Showing posts with label ဥာဏ်စမ်း. Show all posts
Puzzles
Friday, July 25, 2008
(1)
What's the next letter in the sequence: P O I U Y T R E W ?
Answer
(2)
What occurs twice in a lifetime, but once in a year, twice in a week but never in a day?
Answer
(3)
What's the next letter in the series: O T T F F S S E
Answer
(4)
How can you throw a ball so it will reverse direction and return to you without the ball bouncing against or touching any solid object?
Answer
(5)
What common mechanized transports in New York City (120,000 of them) carry 3 times as many passengers daily as all the cities subways, trains, buses, cars, and taxis combined?
Answer
(6)
Can you arrange these letters into one long word: d o o r n o n e g w l
Answer
(7)
Which came first: the chicken or the egg?
Answer
(8)
John is standing behind Mary, and Mary is standing behind John. How is this possible?

Posted in ဥာဏ်စမ်း by ကိုစွမ်း
ဥာဏ်စမ်းပဟေဠိ ( ၂ )
Tuesday, July 22, 2008
အားလုံးပဲ ဖြေကြည့်ကြပါ။ ပျော်စေဖို့သာ ရည်ရွယ်ပါတယ်။ မေးခွန်းသုံးခု မေးမယ်နော်။ ဒီမေးခွန်းတွေကို မစဉ်းစားပါနဲ့။ မြန်မြန်နဲ့ ဆက်တိုက်ဖြေပါ။
ကိုယ့်ကိုယ်ကို ဘယ်လောက်တော်လဲ စမ်းချင်နေကြပြီမလား။
ကဲ စပြီနော်။
မေးခွန်း (၁)
သင်ဟာ အပြေးပြိုင်ပွဲ တစ်ခုမှာ ၀င်ပြိုင်နေတယ်ဆိုပါစို့။ ဒုတိယလူကို သင်ကျော်တက်လိုက်ရင် သင်ဘယ်အဆင့်ကို ရောက် လာမလဲ။
**********
ကဲအဖြေပေးမယ်နော်။
အားလုံးသိပ်တော်ကြတာပဲ။ အကုန်မှန်ကြတယ်။
သင်ဒုတိယနေရာကို ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယလူကို ကျော်တက်လိုက်ရင် ကိုယ်က သူ့နေရာ ရသွားပြီလေ။ အဲဒီတော့ ဒုတိယပေါ့။ ပထမလို့ ဖြေတဲ့ လူတွေလည်း စိတ်ဓါတ်မကျ ကြပါနဲ့။ ဒုတိယမေးခွန်းကိုဖြေကြည့် ကြပါဦး။
မေးခွန်း (၂)
ခုနကပြေးပွဲမှာပါပဲ။ သင်က နောက်ဆုံးလူကို ကျော်တက်လိုက်တယ် ဆိုပါတော့။ သင်ဘယ်အဆင့် ကို ရောက်လာမလဲ။
**********
အဖြေ။ ။
မှန်ကြပါတယ် တော်တယ်ဗျာ။
နောက်ဆုံးလူပါဆိုမှ သူ့ကို ဘယ်လိုကျော်တက်ကြမလဲ။ ဟုတ်ဘူးလား။
နောက်ဆုံးက ရေရင်ဒုတိယ လို့တစ်ယောက်မှ မဖြေကြဘူး။ ဘယ်ဖြေကြပါ့မလဲ မှားနေတာကို။
ကဲ တတိယမေးခွန်းလာပြီနော်။

မေးခွန်း (၃)
အိုက်စံတို့ အဖေမှာ သားသုံးယောက်ရှိပါတယ်။
ပထမဆုံးတစ်ယောက် နံမည်က ကိုကိုကြီး
ဒုတိယတစ်ယောက်က ကိုကိုလတ် တဲ့။
တတိယ တစ်ယောက် ဘယ်သူဖြစ်မလဲဟင်။
**********
အဖြေ။ ။
အားလုံးတော်ကြပါတယ်ဗျာ။ မှန်ပါတယ်။
ဘယ်သူမှ ကိုကိုလေးလို့ မဖြေကြဘူး။
အဖြေက မေးခွန်းမှာ ပါပြီးသားပါ။
Posted in ဥာဏ်စမ်း by ကိုစွမ်း
ဥာဏ်စမ်း ( 1 )
Monday, July 14, 2008
၁)
ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?
လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။
၁= ၅ ဆိုတော့
အဖြေက ၅ = ၁ ပါတဲ့။
***********************************
၂)
ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?
က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး
အဖြေက (၂၂)လုံး ဖြစ်ပါတယ်။
၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး
အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး
ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး
ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း)
***********************************
၃)
တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။
အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?
စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

မနိုင်းနိုင်းစနေ ဘလော့မှ ကူးယူဖော်ပြသည်။
Posted in ဥာဏ်စမ်း by ကိုစွမ်း
မေးကွယ်၊ဖြေမယ် ရဲ့ အဖြေလေးများ
Sunday, July 13, 2008
( ၁ )
( အဖြေ ) ။ နေ့ခင်းဖြစ်နေလို့ပါတဲ့။
( ၂ )
( အဖြေ ) ။ ဘာမှ မဆိုင်ပါ။
( ၃ )
( အဖြေ ) ။ ကောင်လေးရဲ့ အမေပါ။
( ၄ )
( အဖြေ ) ။ ၂၉ ကြိမ်ပါ။ ၂၈ကြိမ်ခုန်ရင် ၂၈ပေရောက်နေပါပြီ။ ၂၉ ကြိမ်မြောက် ခုန်လိုက်တဲ့အခါမှာ ရေတွင်းနှုတ်ခမ်း
ပေါ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် ပြန်လျှောမကျတော့ပါ။
( ၅ )
( အဖြေ ) ။ ငှက်၎ကောင် နဲ့ ကိုင်းပင်၃ပင်။
( ၆ )
( အဖြေ ) ။ ၁၇ ကောင်ဆိုတာ မ ဂဏန်းဖြစ်နေတဲ့အတွက် ခွဲမရပါ။ အဲဒါကြောင့် အပြင်က တစ်ကောင်ခဏယူမယ်။
ဒါဆို ၁၈ကောင်ဖြစ်သွားပါပြီ။ သားကြီးက ကိုးပုံတစ်ပုံရမှာ ဖြစ်တဲ့အတွက် ၁၈ရဲ့ ကိုးပုံတစ်ပုံ၂ ကောင်ရပါမယ်။
အလတ်က သုံးပုံတစ်ပုံဆိုတဲ့အတွက် ၆ကောင်ပါ။ အငယ်ဆုံးက နှစ်ပုံပုံရင်တစ်ပုံဆိုလို့ ၉ကောင်ရသွားပါပြီ။ သား၃
ယောက်ရတဲ့ မြင်းတွေအားလုံးပေါင်းလိုက်တော့ လယ်သမားကြီးရဲ့ မြင်း၁၇ကောင်ပါပဲ။ ခဏယူထားတဲ့ တစ်ကောင်ကို
ပြန်ပေးလိုက်ပါ။
သင်္ချာသဘောတရားတွေ မပေါ်ခင်က အခုလိုပဲခွဲဝေခဲ့ကြမယ်လို့ထင်ပါတယ်။
သင်္ချာသဘောတရားအရ တွက်မယ်ဆိုရင်လည်း1/2,1/3,1/9 တို့ကို ပိုင်းခြေ18ယူပြီးတွက်ရင်လည်း17/18ပဲရပါတယ်။
( ၇ )
( အဖြေ ) ။ အနက်ရောင်တိုင်းပြည်မှာရှိတဲ့ ဘုရင်ကြီး ဦးခေါင်းအလေးချိန်နဲ့ညီပါတယ်လို့ ပြောလိုက်ပါတယ်။
မယုံလို့ ချိန်ကြည့်ရင်လည်း ဘုရင့်ခေါင်းကို ဖြတ်ဖို့ပဲ ရှိတော့တယ်လေ။
( ၈ )
( အဖြေ ) ။ ဆိတ်ကိုပဲ ကြိုးချည်ထားတာလေ။ ငုတ်တိုင်မှာ ကြိုးက ချည်မထားတော့ အမောင်ဆိတ်ဟာ အသာလေး
သွားစားနိုင်ပါတယ်။

မေးကွယ်၊ဖြေမယ်
Tuesday, July 8, 2008
( ၁ )
အဲဒီနေ့က လကွယ်နေ့။ လလည်း မထွက်ဘူး။ ကြယ်တွေလည်း တစ်လုံးမှ မထွက်ဘူး။ ဒီကြားထဲ
လမ်းမီးတွေကလည်း မလာပြန်ဘူး။ အဲအချိန်မှာ ကားတစ်စင်းက မောင်းလာ
တယ်။ ကားမီးတွေလည်း ဖွင့်မလာဘူး။ လူတစ်ယောက်က အဲဒီ ကားရှေ့ကနေပြီး လမ်း
