာနကြီးများထဲ၌ 'Amazon' သည် ကွန်ရက်စာမျက်နှာကို အပြည့်အဝ အသုံးချ၍ စီးပွားရေးလုပ်ငန်းကို စတင်ပုံဖော်ခဲ့သည်ဟု ဆိုနိုင်သည်။

၁၉၉၅ သြဂုတ်
ကွန်ရက်ပေါ်တွင် ဝက်ဘ်ဆိုက်ပေါင်း '၁၈၉၅၇' ခန့်ထိ ရှိလာခဲ့သည်။ စီးပွားရေးလုပ်ငန်းကုမဏီများသည် အက်တာနက်သို့ အစုလိုက်အပြုံလိုက် တံခါးခေါက်လာခဲ့ကြသည်။ ကွန်ရက်စာမျက်နှာများသို့ အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နိုင်ခြင်း၊ကြော်ငြာနိုင်ခြင်းတို့နှင့် အခြားအခွင့်အလမ်းများ
ကို မျက်စိပွင့်သွားကြသည့် လုပ်ငန်းရှင်တို့ကြောင့် လန်ဒန်စတော့ရှယ်ယာ ဈေးကွက်တွင် စတော့ပေါက်ဈေးများ အဆမတန်တိုးမြှင့် ရောင်းဝယ်လာခဲ့ကြသည်။
(web browserကိုထုတ်လုပ်ဖြန့်ချိခဲ့သော 'Nescape'ကုမဏီ၏ ရှယ်ယာဈေးနှုန်းများသည် မကြုံစဖူးလောက်အောင် တိုးမြှင့်သွားခဲ့သည်။ ) ထိုအခြင်းအရာကို "dotcom(.com) ပေါက်ကွဲမှု" ဟု တင်စားခဲ့ကြသည်။

မိုက်ကရိုဆော့ဖ်ကုမဏီ၏ Windows 95 version စတင် ဖြန့်ချိခဲ့သည်။ ထိုအထဲတွင် အင်တာနက်ကြည့်ရှုနိုင်သော 'Internet Explorer' ကို အခမဲ့ ထည့်သွင်းပေးခဲ့သည်။

၁၉၉၆ ဇူလိုင်
အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့ July - 4 တွင် hotmail အမည်ရှိ web-based email စတင်ထွက်ပေါ်လာခဲ့သည်။

၁၉၉၇ ဒီဇင်ဘာ
John Bargerသည် ကွန်ရက်စာမျက်နှာများပေါ်တွင် ထပ်ဆင့်၍ သတင်းအနှစ်ချုပ်ကို ထပ်မံထည့်သွင်းနိုင်သော စနစ်တစ်မျိုးကို 'weblog' 'blog' ဟု စတင်သုံးစွဲခဲ့သည်။ ( နောက်ပိုင်းတွင် ထိုစကားလုံးမှတစ်ဆင့် 'blog' ဟူ၍ အသွင်ကူးပြောင်းလာခဲ့၏။

၁၉၉၈ စက်တင်ဘာ
ဂုဏ်ထူးတန်းကျောင်းသားနှစ်ယောက်ဖြစ်သောHarry page နှင့် Sergey Brin တို့၏ Project ငယ်လေးတစ်ခုသည် စတန်းဖို့ဒ် ကောလိပ်တစ်ဝိုက်တွင် စတင်ထင်ရှားလာခဲ့သည်။ ၁၉၉၇ ခုနှစ် နှစ်အလယ်ပိုင်း အတွင်းက စတင်ခဲ့သော အဆိုပါ project ၏ မူလ အမည်မှာ 'Google.stanford.edu' ဖြစ်ခဲ့သည်။ ( မူလ google ၏ အမည်သည် 'googol' ဆိုသော စကားကို စာလုံးပေါင်း မှားခဲ့ခြင်းဖြစ်ပြီး သင်္ချာတန်ဖိုးအရ 'googol' သည် 10^100 နှင့် ညီမျှသည်။

၁၉၉၈ အောက်တိုဘာ
ပထမဆုံး blog အဖွဲ့အစည်းဖြစ်သော ' open diary 'ထွက်ပေါ်လာခဲ့သည်။

၁၉၉၉ သြဂုတ်
လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော Myspace ကို ' Tom Anderson 'စတင်တည်ထောင်ခဲ့သည်။ မူလတွင် အခမဲ့သိုလှေင်နေရာ နှင့် ဖိုင်ဖြန့်ဝေမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လူမှုကွန်ရက်ဘက်သို့ ကူးပြောင်းသွားခဲ့သည်။တည်ထောင်သူ Tom Anderson သည် ပရိုဂရမ်ပေါင်း မြောက်များစွာထဲမှ အငယ်စားအဆင့် ပညာရှင်လေးသာ ဖြစ်သော်လည်း ဆယ်နှစ်အတွင်း အသုံးပြုသူ သန်း၇၀၀ကျော် ရရှိခဲ့သည်အထိ Myspace အောင်မြင်ခဲ့သည်။ ( ဓာတ်ပုံ ၊ ဂီတ ၊ ဗွီဒီယို ၊ chat များစွာသောဝန်ဆောင်မှုများပါဝင်သည့်Myspaceကို၂၀၀၅ခုနှစ်တွင် မီဒီယာသူဌေးကြီးရူးပတ်မားဒေါ့မှ သန်း၅၈၀ ဖြင့် ဝယ်ယူခဲ့သည်။ )

၂၀၀၁ ဇန်နဝါရီ
Podcasting ဟူသော နည်းပညာတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ အင်တာနက်ကို အသုံးပြု၍ အသံလှိုင်းသက်သက်ဖြင့်သာ လွှင့်တင်နိုင်သော စာမျက်နှာတစ်မျိုးဖြစ်သည်။ ကွန်ရက်ပေါ်တွင် အခမဲ့ ဖတ်ရှု၍ ပြန်လည်တည်းဖြတ်နိုင်သော ကမ္ဘာ့စွယ်စုံကျမ်း'wikipedia'ကို တည်ထောင်သူ ဂျင်မီဝေးလ် မှစတင် ကြော်ငြာ လွှင့်တင်ခဲ့သည်။

၂၀၀၁ နိုဝင်ဘာ
Paypal ၏ account ကို အသုံးပြု၍ ဂျွန်ပေါလ်သည် ၎င်း၏ laptop မှ နေ၍ email စတင် ပိုလွှတ်ခဲ့သည်။

၂၀၀၃ မေ
မင်ဟန်တင် နန်းတော်သည် ကမ္ဘာ့ရာဇဝတ်မှုများ တိုက်ဖျက်ရန်နှင့် လုံခြုံစိတ်ချမှုရှိသော ကွန်ရက်ကမ္ဘာများကို ဖွဲ့စည်းရန်အတွက် အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့သည်။ ထိုအဖွဲ့တွင် ကမ္ဘာပေါ်ရှိ ထိပ်တန်းကွန်ရက်လုံခြုံရေး ကျွမ်းကျင် ပညာရှင်ပေါင်း ရာကျော်ပါဝင်ခဲ့သည်။

၂၀၀၄ ဖေဖော်ဝါရီ
ကပ္ပလီ လူမည်း အဆိုတော်မလေး ဂျက်နက်ဂျက်ဆင်၏ အမှုအမှတ်မဲ့ ပုံရိပ်များ တရားဝင် ပျံ့နှံ့ခဲ့သည်။
( ထိုအချိန်မှစ၍celebility image များသည် အစစ်နှင့်အတုများ ရောထွေးလျက် စတင်ကျော်ကြားလာခဲ့ပြီး အင်တာနက် အသုံးပြုသူ ၆၀ရာခိုင်နှုန်း၏ စိတ်ဝင်တစား ရှာဖွေကြသော ပုံရိပ်များ ဖြစ်ထွန်းလာခဲ့၏။ )

၂၀၀၄ ဇူလိုင်
Tim Berners Lee သည် တိုက်ရည်ခိုက်ရည် ပြည့်ဝသော မြင်းစီးသူရဲကောင်းတို့ကို အင်္ဂလန်နန်းတော်မှ ချီးမြှင့်သည့် ဘွဲ့တစ်ခုဖြစ်သော knighthood (sirဘွဲ့ ) ကို လက်ခံရရှိခဲ့သည်။

၂၀၀၄ နိုဝင်ဘာ
Mozilla အုပ်စု၏ Firefox browser ကို အခမဲ့ ထုတ်ဝေ ဖြန့်ချိခဲ့သည်။

၂၀၀၅ ဖေဖော်ဝါရီ
ဗွီဒီယို ၊ ရုပ်ရှင်ဖိုင်များကို အခမဲ့ ရှယ်ယာလုပ်နိုင်သော ' Youtube ' website ပေါ်ပေါက်လာခဲ့သည်။