ဖြတ်ကူးသွားတယ်တဲ့။ ဒါပေမဲ့..ထူးဆန်းတာက အဲဒီကားက လမ်းဖြတ်ကူးသွားတဲ့ လူကို
မတိုက်မိဘူး။
( မေးခွန်း ) ။ဘာဖြစ်လို့ အဲလိုအခြေအနေမှာတောင်မှ လူကို ဝင်မတိုက်မိတာလဲ???။
( ၂ )
လမ်းတစ်လမ်းပေါ်မှာ ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။အဲဒီဆိုင်ထဲကို လူတစ်ယောက်က ဝင်သွား
ပါလေရော။ အဲဒီလူဝင်သွားပြီး နောက်၅မိနစ်တိတိလည်းကြာရောဆိုင်ထဲကနေပြီး ဝင်သွား
တဲ့လူ ပြန်ထွက်မလာပဲ ခွေးတစ်ကောင်ပြန်ထွက်လာတယ်တဲ့။
( မေးခွန်း ) ။အဲဒါ ဘာဆိုင်လဲ???။
( ၃ )
မနက်ခင်းတစ်ခုမှာ သားအဖ နှစ်ယောက်လမ်းလျှောက်ထွက်ကြတယ်တဲ့။မမျှော်လင့်ပဲ လမ်း
တစ်နေရာမှာ ကားတစ်စင်းက သားဖြစ်တဲ့သူကို ဝင်တိုက်မိသွားတယ်။ အဲဒါနဲ့ အဖေလုပ်တဲ့
သူနဲ့ ကားဆရာ တို့လည်း သားကို ဆေးရုံပို့ပေးလိုက်ကြရတာပေါ့။ အရေးပေါ်ဌာနမှာ ခွဲစိတ်
ရတယ်။ ခွဲစိတ်ပြီးမှ ခွဲစိတ်ဆရာဝန်ကြီးက လူနာကောင်လေးကို ကြည့်မိပြီး တအံ့တသြပြော
ချလိုက်တယ်။ " ဟာ....မင်းဟာ ငါ့သားပဲ။ ဒါပေမဲ့...မင်းအဖေကလည်း ငါမဟုတ်ဘူးတဲ့ "
( မေးခွန်း ) ။ အဲဒီဆရာဝန်ကြီးနဲ့ ကောင်လေး ဘယ်လိုတော်စပ်ကြပါသလဲ။ ခွဲစိတ်ဆရာဝန်
ကြီးကကောင်လေးရဲ့ ဘာလဲ???။
( ၄ )
တစ်ခါက ရေတွင်းပျက်ကြီးထဲမှာဖားလေးတစ်ကောင်ပြုတ်ကျနေတယ်တဲ့။ရေတွင်းရဲ့ အနက်က
ပေ၃၀ ရှိတယ်။ ဖားလေးလည်း တွင်းပေါ်ကို ပြန်ရောက်ဖို့အတွက် ခုန်ခုန် တက်တယ်။
သူတစ်ခါခုန်တက်ရင် ၂ပေ ရောက်တယ်တဲ့။ဒါပေမဲ့ ၁ပေ က ပြန်ပြန်လျှောကျနေတယ်။
အဲလိုနဲ့ခုန်တက်လာလိုက်တာ နောက်ဆုံးတော့ ဖားလေးဟာ ရေတွင်းနှုတ်ခမ်းပေါ်ကိုရောက်
သွားတယ်လေ။
( မေးခွန်း ) ။ အပေါ်ကို ရောက်ဖို့အတွက် ဘယ်နှစ်ကြိမ်ခုန်ခဲ့ရလဲ???
( ၅ )
ငှက်တစ်အုပ် ပြန်သန်းလာရင်းကိုင်းပင်တွေပေါ်မှာနားကြတယ်။ အဲလိုနားတဲ့အခါကိုင်းပင်တစ်
ပင်ကို ငှက်နှစ်ကောင်နားရင် ကိုင်းပင်တစ်ပင်က ပိုနေတယ်။ ကိုင်းပင်တစ်ပင်ကို ငှက်တစ်
ကောင်ကျစီ နားပြန်တော့လည်း ငှက်တစ်ကောင်က ပိုနေပြန်ရော။
( မေးခွန်း ) ။ငှက်ဘယ်နှစ်ကောင်နဲ့ ကိုင်းပင်ဘယ်နှစ်ပင်လဲ???
( ၆ )
လယ်သမားကြီးတစ်ဦးမှာ မြင်း( ၁၇ ) ကောင်ရှိတယ်။ သူ့မှာသား(၃)ယောက်ရှိတော့..လယ်
သမားကြီးက သားတွေကို သူ့မှာရှိတဲ့ မြင်းတွေခွဲပေးချင်တယ်။ သူပေးချင်တာကသားအကြီး
ဆုံးကိုတော့ ကိုးပုံ တစ်ပုံ၊ သားအလတ်ကျတော့ သုံးပုံတစ်ပုံ နဲ့ အငယ်ဆုံးသားကိုနှစ်ပုံပုံရင်
တစ်ပုံပေးချင်တယ်။ လယ်သမားကြီး ခမျာခွဲဝေမပေးတတ်လို့အကြံခက်နေတယ်တဲ့။သင်က
လယ်သမားကြီးကိုကူညီပြီးသူ့စိတ်တိုင်းကျ ခွဲဝေပေးလိုက်ပါ။ ဘယ်လိုခွဲဝေလိုက်တယ်ဆို
တာ
( မေးခွန်း ၁ )။သားအကြီးက မြင်းဘယ်နှစ်ကောင်ရလဲ။???
( မေးခွန်း ၂ ) ။သားအလတ်က မြင်းဘယ်နှစ်ကောင်ရလဲ။???
( မေးခွန်း ၃ ) ။သားအငယ်က မြင်းဘယ်နှစ်ကောင်ရလဲ။???
( ၇ )
တစ်ခါက အနက်ရောင်တိုင်းပြည်နဲ့ အဖြူရောင်တိုင်းပြည်ဆိုပြီးရှိတယ်။ အနက်ရောင်တိုင်း
ပြည်
ကျောက်စိမ်းတုံး
ကယ်လို့ အဖြူရောင်
ရ မကိုင်ရပဲ အလေးချိန်
မှန်တယ်ဆိုရင်စစ်မတိုက်
မှားတယ်ဆိုရင်တော့ အဖြူ
တယ်။နန်းတွင်းမှာရှိတဲ့ ပညာရှိ
ဘယ်လောက်ရှိပါတယ်လို့ မပြောပြ
တုံးရဲ့ အလေးချိန်ကိုပြောပြလိုက်တယ်တဲ့။ သမီးတော်လေးက ကျောက်စိမ်ူတုံးအလေးချိန်
ကို ဘယ်လိုပြောလိုက်လို့အနက်ရောင် တိုင်းပြည်က သူတွေဟာ ကျောက်စိမ်းတုံးကြီးကို
ထားပြီး သူတို့တိုင်းပြည်သူတို့ပြန်သွားကြ
(မေးခွန်း)။ဘုရင့်သမီးတော်လေးဟာကျောက်စိမ်းတုံးအလေးချိန်ကို
ဘယ်လောက်ရှိ
တယ်
( ၈ )
သစ်ပင်ကြီးတစ်ပင်ရှိတယ်။ သစ်ပင်ရဲ့ အောက်မှာငုတ်တိုင်တစ်တိုင်စိုက်ထားတယ်။ငုတ်တိုင်
ရဲ့ ရှေ့ ပေ(၁၀၀) အကွာမှာမြက်ခင်းကြီးတစ်ခုရှိတယ်။သစ်ပင်ရဲ့အောက်မှာဆိတ်တစ်ကောင်
ကို ကြိုးချည်ထားတယ်တဲ့။ ကြိုးအရှည်ကတော့ပေ ( ၅၀ ) ပဲရှိတယ်။ အဲဒီ ကြိုးချည်ထားတဲ့
ဆိတ်ဟာ သူ့ရှေ့မှာရှိတဲ့ မြက်တွေကို ဘယ်လိုသွားစားမလဲ။???