၂၀၀၆ ဇန်နဝါရီ
Span နှင့် အခြား အဖျက်အမှေင့်များကို ဖယ်ရှား သုတ်သင်နိုင်သည်ဟု ညွှန်းဆိုသော browser IE7 ၏ beta 2 ကို အများမြင်ကွင်းသို့ ပြသခဲ့သည်။blogger သမားများမှတစ်ဆင့် စတင်ပျဲ့နှံ့ခဲ့သော google web mail သည် Gmail ဟု ထင်ရှားလာကာ လူအများဆုံး စိတ်ဝင်စားခဲ့ကြသည်။

၂၀၀၆ ဒီဇင်ဘာ
Web site အရေအတွက် ၁ ဘီလီယံသို့တိုင် ရောက်လာခဲ့သည်။

၂၀၀၇ ဇန်နဝါရီ
Social networking လောကတွင် နာမည်ကြီးစပြုလာသော facebook ကို ဒေါ်လာ သန်း၅၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်း ခဲ့သော်လည်း ပိုင်ရှင်က ပယ်ချခဲ့သည်။

လှပသော အပြင်အဆင်ဒီဇိုင်းများ ပါဝင်သည့် Windows Vista OS ကို ဥရောပ နှင့် အမေရိကတွင် စတင် ဖြန့်ချိခဲ့သည် ။

Apple မှ iTv နှင့် iPhone ကို စတင်ကြောငြာခဲ့သည်။

၂၀၀၇ ဧပြီ
Gmail for every one ရည်ရွယ်ချက်ဖြင့် Gmail သည် invite အကန့်အသတ်ကို ဖယ်ရှားပေးခဲ့သည်။

၂၀၀၇ နိုဝင်ဘာ ၁၀
Firefox သည် ၃ နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့သည်။

AddThis Social Bookmark Button


ဥာဏ်စမ်း

Friday, April 4, 2008

ကျွန်တော်အခု ရေးမယ့် ဥာဏ်စမ်းလေးကတော့ အတွေးအခေါ် ပညာရှင် အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ် ။ ကျွန်တော့်ကို အီရန်က သူငယ်ချင်း မေးထားတာပါ ။ သူ တွက်တာတော့ ၂၃မိနစ် ကြာတယ်လို့ပြောတယ် ။ ဒါနဲ့  ကျွန်တော်လည်း အဲဒီ ပုစ္ဆာ ပေးပါဦး ဆိုပြီး ယူလာပြီး ...ကျောင်းကနေ အဆောင် ရောက်ရောက်ချင်း ဘာမှ မလုပ်နိုင်သေးဘူး ။ အဲဒီ စာရွက်ထုတ် ၊ပြီးတာနဲ့ စတွက်တော့တာပဲ ၊ အစမှာ ဘယ်လို စထားရမယ် မသိတာနဲ့ ရတဲ့ အချက်လက်တွေကို စာရွက်လေးထဲမှာ ချချ ရေးမှတ်ထားတာ ၊အဲလို လုပ်ရင်းမှ ဘယ်လို တွက်ရမယ်ဆိုတာ အဖြေပေါ်လာတယ်လေ။ ကျွန်တော်ကတော့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာ မှတ်မထားလိုက်ရဘူး ။ ဒါပေမဲ့ မိနစ် ၃၀ တော့ ကျော်မယ်ထင်တယ် ။ ကျွန်တော်လိုပဲ ဥာဏ်စမ်းလေးတွေကို စိတ်ဝင်စားကြမဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါတယ် ။ အရမ်းကို ခေါင်းခဲ ချင်စရာ ၊ စိတ်ဝင်စားစရာ ပုဒ်စာလေးပါ ။
ဒါပေမဲ့နော်...
အဖြေလေး တစ်ခု စဉ်းစားလို့ရတိုင်း ပျော်ရွှင်ရတာလည်း တကယ့်ကို ဘာနဲ့မှ မတူနဲ့ ပျော်စရာလေးပါ။ နောက်ဆုံးအဖြေကိုရပြီဆိုတဲ့အချိန်မှာတော့ပြောစရာမလိုအောင်ကိုပျော်စရာကောင်းတယ်။ကဲ...စကားတွေနိဒါန်းပျိုးနေတာနဲ့စာဖတ်သူစိတ်တိုနေလောက်ပြီ။အော် ...မေ့နေလို့ ။ တစ်ခုတည်းပါ :) ။ တကယ်လို့ အဲဒီ ပုစ္ဆာလေးကို ၂၃မိနစ် အတွင်းမှာ ဖြေနိုင်တယ်ဆို ပြောပေးပါဦး ။ ဘယ်လိုတွေးလိုက်တယ် ဆိုတာလေးပါ အချိန်ရရင် စိတ်ရှည်ရင် ပြောပြပေးပါဦး ။ အောက်မှာ.. အဖြေ နဲ့ အတူ ကျွန်တော့် စဉ်းစားထားတာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ် ။ နည်းလမ်း မကျဘူး ၊မဖြစ်နိုင်ဘူးဆို ပြောပြပေးနိုင်ပါတယ် ။ ပုဒ်စာလေးကို အင်္ဂလိပ်လိုပဲ ရေးပေးလိုက်တယ်နော် ။ မြန်မာ စကားနဲ့ဆို ပိုရှုပ်သွားမယ်ထင်လို့ပါ။

မေးခွန်း

There are 5 houses in a street . In each house live a guy from different nationality . Each of these five guys drinks a different drink , smokes a different cigarette and keep a different animal. Guess with these guidelines , who is keeping fish ?

GUIDELINES
( 1 ) The English man live in Red House.
( 2 ) The Sweden man has a Dog.
( 3 ) The Denish man drink Tea .
( 4 ) The Green House places in left side of the White House.
( 5 ) The guy who live in Green House drink Coffee.
( 6 ) The guy who smoke Pall Mall Cigarette keep birds.
( 7 ) The guy who live in Yellow House smoke Dunhill Cigarette.
( 8 ) The guy who live in middle house drink Milk.
( 9 ) The Norway man live in first house.
(10) The guy who smoke Blends Cigarette live beside of the guy who keep Cat.
(11) The guy who keep Horse live beside the guy who smoke Dunhill Cigarette.
(12) The guy who smokes Blue Master Cigarette drink Beer.
(13) The German man smoke Prince Cigarette.
(14) The Norway man live beside Blue House.
(15) The man who smokes Blend Cigarette live beside the guy who drink Water.


အဖြေ

















































NATIONALITYNorway(2)Denish(17)English(8)German(18)Sweden(20)
HOMEYellow(9)Blue(3)Red(7)Green(5)White(6)
DRINKWater(12)Tea(16)Milk(1)Coffee(4)Beer(15)
CIGARETTEDunhill(10)Blend(13)Pall Mall(22)Prince(19)Blue Master(14)
ANIMALCat(24)Horse(11)Birds(23) ********* Dog(21)





ဇယားကွက် ရှင်းလင်းချက်
( 1 ) Guideline 8 အရ ... အလယ်ဆုံးအိမ်က နွားနို့သောက်တယ်။
( 2 ) Guideline 9 အရ ... ပထမဆုံးအိမ်မှာ Norwayက လူ နေတယ်။
( 3 ) Guideline 14 အရ ... Norway Bluseက လူက Blue House ဘေးမှာနေတာမို့ သူ့ဘေးမှာ Blue House ရသွားတယ်။
( 4,5,6 ) Guideline 4 မှာ ... Green House က White House ရဲ့ ဘယ်မှာ ရှိတယ်ဆိုတယ်နော် ။ ဒါဆို အဲဒီ နှစ်အိမ်က ကပ်ရပ်ဖြစ်ရမယ်ဆိုတော့ Blue House ရဲ့ ဘယ်ဘက်မှာ မဖြစ်နိုင်တော့ဘူးလေ။ ညာဘက်မှာကလည်း သုံးကွက်ဖြစ်နေတော့ ထည့်မရသေးဘူး ။ အဲတော့ Guideline 5... မှာ Green Houseက သူက Coffee သောက်တယ်တဲ့ ၊ အပေါ်က ဖြစ်နိုင်ရမယ့် သုံးကွက်ကို ကြည့်လိုက်တော့ Milk ဆိုတာကို တွေ့သွားပြီ။ အိုကေ...ဒါဆို Coffee သောက်လို့ရမှာက နောက်ဆုံး နှစ်ကွက် ၊အဲဒီမှာ Green House က ဘယ် White Houseကို ညာမှာ ထားလိုက်မယ် က ကျန်နေတဲ့ နှစ်ကွက်ပေါ့။ Green House ကဘယ် ၊ White Houseကို ညာမှာထားလိုက်မယ် ။ တစ်ဆက်တည်း Green House က Coffee သောက်တယ်ဆိုတာလေးပါ ရသွားပြီပေါ့။
( 7,8 ) အိမ်သုံးလုံးကို ရသွားပြီဆိုတော့ ကျန်တဲ့ နှစ်ကွက်က Red House နဲ့ Yellow House . ဘယ်အကွက် က Red လဲ ? Yellow လဲ ?Guideline 1... မှာ English လူမျိုးက Red House မှာဆိုတော့ Norway လူမျိုးမရှိတဲ့ အိမ်က Red House ကြီးပေါ့ ၊ အဲဒီမှာ English ကြီးကို နေခိုင်းလိုက်ဗျာ ။
( 9,10 ) ဒါဆို ကျန်နေတဲ့ အကွက်က Yellow House ပေါ့ ။ Guideline 7 ...မှာ Yellow House မှာ နေတဲ့လူက Dunhill Cigarette သောက်တယ်ဆိုတာ အလိုလို ရသွားပြီနော်။
(11) Guideline 11...မှာ Horse မွေးတဲ့သူက Dunhill Cigaretteသူရဲ့ ဘေးမှာဆိုတော့ ထည့်ပေးလိုက်ပါတယ်။
( 12,13,14,15 ) Guideline12 & 15 ...တို့ကို ပေါင်းစဉ်းစားပါမယ်။ Guideline 12...မှာ Blue Master Cigarette သောက်တဲ့သူက Beer သောက်တယ်ဆိုတော့ Milk , Coffee နဲ့ Dunhill Cigarette တို့မှာ မဟုတ်တော့ဘူး။ ကျန်တဲ့ နှစ်ကွက်ကိုပဲ စဉ်းစားမယ်။ Guideline15... မှာ Blend Cigarette သောက်တဲ့သူဘေးမှာ Water သောက်တဲ့သူရှိရမယ်ဆိုတော့ သူတို့ နှစ်ကွက်ဘေးမှာ Coffee သောက်ထားတဲ့ တစ်ကွက်က ရှိနေပြီးဖြစ်တဲံ အတွက်... ကျန်တစ်ကွက်မှာ Water ဆိုတာသေချာသွားပြီပေါ့ ။ ဖြည့်လိုက်မယ် ။
( 16,17 ) ဒါဆို Guideline 3...ကို အလိုလို ရသွားပြီပေါ့။ အလွတ်တစ်ကွက်ပဲ ကျန်တော့တာမို့ အဲဒီမှာ Tea ကိုဖြည့်ပြီး Denishက လူကြီးကို တိုက်လိုက်ပါ။
( 18,19 )Guideline 13...အရဆို Germanက လူနေလို့ ရတာဆိုလို့ နောက်ဆုံး နှစ်ကွက်ပဲ ရှိတော့တယ်။ အောက်မှာ Blue Master Cigarette က ရှိနေပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ကွက်မှာ Germanက လူကို Prince Cigarette လေး ခဲ ခိုင်းလိုက်ပါ။
( 20 ) Swedenက လူ က နေစရာ မရှိလို့တဲ့ အော်နေပြီ၊ သူ့ကို နောက်ဆုံးအိမ်မှာ ထားပေးလိုက်ပါ ။
( 21 )အမယ်... Guideline 2မှာ သူက နေစရာ အိမ်လေးရသွားတာနဲ့ Dog မွေးမယ်တဲ့။ မွေးခိုင်းလိုက်ပါဗျာ ။
( 22 ) အပိုင်ရထားတဲ့ အကွက်လေး ဖြည့်ရဦးမယ်လေ ။ Pall Mall Cigarette နေရာပေါ့ ။ အိုကေ နေပြီနော် ..?
( 23 ) Pall Mall Cigarette သောက်တဲံသူကို သိရပြီဆိုတော့ Guideline 6... အရ Birds လေးတွေ မွေးလို့ရသွားပြီ ။
( 24 ) Guideline 10 ...ကို ကြည့်လိုက်ပါဦး၊ Blend Cigarete သောက်တဲ့ သူရဲ့ဘေးမှာ Cat မွေးတယ်ဆိုတော့ ၊ ဘယ်မှာ မွေးမလား ? ညာမှာ မွေးမလား ? ညာမှာက Birdsတွေ မွေးထားတော့ ဘယ်မှာ မွေးလိုက်မယ်ပေါ့ဗျာ ။
( 25 ) ဟော.................. LUCKY FISH လေး တွေ့ပါပြီ ။ German က လူကြီးရဲ့ Green House လေးထဲမှာကိုး..............။

မနိုင်းနိုင်းစနေ

ရဲ့ ဘလော့လေးကို ဝင်ဖတ်မိမှ အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာလေးဆိုတာ သိရတယ်။ ကျေးဇူးပါ မနိုင်းရေ...။


AddThis Social Bookmark Button


လေလွင့်သူတစ်ယောက်၏ လွမ်းဆွတ်မှု

Thursday, April 3, 2008

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက်၊ တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ်
အသက်ကြီးလာသလို အကြားအမြင်။ ဗဟုသုတတွေလည်း တိုးလာခဲ့သည်၊
ကမ္ဘာ့ရွာ တဖြည်းဖြည်းကျဉ်းလာသည်၊ မွေးရပ်မြေကအမေ တစ်နေ့ထက်တစ်နေ့
အိုစာသွားခဲ့သည်၊

လွန်ခဲ့သောနှစ်(၂၀)က မွေးရပ်မြေရထားဘူတာမှအစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်၊ နှစ်ပေါင်း(၂၀)အတွင်း ပီကင်းမှရှန်ဟိုင်း။
ကွမ်တုန်မှဟောင်ကောင်။ နယူးယောက်ခ်မှဝါရှင်တန်။ တောင်အမေရိကားမှ တောင်
အာဖရိကအထိ။ ထိုမှတစ်ဆင့် လန်ဒန်မှဆစ်ဒနီသို့ အလုပ်လုပ်ရင်း၊ လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသောနိုင်ငံများ(၂၀)ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း
စိတ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်ပြောင်းလဲနိုင်ခဲ့ဖူးသည်။
သို့သော် စိတ်ထဲတွင် အမေ့ကိုလွမ်းဆွတ်မှုက ဘယ်တော့မှမပြောင်းလဲနိုင်ခဲ့၊
ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။
ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့
ကျွန်တော့်အတွက် အင်အားပိုဖြစ်စေခဲ့သည်။ အမေ့အသံမှာ တစ်နှစ်ထက်တစ်နှစ်
ပိုမိုအိုစာသွားခဲ့သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကိုဂရုစိုက်ဖို့၊ အမေ့ကို
စိတ်မပူဖို့၊ နေရာတကာသတိဖြင့်သွားလာဖို့၊ ခွင့်ယူပြီးပြန်မလာဖို့၊ ပြန်လာရင်
ငွေကုန်ကြေးကျများပြီး အလုပ်အကိုင်ပျက်မည်ဖြစ်ကြောင်း ထပ်တလဲလဲပြောသည်။
ကျွန်တော် စိတ်မကောင်းဖြစ်မိသည်၊ အမေ ကျွန်တော့်ကိုလွမ်းနေပြီ၊ တွေ့ချင်နေပြီ
ဆိုတာ ကျွန်တော်သိလိုက်ပါသည်။

အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ။ စိတ်ထဲက
အစီအစဉ်တွေကိုဖျက်ပြီး၊ အမေ့ဆီတစ်လပြန်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ထိုတစ်လအတွင်း ဘာမှမလုပ်၊ ဘာမှမတွေးဘဲ အမေ့အနားတွင်နေမည်။ ကျွန်တော်
ပြန်လာခဲ့မည့်အကြောင်း အမေ့ကိုဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင်
အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သောအစား
အစာများကိုမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေပြင်ဆင်ရင်း အမေအလုပ်
တွေရှုပ်နေခဲ့သည်ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေ
ပြီဖြစ်သော အမေ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ၊ ကျွန်တော်ပြန်လာဖို့
အတွက်ပြင်ဆင်ရင်း မောဖို၏မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။

အမေနှင့်တွေ့သည့်အခါ အမေ့ကိုပြေးပြီးဖက်လိုက်မည်ဟူသောစိတ်ကူးနှင့်
လေယာဉ်ပေါ်တွင် ကြည်နူးနေမိသည်။ တကယ်တမ်း အမေနှင့်တွေ့သောအခါတွင်
ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသောအမေသည် သစ်ခြောက်ပင်
အိုနှင့် တူနေသည်၊၊ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်
ပုံရိပ်နှင့်မတူတော့။ အမေ တော်တော်အိုစာသွားခဲ့ပါလား။

အိမ်ပြန်ရောက်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သောဟင်းများကို အမေ စတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့
ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်းဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကိုခြုံအိပ်ရတဲ့အကျင့် ကျွန်တော့်မှာမရှိတော့။ ဂွမ်းစောင်အစား သိုးမွေးစောင်နုနုလေးပဲသုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။ အိမ်ပြန်ရောက်စနှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့၊ ပြောဖြစ်ပြန်တော့လည်းလူ့ဖြစ်အင်များ၊လူ့ဘ၀အကြောင်းများကိုထပ်တလဲလဲပြောနေ
တော့သည်။ထိုအကြောင်းများသည်လွန်ခဲ့သော(၁၀)နှစ်ခန့်ကအမေအပ်ကြောင်းထပ
်အောင်ပြောခဲ့သော စကားများဖြစ်သည်။