ငယ်ငယ်က မေးခဲ့ဘူးသမျှထဲက မှတ်မိသမျှလေးတွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
ကျွန်တော်လိုပဲ ဥာဏ်စမ်းလေးတွေကို စိတ်ဝင်စားကြမဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။
အဓိပ္ပါယ်ရှိတာ၊ မရှိတာထက်ပျော်ရွှင်မှုလေးတွေဖြစ်ပေါ်စေဖို့အတွက်ပါပဲ။အဖြေလေးတွေကို
c-box လေးမှာ ဖြေသွားနိုင်ပါတယ်။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။အဖြေတွေကိုတော့
နောက်နေ့မှ ပြောပြသွားပါ့မယ်။ တစ်ခါတည်း ပြောလိုက်ရင် ပျော်ရွှင်မှုတွေ နည်းသွားမှာ
စိုးလို့ပါ။အားလုံးပျော်ရွှင်နိုင်ကြပါစေ။
Posted in ဥာဏ်စမ်း by ကိုစွမ်း
ဥာဏ်စမ်း
Friday, April 4, 2008
ကျွန်တော်အခု ရေးမယ့် ဥာဏ်စမ်းလေးကတော့ အတွေးအခေါ် ပညာရှင် အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ် ။ ကျွန်တော့်ကို အီရန်က သူငယ်ချင်း မေးထားတာပါ ။ သူ တွက်တာတော့ ၂၃မိနစ် ကြာတယ်လို့ပြောတယ် ။ ဒါနဲ့  ကျွန်တော်လည်း အဲဒီ ပုစ္ဆာ ပေးပါဦး ဆိုပြီး ယူလာပြီး ...ကျောင်းကနေ အဆောင် ရောက်ရောက်ချင်း ဘာမှ မလုပ်နိုင်သေးဘူး ။ အဲဒီ စာရွက်ထုတ် ၊ပြီးတာနဲ့ စတွက်တော့တာပဲ ၊ အစမှာ ဘယ်လို စထားရမယ် မသိတာနဲ့ ရတဲ့ အချက်လက်တွေကို စာရွက်လေးထဲမှာ ချချ ရေးမှတ်ထားတာ ၊အဲလို လုပ်ရင်းမှ ဘယ်လို တွက်ရမယ်ဆိုတာ အဖြေပေါ်လာတယ်လေ။ ကျွန်တော်ကတော့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာ မှတ်မထားလိုက်ရဘူး ။ ဒါပေမဲ့ မိနစ် ၃၀ တော့ ကျော်မယ်ထင်တယ် ။ ကျွန်တော်လိုပဲ ဥာဏ်စမ်းလေးတွေကို စိတ်ဝင်စားကြမဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါတယ် ။ အရမ်းကို ခေါင်းခဲ ချင်စရာ ၊ စိတ်ဝင်စားစရာ ပုဒ်စာလေးပါ ။
ဒါပေမဲ့နော်...
အဖြေလေး တစ်ခု စဉ်းစားလို့ရတိုင်း ပျော်ရွှင်ရတာလည်း တကယ့်ကို ဘာနဲ့မှ မတူနဲ့ ပျော်စရာလေးပါ။ နောက်ဆုံးအဖြေကိုရပြီဆိုတဲ့အချိန်မှာတော့ပြောစရာမလိုအောင်ကိုပျော်စရာကောင်းတယ်။ကဲ...စကားတွေနိဒါန်းပျိုးနေတာနဲ့စာဖတ်သူစိတ်တိုနေလောက်ပြီ။အော် ...မေ့နေလို့ ။ တစ်ခုတည်းပါ :) ။ တကယ်လို့ အဲဒီ ပုစ္ဆာလေးကို ၂၃မိနစ် အတွင်းမှာ ဖြေနိုင်တယ်ဆို ပြောပေးပါဦး ။ ဘယ်လိုတွေးလိုက်တယ် ဆိုတာလေးပါ အချိန်ရရင် စိတ်ရှည်ရင် ပြောပြပေးပါဦး ။ အောက်မှာ.. အဖြေ နဲ့ အတူ ကျွန်တော့် စဉ်းစားထားတာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ် ။ နည်းလမ်း မကျဘူး ၊မဖြစ်နိုင်ဘူးဆို ပြောပြပေးနိုင်ပါတယ် ။ ပုဒ်စာလေးကို အင်္ဂလိပ်လိုပဲ ရေးပေးလိုက်တယ်နော် ။ မြန်မာ စကားနဲ့ဆို ပိုရှုပ်သွားမယ်ထင်လို့ပါ။
မေးခွန်း
There are 5 houses in a street . In each house live a guy from different nationality . Each of these five guys drinks a different drink , smokes a different cigarette and keep a different animal. Guess with these guidelines , who is keeping fish ?
GUIDELINES
( 1 ) The English man live in Red House.
( 2 ) The Sweden man has a Dog.
( 3 ) The Denish man drink Tea .
( 4 ) The Green House places in left side of the White House.
( 5 ) The guy who live in Green House drink Coffee.
( 6 ) The guy who smoke Pall Mall Cigarette keep birds.
( 7 ) The guy who live in Yellow House smoke Dunhill Cigarette.
( 8 ) The guy who live in middle house drink Milk.
( 9 ) The Norway man live in first house.
(10) The guy who smoke Blends Cigarette live beside of the guy who keep Cat.
(11) The guy who keep Horse live beside the guy who smoke Dunhill Cigarette.
(12) The guy who smokes Blue Master Cigarette drink Beer.
(13) The German man smoke Prince Cigarette.
(14) The Norway man live beside Blue House.
(15) The man who smokes Blend Cigarette live beside the guy who drink Water.