ထိုအကြောင်းအရာဖြင့် ကျွန်တော့် ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့
သည်။ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်လာပြီး ထိုအကြောင်းအရာများသည်
ခေတ်နောက်ကျနေပြီဖြစ်ကြောင်းပြောမိလျှင် အမေသည် တွေတွေလေးဖြင့်၊
တစ်နေရာရာကိုငေးကြည့်နေတတ်သည်။ မျက်စိတွေမှုန်ဝါးလာပြီဖြစ်သောကြောင့်
အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကိုဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိ
လာသည်။ အမေချက်သောဟင်းထဲတွင် တစ်ခါတစ်ရံပိုးကောင်များ၊ ယင်ကောင်
များ ပါလာတတ်သလို၊ ထမင်းဟင်းများကြမ်းပြင်ပေါ်သို့ကျရင်လည်း ပြန်ကောက်
ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့်မတူတော့။ အိမ်တွင်မချက်
စားဘဲ ဆိုင်မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊
ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းပြောသည်။ ထမင်းချက်အဖော်တစ်ယောက်
ရှာထားခဲ့မည်ဟုပြောပြန်ရင်လည်း အမေသည် ‘ငါလှုပ်ရှားနိုင်သေးတယ်၊ ငါမအို
သေး’ ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားရင် အမေလည်း
လိုက်ချင်သည်။ နောက်ဆုံးတွင် အမေ့ခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။

အကြောင်းအရာတစ်ခုခုဆွေးနွေးမိပြန်ရင်လည်း ကျွန်တော့်အယူအဆများ
သည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာ
ရာတိုင်းသည် ခေတ်နှင့်အညီတိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော်အားမနာ
စွာ အမေ့ကိုပြောဖြစ်ခဲ့သည်။ နောက်ပိုင်း အမေနှင့်ပြောဖြစ်သောစကားတိုင်းတွင်
ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး၊ စကားလမ်းကြောင်းလွှဲခြင်းများကို
လုပ်လာမိသည်။ ကျွန်တော်စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်
ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများပြုလုပ်မိသောအခါ အမေသည် ပြောလက်စ
စကားကိုရပ်ပြီး၊ တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့ှ်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ခုတင်အောက်မှာ
သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများသိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို
ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပ
ရောက်စဉ် ကျွန်တော်ရောက်ခဲ့ဖူးသမျှနိုင်ငံများတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများ
ပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက်ညှပ်ပြီး အမေသိမ်း
ထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွား
စေလိုသည်။

မျက်မှန်ထူကိုတပ်ပြီး စာဖတ်တိုင်းအားစိုက်ရတဲ့အမေ၊ သတင်းစာတစ်မျက်နှာ
ချင်းကိုကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှခက်ခက်ခဲခဲညှပ်ခဲ့သည်ဆိုတာကို
ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်
ယူမသွားချင်ပေ။ ကျွန်တော်တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်း
လေးတစ်ခု လွင့်ကျသွားသည်။ ကျွန်တော့်ထက်ဦးအောင် အမေကကောက်ယူလိုက်
ပြီး၊ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ဘာဖြတ်ပိုင်းလေးလဲမေမေ ကျွန်တော့်
ကိုပြပါလား။ အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ထွက်သွား
သည်၊ ကျွန်တော်ချက်ချင်းဖတ်ကြည့်လိုက်မိသည်၊ ငါအိုသွားသောအခါဟု
ခေါင်းစဉ်တပ်ထားသော ဆောင်းပါးလေးတစ်ပုဒ်ဖြစ်သည်၊ ဆောင်းပါးလေးမှာ

‘ငါအိုသွားတဲ့အခါ’

ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်း၊ ဟင်းတွေ
အင်္ကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ ငါ့ကိုမရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။ အပ်
ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်
တစ်ညပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ၊
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက
ချော့တစ်လှည့်ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့။
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို
သတိရပေးပါ။ စိတ်သွားတိုင်းကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက
တစ်လှမ်းချင်း လမ်းလျှောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီးသတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့၊ နောက်မညီဘဲ အကြောင်းအရာတွေကို
ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက
ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေငါပြောသမျှကို နားထောင်ပေးရင်
ကျေနပ်ပါပြီ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့။ နားလည်
ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို
အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့
အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့
မေတ္တာတွေ တွေ့ရမှာပါ။


ကျွန်တော် မျက်ရည်မကျအောင်ထိန်းထားရင်း မနားတမ်းဆုံးအောင်ဖတ်လိုက်မိသည်၊ ကျွန်တော့်သေတ္တာထဲက အကောင်းဆုံးအ၀တ်တစ်စုံကိုထားခဲ့ပြီး၊ ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများကကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသောဖြတ်ပိုင်းလေး
မှာ ကျွန်တော်ဘယ်နေရာရောက်ရောက် ကျွန်တော့်အပါးက အမြဲမခွာတော့။ယခုထက်ထိ ထိုမှန်ပေါင်သွင်းထားသောဖြတ်ပိုင်းလေးမှာကျွန်တော့်စာကြည့်စားပွပေါ်တွင် ရှိနေသည်။ ကျွန်တော်နဲ့ဘ၀တူ အမိမြေကိုခွဲပြီး အမေနဲ့ဝေးနေသူများအတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်၊ အမြဲဖုန်းမဆက်နိုင်သော်လည်းအခါကြီး၊ ရက်ကြီးများတွင် အမေ့ထံဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သောဟင်းများကို စားချင်ကြောင်း . . . ။


နိုင်းနိုင်းစနေ

AddThis Social Bookmark Button


ပိုလာဝက်ဝံရဲ့  ပုံပြင်

မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့  ပုံပြင်တစ်ပုဒ်ကို ကြားဘူးပါသလား... ?

အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမဲ့ အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာမလိုဘဲ အဲဒီဝက်ဝံတွေကိုဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့ သွေးကို ပုန်းတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင် ပစ်ထားလိုက်ရုံပါပဲ။

ပိုလာဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲ ရောက်စေခဲ့တယ်။ အနံ့ ခံကောင်းတဲ့သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင် ရနိုင်ပါတယ်။ အက်စကီးမိုးတို့ ပစ်ထားတဲ့ သွေးခဲကို ခြေရာခံပြီး တွေ့တာနဲ့ လျှာနဲ့အငမ်းမရ စတင်လျက်ပါတော့တယ်။ လျက်ရင်း လျက်ရင်း လျှာခဲသွားလည်း အစာကောင်းကို လက်မလွတ်ချင်တာနဲ့ ဆက်လျက်ပါတယ်။ အဲဒီနောက် ခဲနေတဲ့သွေးက ပိုချိုလာတယ်။ ပိုလတ်ဆတ်လာတယ်။ ပိုပူနွေးလာတယ်ဆိုတာကို သတိမထားမိတော့တဲ့အထိပါပဲ။

လျက်လေ အရသာရှိလေ ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့ သွေးကို သူတို့ သောက်နေမိမှန်းတောင်မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာ စိုက်ထားတဲ့ ဓားက လျက်နေတဲ့ သူတို့လျှာကို လှီးဖြတ်နေခဲ့လို့ပဲ။ အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာက နာကျင်တာကို မခံစားမိတော့ဘူး။ အနံ့ခံကောင်းနှာခေါင်းက လတ်ဆတ်တဲ့သွေးနံ့ရလေ လျက်နှုန်းကမြန်လေလေ နောက်တော့ ကိုယ်သွေးကို ကိုယ်ပြန်သောက်နေမိတော့တယ်။ နောက်ဆုံးတော့ သွေးထွက်လွန်ပြီး မူးလဲသွားပါတယ်။ အဲဒီအချိန်မှာ အက်စကီးမိုးတွေက သူတို့ကို ဘာအင်အားမှ မသုံးပဲ ဖမ်းလိုက်ယုံပါပဲ။

ဘဝရဲ့  ပျော်ရွှင်မှုတွေကို ရှာဖွေနေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ကျွန်တော်တို့  ဟာလည်း ပိုလာဝက်ဝံနဲ့တူသွားနိုင်ပါတယ်။ တစ်ချို့ လူတွေက အလုပ်ချိန်များများလုပ်လေ ပိုအောင်မြင်လေလေ ဝင်ငွေများများရလေလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တစ်ချို့ က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်းမသိကြဘူး။

ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တစ်ချို့ အရာတွေကို သူတို့ဆုံးရှုံးကြရတယ်။ လူ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်တဲ့ မိသားစုနဲ့အတူနေတဲ့ အချိန်တွေ၊ နွေးထွေးတဲ့ မိဘမေတ္တာငတ်နေတဲ့ သားသမီးတွေ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ လူတစ်ဖက်သားကို ကူညီဖို့အရေးဆိုတာတောင် သူတို့မေ့နေခဲ့ကြတယ်။

အမေရိကားရဲ့  အပတ်စဉ် ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွားရေး ပညာရှင် ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဘူးတယ်။ မေးခွန်းက " တကယ်လို့ ဘဝကို အသစ်ကပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွှတ်ချင်ဆုံး အရာက ဘာလဲ " တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့ အဖြေကိုပေးခဲ့ပါတယ်။ အဖြေက " တကယ်လို့ ဘဝကို အသစ်က ပြန်စရရင် သားသမီးတွေနဲ့ အတူနေတဲ့ အချိန်ကို လက်မလွှတ်ချင်ဆုံးပါ " လို့ ပြန်ဖြေခဲ့ကြတယ်။

တစ်ချို့ လူတွေက ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ် ။ ဒါပေမဲ့ မဆုံးဖြတ်ခင် သေချာမစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တရတတ်ကြစမြဲပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့...ရှာလေလေ ရလေလေ လိုချင်လေလေ နောက်ဆုံးတော့ လုံလောက်ပြီလို့ မထင်ပဲ ငွေနောက်ကိုပဲ ကောက်ကောက် ပါအောင် လိုက်ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ်သွေး ကိုယ်သောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...?????

တင်းတိမ် ရောင့်ရဲနိုင်တဲ့လူက ဘယ်တော့မှ မဆင်းရဲဘူး ။ မတင်းတိမ်နိုင်တဲ့လူက အမြဲဆင်းရဲနေတယ်။

သင်ရော ဘယ်လိုလူ ဖြစ်နေပြီလဲ? ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ပါဦး ။

AddThis Social Bookmark Button


သေချာကြည့်နော်.



အခု ဗွီဒီယိုလေးကိုmetacfe ကနေ ယူထားတာပါ။ စိတ်ဝင်စားဖို့ကောင်းလို့ ဝေမျှပေးလိုက်ပါတယ်။ ပုံတစ်ခုချင်းစီကို ရပ်၊ရပ်ပြီးကြည့်ပါ။ဘာတွေပါသလဲလို့။သဘောကျမယ်လို့ ထင်ပါတယ်။

AddThis Social Bookmark Button


Ring Toneလေးများ

မိမိတို့ရဲ့ ဖုန်းလေးထဲမှာ မြန်မာသံ စစ်စစ် Ring Tone လေးတွေထည့်ချင်တယ်ဆိုရင် ဟောဒီက
Ring Tone 1

Ring Tone 2

Ring Tone 3
လင့်လေးတွေမှာ ဒေါင်းလုပ်ချပြီးယူလိုက်ပါ ။

အဲဒါမှ မကျေနပ်သေးဘူး၊ အင်္ဂလိပ် သံစဉ်လေးတွေကိုပဲ ထည့်ချင်ပါတယ်ဆိုရင်တော့ ဟော... ဒီမှာ စိတ်တိုင်းကျ သွားရှာပြီး အသုံးပြုနိုင်ပါတယ် ။

AddThis Social Bookmark Button


အတိကျဆုံး ဂစ်တာကြိုးညှိမယ်


ဂစ်တာကို အခုမှ စတင်တီးခတ်ပြီး ဂစ်တာကြိုးမညှိတတ်သေးတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အခု software လေးက အရမ်းကို အသုံးဝင်မှာပါ။ ဒီမှာ Software ယူလိုက်ပါ ။ 2.96MB ပဲရှိပါတယ်။ software လေးက run စရာမလိုပါဘူး။ဖွင့်ပြီးတစ်ခါတည်း သုံးယုံပါပဲ။ software ကိုမသုံးခင်မှာ ကွန်ပျူတာ မှာ earphone တပ်ထားလိုက်ပါ။ဒါမှဂစ်တာရဲ့အသံက computer ထဲကို ဝင်နိုင်မှာ ဖြစ်ပါတယ်။

အဲလို တပ်ဆင်ပြီးသွားပြီဆိုရင် software လေးကို double click ပေးပြီး ဖွင့်လိုက်ပါ ။ ပုံမှန်တီးခတ်မဲ့ သူတွေအတွက် present နေရာလေးမှာ standard (default ) ကိုပေးလိုက်ပါ ။ ( အခြားတီးခတ်နည်းတွေနဲ့ တီးခတ်မယ်ဆိုရင်တော့ present မှာ မိမိတီးခတ်မဲ့ အမျိုးအစားအလိုက် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ) ။

အစိမ်းရောင်နဲ့ တိုင်းတာပေးတာက အသံရဲ့ အနိမ့်အမြင့်လေးပါ။ သူ့ဘေးက ဒိုင်ခွက်လေးထဲက အပြာရောင် လက်တံလေးက မိမိကြိုးရဲ့ အနေအထားကို ပြတာပါ ။ အခုဆို ကျွန်တော်တို့ ဂစ်တာကြိုးလေးကိုစတင်ပြီး ကြိုးညှိလို့ရပါပြီ ။ earphone ကို ဂစ်တာနားမှာ ထားပြီး တီးရမယ်ဆိုတာတော့ သိမှာပေါ့နော်။ ဟုတ်ကဲ့ အဲလို ကြိုးညှိပါ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဂစ်တာကြိုးညှိနေတဲ့ အချိန်မှာ ဘေးက အသံတွေ မဝင်ပါစေနဲ့၊ မဟုတ်ရင် ဂစ်တာရဲ့  အသံမှန်အတိုင်း ကွန်ပျူတာထဲကို ဝင်မှာမဟုတ်ဘူးလေ။ဂစ်တာုကိုးလေးတွေကို (အလွတ်) တစ်ချောင်းချင်းတီးခတ်ကြည့်ပါ ။

ကြိုးလျော့နေတယ်ဆိုရင် (-25 ) ( -50 ) ဆိုပြီးအနှုတ်ဖက်ကိုပြပါလိမ့်မယ် ။ ကြိုးက တင်းနေတယ်ဆိုရင်တော့ ( +25 ) ( +50) ဆိုပြီး အပေါင်းဖက်ကို ပြပါလိမ့်မယ်။အလယ်က ( 0 ) မှတ်က ကြိုးရဲ့ အသံမှန်ကို ပြတာပါ ။ အဲတော့ ကျွန်တော်တို့က ကြိုးလေးတွေကို တစ်ချောင်းချင်းတီးလိုက် ( 0 ) နဲ့ညှိပေးလိုက်လုပ်ပေးရုံပါပဲ ။ ( 0 ) ပေါ်ကို ကွက်တိရမဲ့ ဂစ်တာတွေရှိသလို ၊ ကွက်တိမရတဲ့ ဂစ်တာတွေလည်းရှိမှာပါ။ ဒါပေမဲ့ ( 0 )နဲ့ အနီးကပ်ဆုံးတော့ ညှိနိုင်မှာပါ ။

အလယ်က ဒိုင်ခွက်လေးရဲ့ လက်တံလေး အလုပ်မလုပ်ဘူးဆိုရင်တော့......AP Guiter Tuner ထဲက Options ကိုသွားပါ ။ Devices မှာ Reltek HD Audio Input ဆိုပြီး ပြောင်းလဲပေးလိုက်မယ်ဆိုရင် "OK" သွားပါပြီ။

အဲဒါမှ မရသေးဘူးဆိုရင်( ရှားရှားပါးပါး) ... Master Volume က Options>>>> properties >>>> Mixer device မှာ Realtek HD Audio Input ကို ပေး>>>>OK>>>>Recording Control က Advanced ကိုနှိပ်လိုက်ရင် Advanced Control for Mic Volume ဆိုတဲ့ box လေး ရလာပါမယ် ။ အဲဒီ box လေးက 1 Microphone Boost လေးကို အမှန်ခြစ်လေးပေးလိုက်ပါ ။ အားလုံး အစဉ်ပြေသွားပါလိမ့်မည် ။


စာကြွင်း ။ software ကို zipfile (add to archive ) နဲ့တင်ထားပါတယ် ။

AddThis Social Bookmark Button


ဘလော့လေးတွေလုပ်ကြမယ်

အခုမှ ကျွန်တော်တို့လို ဘလော့စလုပ်တဲ့ သူတွေအတွက် ၊ ဘလော့လုပ်ချင်တဲ့ သူတွေအတွက်... အခုတင်ပေးထားတဲ့ ဘလော့တစ်ခုကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ (ကိုစေတန်ဂေါ ) ရဲ့  ဖိုင်လေးက အရမ်းအသုံးဝင်မှာပါ ။

ဒီမှာ ယူပြီးတော့ လေ့လာနိုင်ပါတယ် ။ ဒါ့အပြင် ဘလော့ helpdesk ကိုလည်း ဝင်ရောက်ဖတ်ရှုလိုက်မယ်ဆိုရင် လန်ထွက်နေတဲ့ ဘလော့လေးတစ်ခုတော့ ပိုင်ဆိုင်နိုင်မှာပါ ။အားလုံး ဘလော့လေးတွေလုပ်ပြီး ပျော်ရွှင်နိုင်ကြပါစေ ။

AddThis Social Bookmark Button


Choice

There is a old tree that dying,and then rain came sunddenly so it grew leaves.Then autumn came and wind blew the leaves away.