အဖြေ
ဇယားကွက် ရှင်းလင်းချက်
( 1 ) Guideline 8 အရ ... အလယ်ဆုံးအိမ်က နွားနို့သောက်တယ်။
( 2 ) Guideline 9 အရ ... ပထမဆုံးအိမ်မှာ Norwayက လူ နေတယ်။
( 3 ) Guideline 14 အရ ... Norway Bluseက လူက Blue House ဘေးမှာနေတာမို့ သူ့ဘေးမှာ Blue House ရသွားတယ်။
( 4,5,6 ) Guideline 4 မှာ ... Green House က White House ရဲ့ ဘယ်မှာ ရှိတယ်ဆိုတယ်နော် ။ ဒါဆို အဲဒီ နှစ်အိမ်က ကပ်ရပ်ဖြစ်ရမယ်ဆိုတော့ Blue House ရဲ့ ဘယ်ဘက်မှာ မဖြစ်နိုင်တော့ဘူးလေ။ ညာဘက်မှာကလည်း သုံးကွက်ဖြစ်နေတော့ ထည့်မရသေးဘူး ။ အဲတော့ Guideline 5... မှာ Green Houseက သူက Coffee သောက်တယ်တဲ့ ၊ အပေါ်က ဖြစ်နိုင်ရမယ့် သုံးကွက်ကို ကြည့်လိုက်တော့ Milk ဆိုတာကို တွေ့သွားပြီ။ အိုကေ...ဒါဆို Coffee သောက်လို့ရမှာက နောက်ဆုံး နှစ်ကွက် ၊အဲဒီမှာ Green House က ဘယ် White Houseကို ညာမှာ ထားလိုက်မယ် က ကျန်နေတဲ့ နှစ်ကွက်ပေါ့။ Green House ကဘယ် ၊ White Houseကို ညာမှာထားလိုက်မယ် ။ တစ်ဆက်တည်း Green House က Coffee သောက်တယ်ဆိုတာလေးပါ ရသွားပြီပေါ့။
( 7,8 ) အိမ်သုံးလုံးကို ရသွားပြီဆိုတော့ ကျန်တဲ့ နှစ်ကွက်က Red House နဲ့ Yellow House . ဘယ်အကွက် က Red လဲ ? Yellow လဲ ?Guideline 1... မှာ English လူမျိုးက Red House မှာဆိုတော့ Norway လူမျိုးမရှိတဲ့ အိမ်က Red House ကြီးပေါ့ ၊ အဲဒီမှာ English ကြီးကို နေခိုင်းလိုက်ဗျာ ။
( 9,10 ) ဒါဆို ကျန်နေတဲ့ အကွက်က Yellow House ပေါ့ ။ Guideline 7 ...မှာ Yellow House မှာ နေတဲ့လူက Dunhill Cigarette သောက်တယ်ဆိုတာ အလိုလို ရသွားပြီနော်။
(11) Guideline 11...မှာ Horse မွေးတဲ့သူက Dunhill Cigaretteသူရဲ့ ဘေးမှာဆိုတော့ ထည့်ပေးလိုက်ပါတယ်။
( 12,13,14,15 ) Guideline12 & 15 ...တို့ကို ပေါင်းစဉ်းစားပါမယ်။ Guideline 12...မှာ Blue Master Cigarette သောက်တဲ့သူက Beer သောက်တယ်ဆိုတော့ Milk , Coffee နဲ့ Dunhill Cigarette တို့မှာ မဟုတ်တော့ဘူး။ ကျန်တဲ့ နှစ်ကွက်ကိုပဲ စဉ်းစားမယ်။ Guideline15... မှာ Blend Cigarette သောက်တဲ့သူဘေးမှာ Water သောက်တဲ့သူရှိရမယ်ဆိုတော့ သူတို့ နှစ်ကွက်ဘေးမှာ Coffee သောက်ထားတဲ့ တစ်ကွက်က ရှိနေပြီးဖြစ်တဲံ အတွက်... ကျန်တစ်ကွက်မှာ Water ဆိုတာသေချာသွားပြီပေါ့ ။ ဖြည့်လိုက်မယ် ။
( 16,17 ) ဒါဆို Guideline 3...ကို အလိုလို ရသွားပြီပေါ့။ အလွတ်တစ်ကွက်ပဲ ကျန်တော့တာမို့ အဲဒီမှာ Tea ကိုဖြည့်ပြီး Denishက လူကြီးကို တိုက်လိုက်ပါ။
( 18,19 )Guideline 13...အရဆို Germanက လူနေလို့ ရတာဆိုလို့ နောက်ဆုံး နှစ်ကွက်ပဲ ရှိတော့တယ်။ အောက်မှာ Blue Master Cigarette က ရှိနေပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ကွက်မှာ Germanက လူကို Prince Cigarette လေး ခဲ ခိုင်းလိုက်ပါ။
( 20 ) Swedenက လူ က နေစရာ မရှိလို့တဲ့ အော်နေပြီ၊ သူ့ကို နောက်ဆုံးအိမ်မှာ ထားပေးလိုက်ပါ ။
( 21 )အမယ်... Guideline 2မှာ သူက နေစရာ အိမ်လေးရသွားတာနဲ့ Dog မွေးမယ်တဲ့။ မွေးခိုင်းလိုက်ပါဗျာ ။
( 22 ) အပိုင်ရထားတဲ့ အကွက်လေး ဖြည့်ရဦးမယ်လေ ။ Pall Mall Cigarette နေရာပေါ့ ။ အိုကေ နေပြီနော် ..?
( 23 ) Pall Mall Cigarette သောက်တဲံသူကို သိရပြီဆိုတော့ Guideline 6... အရ Birds လေးတွေ မွေးလို့ရသွားပြီ ။
( 24 ) Guideline 10 ...ကို ကြည့်လိုက်ပါဦး၊ Blend Cigarete သောက်တဲ့ သူရဲ့ဘေးမှာ Cat မွေးတယ်ဆိုတော့ ၊ ဘယ်မှာ မွေးမလား ? ညာမှာ မွေးမလား ? ညာမှာက Birdsတွေ မွေးထားတော့ ဘယ်မှာ မွေးလိုက်မယ်ပေါ့ဗျာ ။
( 25 ) ဟော.................. LUCKY FISH လေး တွေ့ပါပြီ ။ German က လူကြီးရဲ့ Green House လေးထဲမှာကိုး..............။
မနိုင်းနိုင်းစနေ
ရဲ့ ဘလော့လေးကို ဝင်ဖတ်မိမှ အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာလေးဆိုတာ သိရတယ်။ ကျေးဇူးပါ မနိုင်းရေ...။

NATIONALITY | Norway(2) | Denish(17) | English(8) | German(18) | Sweden(20) |
HOME | Yellow(9) | Blue(3) | Red(7) | Green(5) | White(6) |
DRINK | Water(12) | Tea(16) | Milk(1) | Coffee(4) | Beer(15) |
CIGARETTE | Dunhill(10) | Blend(13) | Pall Mall(22) | Prince(19) | Blue Master(14) |
ANIMAL | Cat(24) | Horse(11) | Birds(23) | ********* | Dog(21) |
ဇယားကွက် ရှင်းလင်းချက်
( 1 ) Guideline 8 အရ ... အလယ်ဆုံးအိမ်က နွားနို့သောက်တယ်။
( 2 ) Guideline 9 အရ ... ပထမဆုံးအိမ်မှာ Norwayက လူ နေတယ်။
( 3 ) Guideline 14 အရ ... Norway Bluseက လူက Blue House ဘေးမှာနေတာမို့ သူ့ဘေးမှာ Blue House ရသွားတယ်။
( 4,5,6 ) Guideline 4 မှာ ... Green House က White House ရဲ့ ဘယ်မှာ ရှိတယ်ဆိုတယ်နော် ။ ဒါဆို အဲဒီ နှစ်အိမ်က ကပ်ရပ်ဖြစ်ရမယ်ဆိုတော့ Blue House ရဲ့ ဘယ်ဘက်မှာ မဖြစ်နိုင်တော့ဘူးလေ။ ညာဘက်မှာကလည်း သုံးကွက်ဖြစ်နေတော့ ထည့်မရသေးဘူး ။ အဲတော့ Guideline 5... မှာ Green Houseက သူက Coffee သောက်တယ်တဲ့ ၊ အပေါ်က ဖြစ်နိုင်ရမယ့် သုံးကွက်ကို ကြည့်လိုက်တော့ Milk ဆိုတာကို တွေ့သွားပြီ။ အိုကေ...ဒါဆို Coffee သောက်လို့ရမှာက နောက်ဆုံး နှစ်ကွက် ၊အဲဒီမှာ Green House က ဘယ် White Houseကို ညာမှာ ထားလိုက်မယ် က ကျန်နေတဲ့ နှစ်ကွက်ပေါ့။ Green House ကဘယ် ၊ White Houseကို ညာမှာထားလိုက်မယ် ။ တစ်ဆက်တည်း Green House က Coffee သောက်တယ်ဆိုတာလေးပါ ရသွားပြီပေါ့။
( 7,8 ) အိမ်သုံးလုံးကို ရသွားပြီဆိုတော့ ကျန်တဲ့ နှစ်ကွက်က Red House နဲ့ Yellow House . ဘယ်အကွက် က Red လဲ ? Yellow လဲ ?Guideline 1... မှာ English လူမျိုးက Red House မှာဆိုတော့ Norway လူမျိုးမရှိတဲ့ အိမ်က Red House ကြီးပေါ့ ၊ အဲဒီမှာ English ကြီးကို နေခိုင်းလိုက်ဗျာ ။