There are 5 chracters, you must choose 1 only , It is rain,tree,leaves,wind and autumn.

wind = You are now with safe person,who will really love and care for you.

Tree = You are very loyal to your partner and if you break up it won't be easy for you to forget.

Leaves = You are a playboy / playgirl.

Rain = You are 3rd person in a love triangle.

Autumn = You can love 2person at the same time.




AddThis Social Bookmark Button


ရယ်(ရီ)သောသူ အသက်ရှည်၏

( ၁ ) တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး "

( ၂ ) တစ်ခါကရွာတရွာမှာ ကျောင်းထိုင် ဘုန်းကြီးတပါးက သူ့သွားတွေကို ဖြူဖွေးနေအောင် မနက်တိုင်း တိုက်လေ့ရှိသတဲ့။တနေ့တော့ မိန်းမကြီးတဦးက စိန်လက်စွပ်အကြီးကြီး ဝတ်ပြီး လက်ကို ခါယမ်းပြီး " ဒီနေ့ ဘာနေ့ - ဘာနေ့ပါလဲ ဘုရား " လို့ ဘုန်းကြီးကို မေးတော့ ဘုန်းကြီးစိတ်ထဲမှာ " အင်း ...ဒီ ဒကာမကြီးတော့ ငါ့ကို သူ့စိန်လက်စွပ်ကြွားနေပြီ ။ ငါလဲ ဘာပြန်ကြွားရမလဲ " လို့ စဉ်းစားပြီး ဖြေလိုက်ပုံက"ဗုဒ္ဒဟီး....ဒကာမကြီး ...." လို့ သွားကိုဖြဲပြီးဖြေလိုက်သတဲ့ ။

( ၃ ) တစ်ခါက ရွာတရွာမှာ မောင်လှဆိုတဲ့ လူရွယ်တဦးရှိသတဲ့ ။ မောင်လှ အရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေးချင်ပေမဲ့ မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယုမဲံ မိန်းမ မရှိဘူးတဲ့ ။ တနေ့တော့ မိတ်ဆွေဟောင်းဆီက တဆင့် တခြားရွာတရွာက သမီးပျိုကို မိဘချင်း စကားကမ်းလှမ်းကြသတဲ့ ။ မောင်လှ မိဘများက သူတို့သားအောက်နှုတ်ခမ်းမရှိတာကို ဖုံးကွယ်ချင်တော့ မင်္ဂလာ အခမ်းအနားကို ညဖက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့ အဆိုပြုတယ် ။ သတိုသမီးရှင်ဖက်ကလဲ ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သာ ရွေးပြီး တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့ ။ မင်္ဂလာဦး ထမင်းစားဝိုက်းမှာ မောင်လှက ဟင်ချိုပူကြောင်းကို " ဟင်းချိုကလဲ ဝူလိုက်တာ " လို့ပြောတော့ သတိုသမီး ပြန်ပြောလိုကိပုံက " ဝူရင် ဝုတ်တောက်ပေါ့ " တဲ့ ။

( ၄ ) ခွေးကို နောက်ခြေနှစ်ချောင်းနှင့် ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည့်၍ ယောကျာ်းဖြစ်သူက သဘောမကျသော လေသံဖြင် ပြောသည်။ " ဟေ့ ကြိုးစားပြီး သင်ပေးမနေနဲ့ ၊ ဒီကောင်က ခေါင်းမာတဲ့အကောင် ၊ လိုက်လုပ်မှာ မဟုတ်ဘူး ။ " " ရှင် ဘာမှ ဝင်မစွက်နဲ့ ၊ ရှင်လဲ အစတုန်းက ကျွန်မ စကားကို ဘယ်မှာ နားထောင်လို့လဲ "

( ၅ ) မောင်မြသည် ကပ်ရပ်ခြံမှ ကိုဘလှကို လှမ်းအော်ပြောလိုက်သည်။ " ဟေ့ ကိုဘ ၊ ခင်ဗျား ခွေးက ကျုပ်မွေးထားတဲ့ ကြက်ဖကို ကိုက်စားလိုက်ပါပကောဗျာ " " ခင်ဗျား သတင်းပေးတဲ့အတွက် ကျေးဇူးပဲ ၊ ဒီကောင့်ကို ညနေစာ ကျွေစရာ မလိုတော့ဘူး ။ "

( ၆ ) ညဥ့်အချိန်တွင် သင်္ချိုင်းဘေးမှ အမျိုးသမီးငယ် တစ်ဦး ဖြတ်လျှောက်သွားသည်။ ၎င်း၏ နောကမှ လူရိပ်တစ်ခု လိုက်လာပြီး သူမကို မှီလာသည်။ "ကြောက်သလား" ဘေးက အမည်မသိ လူက မေးလိုက်သည်။"ကြောက်တာပေါ့ရှင်" "အင်း ကျွန်တော်လည်း အသက်ရှင်တုန်းက ကြောက်ခဲ့တာပဲ"

( ရ ) အမည်မသိ လူတစ်ဦး ဆရာဝန်ထံ ဖုန်းဆက်သည်။ "ဒေါက်တာ လုပ်ပါဦး ၊ ကျွန်တော့် သားငယ်လေး ဖောင်တိန်ကို မြိုချလိုက်တယ်ဗျ" "အမြန်ဆုံး လာခဲ့မယ်၊ဒါနဲ့ အခု ခင်ဗျား ဘာလုပ်နေလဲ" "ခဲတံနဲ့ရေးနေတယ်"

( ဂ ) "ဒေါက်တာ ကျွန်တော်ချောင်းခဏခဏဆိုးနေတယ်ခင်ဗျာ" "အန်ကယ့်အသက် ဘယ်လောက်ရှိပြီလဲ" "၇၅နှစ်ပါ" "အသက်၂၀- အရွယ်တုန်းက ချောင်းဆိုးဖူးသလား" "ဟင့်အင်း" "အသက်၄၀-အရွယ်တုန်းကရော" "မဆိုးခဲ့ပါဘူး""ရှင်းနေတာပဲ အန်ကယ်ရယ်၊ဒီအရွယ်မှာ မှ ချောင်းမဆိုးရင် ဘယ်အချိန်မှာ သွားဆိုးမှာလဲ"

( ၉ ) "မေမေ၊ နတ်မိမယ်ဆိုတာ ဘာလဲဟင်" "နတ်မိမယ် ဆိုတာ လူနဲ့ တူတဲ့ အမျိုးပေါ။ ဒါပေမယ့် သူက ကောင်းကင်ထဲ ပျံတတ်တယ်ကွဲ့" "မမှန်ဘူး" "ဘာဖြစ်လို့လဲ" "မနေ့က ဘေးအိမ်ခန်းက အန်တီကို ဖေဖေက တင်ပါးဆုံကို လက်နဲ့ပုတ်ပြီး မင်းဟာ နတ်မိမယ်ပဲလို့ပြောတယ်။ ဒါပေမဲ့ သူက မပျံတတ်ဘူးဗျ။"

( ၁၀ ) "ကျွန်မ ဆရာပေးတဲ့ ပိန်းဆေးကို သောက်နေတာ ၂-လ ရှိပြီ၊ ပိန်းလည်းမပိန်ပါလားရှင်" "တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ် သောက်တာလဲ" "ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်ရမယ်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

( ၁၁ ) ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ဝန်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်းပြောသည်။ "လာမယ့်ရက် အနည်းငယ်အတွင်းမှာ ကျွန်တောတို့ရဲ ကုမ္မဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာ ဖြစ်တယ်၊ဒါကြောင့် ဘယ်လို ကျင်းပရင် ကောင်းမလဲဆိုတာ နဲ့ ပတ်သက်ပြီး အကြံဉာဏ်များပေးကြပါ" မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ဝန်းထမ်းတစ်ဦး နေရာမှ ထရပ်သည်။ "ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်" "ပြောပါ" "အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ခါပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီအကြောင်းကို ပြောကြမှာသေချာတယ်၊အဲ ဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ"

( ၁၂ ) လူရွယ်တစ်ဦး ဆေးဆိုင်သို့ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ်ပြန်ပြောသည်။"ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ကာကွယ်ရေး ဝန်ကြီးဌာန မဟုတ်ဘူး"

( ၁၃ ) စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမာ်းက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ကို ထမ်းတ်ငသည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတ်စခု ပြောရန်ကြိုးစားသည်။ အလုပ်သမားက နားမထောင်ပဲ ပြန်ပြောသည်။"အပေါ်ရောက်မှ ပြောဗျာ"အပေါ်ဆံုးထပ်သို့ရောက်သည်။ "ကိုင်း.ဘားပြောချင်လို့လဲ၊ ပြော" "ကျွန်တော်တို့ ဝင်ပေါက်မှား...မှား ဝင်မိတယ်ဗျ" အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သောလှေခါးအတိုင်း ထမ်းပြီးပြန်ဆင်းသည် ၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည် ၊ အောက်သို့ရောက်လာသည်။ "ဒီတစ်ခါ ဘာပြောဦးမလို့လဲ" "ကျွန်တော် ကျီ. . . ကျီ စားတာပါ ခင်ဗျ"

( ၁၄ ) ချာတိတ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကျမခံ စကားနိုင်ထိုးနေကြသည်။ "ငါ့အဖေက မင်းအဖေထက်သာတယ်ကွ" "မဟုတ်ဘူး၊ ငါ့အဖေက သာတယ်" "ငါ့အစ်ကိုက မင်းအစ်ကိုထက်သာတယ်ကွ" "မသာဘူး၊ငါ့အစ်ကိုက သာတယ်" "ငါ့အမေက မင်းအမေ ထက်သာတယ်ကွ" "အေး...အဲဒါတော့ မင်းမှန်တယ်၊ငါ့ အဖေကလည်းပြောတယ်"

( ၁၅ ) "မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်ကအန်တီလေးကို ဖက်နမ်းတယ်ဗျ သိလား" "နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ" "ဒါဆို သားတို့ ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်"

( ၁၆ ) ဆရာဝန် ။ ။ "အင်း...ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ"
လူနာ ။ ။ "သေချာရဲ့လားဆရာရယ်၊ ဟိုတလောက ကျွန်တော့ သူငယ်ချင်း တစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီ လူနာသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ"
ဆရာဝန် ။ ။ "အင်း...ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်ကပိုပြီးသေချာတဲ့လူပါ၊ ကျုပ်ကသာ နမိးနီးယားလိုံဆုံးဖြတ်ထားရင် အဲဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့စိတ်ချ ကိုယ့်လူ"

( ၁၇ ) စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ ဝင်လာပြီး တန်းဖိုးကြီး နားကပ်များ၊ လက်ကောက်များ ကို အငမ်းမရကြည့်သည်။ လူငယ်သည် မိမိ၏ အိတ်ထောင်ကို အလောတကြီး နှိုက်သည်။ ရှိသမျှ အိတ်များကို နှိုက်သော်လည်း ရျာသည့်ပစ္စည်းကိုမတွေ့ချေ။ ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ကိုပြောသည်။ "ကိစ္စမရှိပါဘူး၊ ကျွန်မတို့ နောက်တစ်ခေါက်လာခဲ့မယ်၊ ကျွန်မရဲ့ အမျိုးသားက ခြောက်လုံးပြူးထည့်ယူလာဖို့ မေ့သွားတယ်"

( ၁၈ ) "ခင်ဗျားမိန်းမကို လူတစ်ယောက် နမ်းဖို့ကြိုးစားနေတာ ခုနကပဲ ကျွန်တော် တွေ့ခဲ့တယ်ဗျ" "ဟုတ်လား၊ သူကြိုးစားတာ အောင်မြင်သွားလား" "ဟင့်အင်း" "အဲဒါဆို ကျွန်တော့် မိန်းမ မဖြစ်နိုင်ဘူး"

( ၁၉ ) "မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေတာ တစ်နာရီ မကတော့ဘူး၊ ခုထက်ထိ မင်းဆီက စကားတစ်ခွန်းမှ တုန့်ပြန်မပြောသေးဘူး၊ ကဲ ဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ်၊ နောက်ဆုံး ခင်မင်မှု အထိမ်းအမှတ်နဲ့ စကားလေးတစ်ခွန်းလောက်တော့ပြောစမ်းပါ" "ရှင် ထိုင်နေတဲံ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်"

( ၂၀ ) နာတာရှည်ရောဂါဝေဒနာနဲ့ မသက်မသာခံစားနေရတဲ့ လင်ယောက်ျားကို မယားဖြစ်သူအားပေးနေပါတယ်။ "မောင်...အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ မကြာခင်မှာ ပျောက်သွားမှာပါ" "ရောဂါက မသက်သာဘူး မိန်းမရယ်" "ဒါဆို ကျွန်မ ဘာလုပ်ပေးရမလဲဟင်" "စောစောက မီးဖိုချောင်က ကြက်သားနံ့ရတယ်ကွာ၊ အဲဒါ နည်းနည်းလောက် စားချင်လို့" "အို..အဲဒါ ဟိုလူဖို့တော့်"


AddThis Social Bookmark Button


2008ရောက်တာဘယ်လို သိနိုင်မလဲ?

၁ ။ သင်ဟာ မိုက်ခရိုဝေ့မီးဖိုမှာ ယောင်ပြီး passwardရိုက်ထည့်မိနေမယ်။
၂ ။ ဖဲကို တကယ့်ဖဲချပ်နဲ့မဆော့တာ နှစ်ပေါင်းအတော်ကြာသွားပြီ။
၃ ။ မိသားစု သုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပတ်၁၅ခုရှိနေမယ်။
၎ ။ ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့သူကို ပြောစရာရှိရင် အီးမေးလ်ပို့တယ်။
၅ ။ သူငယ်ချင်းတစ်ချို့  အမျိုးတစ်ချို့ နဲ့အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာအီးမေးလ်
လိပ်စာမရှိလို့။
၆ ။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ဝယ်လာတဲ့ပစ္စည်းတွေ လာကူသယ်ပေးဖို့
မိုဘိုင်းဖုန်းနဲ့လှမ်းခေါ်မယ်။
၇ ။တီဗီမှာ လာသမျှကြော်ငြာတွေအောက်မှာ ဝက်ဘ်ဆိုက်လိပ်စာတွေပါနေတယ်။
၈ ။သင့်ဘဝရဲ့  ပထမ ၁၀နှစ် (သို့ ) ၂၀နှစ်လောက်မှာ သင်နဲ့အတူတူမရှိခဲ့တဲ့ hand phone
အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာ ထိတ်လန့သွားပြီး နောက်ပြန်လှည့်ပြီး
အမြန်ပြန်ယူတော့တယ်။
၁၀ ။ အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ်တက်တယ်။
၁၁ ။ တဖက်လှည့်ပြီးစပြုံးတော့မယ်။
၁၂ ။ ဒါကိုဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။
၁၃ ။ ပိုဆိုးတာက သင် ဒီမက်ဆေ့ခ်ျကို ဘယ်သူ့ဆီ လုပ်မလဲလို့စဉ်းစားနေပြီ။
၁၄ ။ အလုပ်များလွန်းလို့ ဒီစာမှာ နံပတ် ၉ မပါတာတောင် မသိလိုက်ဘူး။
၁၅ ။ အမယ်... နံပတ်၉ တကယ်မပါဘူးလားဆိုပြီး အပေါ်ကစာကြောင်းကို ပြန်ဖတ်နေတယ်။
ပြောပါတယ် ။ 2008ရောက်နေတယ်လို့ ။

အခု မက်ဆေ့ခ်ျလေးကို မနေ့တစ်နေ့ကမှ ကျွန်တော်ဆီ forward messageနဲ့ရောက်လာလို့ ဖတ်ကြည့်မိရင်း သဘောကျသွားလို့ တင်လိုက်တာပါ ။ သူပြောမယ်ဆိုလည်း ပြောစရာပဲ နံပတ်၉ ကျန်ခဲ့တာကိုတောင် မသိလိုက်ဘူး :) ။

AddThis Social Bookmark Button


နတ်သမီး
ငါ့ဘဝရဲ့  နတ်သမီး...
ငါ့ရင်ကို လင်းတောက်ပြုစားတဲ့...နတ်သမီး...
မြတ်မြတ်နိုးနိုး ချစ်ရရိုး အမှန်ပါ...
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ရတာလေ...
နေညိုညို ဘဝတွေ အိုတာတောင်
မပြောင်းမလဲ ကျန်ရစ်မယ့် အဖြစ်
ငါ့အချစ်ပဲဖြစ်မယ်...
ငါ့ရဲ့ ပိုင်ဆိုင်လိုမှုလောဘတစ်ခုတည်းနဲ့
မင်းရဲ့ အတောင်ပံတွေကို မရိုက်ချိုးရက်ခဲ့ပါဘူး...

ငါ့နတ်သမီး
ကြယ်ကိုစီးပြီး ခရီးနှင်ပါ
ဘုံအဆင့်ဆင့်မှာစံပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ...
မင်း...ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အနားယူဖို့လိုအပ်လာခဲ့ရင်တော့
ငါ့ဆီကို ပြန်လာခဲ့ပါ...