( 9,10 ) ဒါဆို ကျန်နေတဲ့ အကွက်က Yellow House ပေါ့ ။ Guideline 7 ...မှာ Yellow House မှာ နေတဲ့လူက Dunhill Cigarette သောက်တယ်ဆိုတာ အလိုလို ရသွားပြီနော်။
(11) Guideline 11...မှာ Horse မွေးတဲ့သူက Dunhill Cigaretteသူရဲ့ ဘေးမှာဆိုတော့ ထည့်ပေးလိုက်ပါတယ်။
( 12,13,14,15 ) Guideline12 & 15 ...တို့ကို ပေါင်းစဉ်းစားပါမယ်။ Guideline 12...မှာ Blue Master Cigarette သောက်တဲ့သူက Beer သောက်တယ်ဆိုတော့ Milk , Coffee နဲ့ Dunhill Cigarette တို့မှာ မဟုတ်တော့ဘူး။ ကျန်တဲ့ နှစ်ကွက်ကိုပဲ စဉ်းစားမယ်။ Guideline15... မှာ Blend Cigarette သောက်တဲ့သူဘေးမှာ Water သောက်တဲ့သူရှိရမယ်ဆိုတော့ သူတို့ နှစ်ကွက်ဘေးမှာ Coffee သောက်ထားတဲ့ တစ်ကွက်က ရှိနေပြီးဖြစ်တဲံ အတွက်... ကျန်တစ်ကွက်မှာ Water ဆိုတာသေချာသွားပြီပေါ့ ။ ဖြည့်လိုက်မယ် ။
( 16,17 ) ဒါဆို Guideline 3...ကို အလိုလို ရသွားပြီပေါ့။ အလွတ်တစ်ကွက်ပဲ ကျန်တော့တာမို့ အဲဒီမှာ Tea ကိုဖြည့်ပြီး Denishက လူကြီးကို တိုက်လိုက်ပါ။
( 18,19 )Guideline 13...အရဆို Germanက လူနေလို့ ရတာဆိုလို့ နောက်ဆုံး နှစ်ကွက်ပဲ ရှိတော့တယ်။ အောက်မှာ Blue Master Cigarette က ရှိနေပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ကွက်မှာ Germanက လူကို Prince Cigarette လေး ခဲ ခိုင်းလိုက်ပါ။
( 20 ) Swedenက လူ က နေစရာ မရှိလို့တဲ့ အော်နေပြီ၊ သူ့ကို နောက်ဆုံးအိမ်မှာ ထားပေးလိုက်ပါ ။
( 21 )အမယ်... Guideline 2မှာ သူက နေစရာ အိမ်လေးရသွားတာနဲ့ Dog မွေးမယ်တဲ့။ မွေးခိုင်းလိုက်ပါဗျာ ။
( 22 ) အပိုင်ရထားတဲ့ အကွက်လေး ဖြည့်ရဦးမယ်လေ ။ Pall Mall Cigarette နေရာပေါ့ ။ အိုကေ နေပြီနော် ..?
( 23 ) Pall Mall Cigarette သောက်တဲံသူကို သိရပြီဆိုတော့ Guideline 6... အရ Birds လေးတွေ မွေးလို့ရသွားပြီ ။
( 24 ) Guideline 10 ...ကို ကြည့်လိုက်ပါဦး၊ Blend Cigarete သောက်တဲ့ သူရဲ့ဘေးမှာ Cat မွေးတယ်ဆိုတော့ ၊ ဘယ်မှာ မွေးမလား ? ညာမှာ မွေးမလား ? ညာမှာက Birdsတွေ မွေးထားတော့ ဘယ်မှာ မွေးလိုက်မယ်ပေါ့ဗျာ ။
( 25 ) ဟော.................. LUCKY FISH လေး တွေ့ပါပြီ ။ German က လူကြီးရဲ့ Green House လေးထဲမှာကိုး..............။
မနိုင်းနိုင်းစနေ
ရဲ့ ဘလော့လေးကို ဝင်ဖတ်မိမှ အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာလေးဆိုတာ သိရတယ်။ ကျေးဇူးပါ မနိုင်းရေ...။
Posted in ဥာဏ်စမ်း by ကိုစွမ်း
Subscribe to:
Posts (Atom)