မင်းကို ချစ်တယ် ကောင်မလေးရယ်...။


AddThis Social Bookmark Button


အမေ့အိမ်က ကြေးစည်သံ

ခုချိန်ဆိုရင်
သုံးပင်တိုင်ခန်း
အိမ်ရှေ့ခြမ်းထိပ်၊တိတ်ဆိတ်စွာထိုင်
အမေ ပုတီးကိုင်တော့မည်။

ပုတီးအချ၊အနန္တအမေ
အမျှဝေတိုင်း၊ကြေးစည်ဝိုင်းတီး
သားကြီးမရှိ၊ဝေးသည့်ခိုက်တွင်
အမေ့စိတ်ရွှင် ပျော်ပါ့မလား။

ကြေးစည်တီးသံ နားထံပြန်ကြား
အမေ့အပါးသို့ ၊ပြန်လို့လာချင်
တွေ့မြင်ချင်မိ...
အိုသည့်အရိပ်လည်းအေးသည်ပင်။ ။

တီတီတီ

AddThis Social Bookmark Button


မောင်စိန်းဝင်း ကဗျာများ

ဝေး
လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။
အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။
သမုဒယဆိုတဲ့ ချစ်ကြ်ုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။


ထာဝရ
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။


နွယ်အရိပ်
တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။
လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။
ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....
ကာလ ဘယ်လောက်ကြာကြာ...။


အချစ်ဦး
တသက်တခါ တလွှာတရွက်
တခက်တပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ ညှာတံပဲ ခြောက်ခြောက်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲမြတ်နိုးမယ်။



အရိန္ဒမာသိပါသည်
မြင်ကတည်းက
ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဏာမတော်မတရားနဲ့
အရှင့်အာဏ္ဏာစော်ကားခဲ့သူမို့
(သြော်...)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။
မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်
ဝေဒနာရှိသူရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာကနှစ်ဆင့်ပိုကဲ။
အရှင့်ဘဏ္ဏာမတော်မတရားနဲ့
ဘုရင့်အာဏ္ဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။
အရှင့်အာဏ္ဏာမဖီဆန်ရဲတာကြောင့်
လက်လွှဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက
ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်...
ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။


ညို
ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။
ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။


ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်ရပါသည်။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသောအခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။

AddThis Social Bookmark Button


ဟုတ်မယ်ထင်တာပဲ:)

( ၁ ) ချစ်သူဘဝ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အကြည့်ချင်းဆုံနေလျှင်လည်း အလကားဖြစ်၏ ။
( ၂ ) ချစ်သူဘဝ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏ ။
( ၃ ) ချစ်သူဘဝ ။ ။ ကလေး ဘယ်နှယောက် ယူလိုက်မည်ဟု စိတ်ကူး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏ ။
( ၄ ) ချစ်သူဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏ ။
( ၅ ) ချစ်သူဘဝ ။ ။ မွှန်နေသော်လည်း ကိစ္စမရှိဟု ဆို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိစ္စရှိမှ မွှန်၏ ။
( ၆ ) ချစ်သူဘဝ ။ ။တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ဖုန်းထဲမှ အော်ရသည်ကိုပင် အားမရ ။
( ၇ ) ချစ်သူဘဝ ။ ။ ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကဗျာရေးသူ ငစနူ ။
( ၈ ) ချစ်သူဘဝ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သူငိုလျှင် TV အစီအစဉ်ကောင်းပြီ ။
( ၉ ) ချစ်သူဘဝ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ ။
( ၁၀ ) ချစ်သူဘဝ ။ ။ လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏ ။
( ၁၁ ) ချစ်သူဘဝ ။ ။ အစာစားလျှင် ခွံကျွေးမှ ကြိုက်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏ ။
( ၁၂ ) ချစ်သူဘဝ ။ ။ အချစ်သီချင်းများသာ နားထောင်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကက်ဆက်အကြောင်းသာပြော၏ ။
( ၁၃ ) ချစ်သူဘဝ ။ ။ ချစ်သူ အကြောင်းသာပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏ ။
( ၁၄ ) ချစ်သူဘဝ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူပေါင်းမှားခဲ့မိသည့်အတွက် ရင်ထုမနာ ဖြစ်၏ ။

AddThis Social Bookmark Button


ကကြီးမှအ

က..................ကို တဲ့
...................ချစ်တယ်ကွာ လို့ဆိုတော့
....................ဂလိုပေါ့တဲ့
..................ဃဂဏန သိပါရစေ ဆိုတော့
...................ငယ်ပါသေးတယ်တဲ့
...................စိုမိုးလှချည်လားကွယ် ဆိုတော့
.................ဆိုးပါဘူးတဲ့
...................ဇက်ပုသွားမယ်နော်ဆိုတော့
...................ဈေးမှာသွားပြောတဲ့
..................ညကိုလာခဲ့မယ်ဆိုတော့
( )..................^^^*******^^^
..................တင်းလှချည်လားကွယ် ဆိုတော့
..................ထင်လို့ပါ တဲ့
...................ဒါဖြင့်ရင် ဆိုတော့
...................ဓာတ်လိုက်မှာ ဆိုးလို့တဲ့
...................နမ်းပါရစေလားကွယ် ဆိုတော့
...................ပါးကိုလား တဲ့
...................ဖက်ထားပါရစေဆိုတော့
.................ဘယ်ကိုလဲတဲ့
...................မတွေရ့ရင်မနေနိုင်ဘူးကွယ် ဆိုတော့
.................ယုယလိုက်တာကွယ် တဲ့
...................ရင်ထဲမှာအမြဲထွေးပွေ့ထားချင်တယ်ဆိုတော့
..................လူလည်းမကျနဲ့တဲ့
...................ဝင်းအိနေတဲ့အသားလေးတွေပဲနော် ဆိုတော့
..................သိသားပဲ တဲ့
..................ဟိတ် ဆိုတော့
..................အို တဲ့

AddThis Social Bookmark Button


ဆိုရိုးစကားများ

Two souls with but
a single thought,
two hearts that beat
as one.
ဝိညာဉ်နှစ်ခုပေမဲ့ အတွေးက
တစ်ခုတည်း ၊ နှလုံးသားနှစ်ခုဟာ
နှလုံးသားတစ်ခုတည်းလိုပဲ
ရင်ခုန်တယ်။
( ဂျွန် ကိစ် )


Love is but
the discovery of ourselves
in
others,
and the delight of
recognition.
အချစ်ဆိုတာ ကျွန်ုပ်တို့ ဟာ
သူတစ်ပါးတွေထံမှာ
မိမိကိုယ်မိမိ ရှာဖွေတွေ့ ရှိလိုက်တာပါပဲ ။
မိမိကိုယ်မိမိ
မှတ်မိတဲ့အတွက်လည်း
ပျော်ရွှင်ရတယ် ။
( အလက်ဇန်ဒါး စမစ)


Love is
the beauty of
the soul.
အချစ်ဆိုတာ
ဝိညဉ်ရဲ့ 
အလှတရား ။
( စိန့်  သြဂတ်စတင်း )


But to see
her was to
love her,
ove but her,
and love her
forever.
သူမကို
မြင်ရဖို့ ဆိုတာ
သူမကို ချစ်ရဖို့ ပါ ။
သူမကို
ချစ်ရတာဟာ
သူမကို
ထာဝရ
ချစ်သွားဖို့ ပါ ။
( ရောဘတ် ဘန်းစ် )



A life
without love is
like a year
without
summer.
အချစ်မရှိတဲ့
ဘ၀တစ်ခုဟာ
နွေရာသီမရှိတဲ့
နှစ်ကာလ
တစ်ခုလိုပါပဲ ။
( ဆွီဒင် စကားပုံ )


Love is
a beautiful dream.
အချစ်ဆိုတာ
လှပတဲ့ အိပ်မက်တဲ့ အိပ်မက်တစ်ခုပါ ။
( ၀ီလျံ ရှပ် )


To love is
to receive
a glimpse
of
heaven.
ချစ်ခြင်းဟာ
ကောင်းကုံဘုံကို
ဖျတ်ခနဲ
မြင်လိုက်ရခြင်းပါပဲ ။
( ကာရင် ဆန်ဒီ )

AddThis Social Bookmark Button


စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်

ငါ့ဆီငါ ပြန်ရောက်လာပါတော့မလား
မြေပုံကြမ်းကိုကြည့်ပြီး
လမ်းလျှောက်နေရတာ...
မောလှပြီ ။

ငါ့ကိုယုံပါ
ငါဟာ...
လမ်းကူးတာတောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ့
ခွေးလေခွေလွင့်တစ်ကောင်ပါ ။

ငါ ... မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ ...
ငါ့ကို ... ယုံပါ ။

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ... ယုံပါ ။

( ဖိနပ်မစီးထားတဲ့
ကလေးငယ်လိုပဲ ...
ဘယ်သူကမှ
အိမ်ထဲကို မဖိတ်ချင်ကြဘူး )

လက်တစ်ဘက်နဲ့
ခေါ်လို့မရတဲ့ကောင်းကင်
လက်နှစ်ဘက်နဲ့ခေါ်လည်း
အရာမထင်ဘူး ။

ငါ ...တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ ... ။

တာရာမင်းဝေ

AddThis Social Bookmark Button


Design by Amanda @ Blogger Buster