ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ဥာဏ်စမ်း

Friday, April 4, 2008

ကျွန်တော်အခု ရေးမယ့် ဥာဏ်စမ်းလေးကတော့ အတွေးအခေါ် ပညာရှင် အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်ပါတယ် ။ ကျွန်တော့်ကို အီရန်က သူငယ်ချင်း မေးထားတာပါ ။ သူ တွက်တာတော့ ၂၃မိနစ် ကြာတယ်လို့ပြောတယ် ။ ဒါနဲ့  ကျွန်တော်လည်း အဲဒီ ပုစ္ဆာ ပေးပါဦး ဆိုပြီး ယူလာပြီး ...ကျောင်းကနေ အဆောင် ရောက်ရောက်ချင်း ဘာမှ မလုပ်နိုင်သေးဘူး ။ အဲဒီ စာရွက်ထုတ် ၊ပြီးတာနဲ့ စတွက်တော့တာပဲ ၊ အစမှာ ဘယ်လို စထားရမယ် မသိတာနဲ့ ရတဲ့ အချက်လက်တွေကို စာရွက်လေးထဲမှာ ချချ ရေးမှတ်ထားတာ ၊အဲလို လုပ်ရင်းမှ ဘယ်လို တွက်ရမယ်ဆိုတာ အဖြေပေါ်လာတယ်လေ။ ကျွန်တော်ကတော့ အချိန်ဘယ်လောက်ကြာတယ်ဆိုတာ မှတ်မထားလိုက်ရဘူး ။ ဒါပေမဲ့ မိနစ် ၃၀ တော့ ကျော်မယ်ထင်တယ် ။ ကျွန်တော်လိုပဲ ဥာဏ်စမ်းလေးတွေကို စိတ်ဝင်စားကြမဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါတယ် ။ အရမ်းကို ခေါင်းခဲ ချင်စရာ ၊ စိတ်ဝင်စားစရာ ပုဒ်စာလေးပါ ။
ဒါပေမဲ့နော်...
အဖြေလေး တစ်ခု စဉ်းစားလို့ရတိုင်း ပျော်ရွှင်ရတာလည်း တကယ့်ကို ဘာနဲ့မှ မတူနဲ့ ပျော်စရာလေးပါ။ နောက်ဆုံးအဖြေကိုရပြီဆိုတဲ့အချိန်မှာတော့ပြောစရာမလိုအောင်ကိုပျော်စရာကောင်းတယ်။ကဲ...စကားတွေနိဒါန်းပျိုးနေတာနဲ့စာဖတ်သူစိတ်တိုနေလောက်ပြီ။အော် ...မေ့နေလို့ ။ တစ်ခုတည်းပါ :) ။ တကယ်လို့ အဲဒီ ပုစ္ဆာလေးကို ၂၃မိနစ် အတွင်းမှာ ဖြေနိုင်တယ်ဆို ပြောပေးပါဦး ။ ဘယ်လိုတွေးလိုက်တယ် ဆိုတာလေးပါ အချိန်ရရင် စိတ်ရှည်ရင် ပြောပြပေးပါဦး ။ အောက်မှာ.. အဖြေ နဲ့ အတူ ကျွန်တော့် စဉ်းစားထားတာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ် ။ နည်းလမ်း မကျဘူး ၊မဖြစ်နိုင်ဘူးဆို ပြောပြပေးနိုင်ပါတယ် ။ ပုဒ်စာလေးကို အင်္ဂလိပ်လိုပဲ ရေးပေးလိုက်တယ်နော် ။ မြန်မာ စကားနဲ့ဆို ပိုရှုပ်သွားမယ်ထင်လို့ပါ။

မေးခွန်း

There are 5 houses in a street . In each house live a guy from different nationality . Each of these five guys drinks a different drink , smokes a different cigarette and keep a different animal. Guess with these guidelines , who is keeping fish ?

GUIDELINES
( 1 ) The English man live in Red House.
( 2 ) The Sweden man has a Dog.
( 3 ) The Denish man drink Tea .
( 4 ) The Green House places in left side of the White House.
( 5 ) The guy who live in Green House drink Coffee.
( 6 ) The guy who smoke Pall Mall Cigarette keep birds.
( 7 ) The guy who live in Yellow House smoke Dunhill Cigarette.
( 8 ) The guy who live in middle house drink Milk.
( 9 ) The Norway man live in first house.
(10) The guy who smoke Blends Cigarette live beside of the guy who keep Cat.
(11) The guy who keep Horse live beside the guy who smoke Dunhill Cigarette.
(12) The guy who smokes Blue Master Cigarette drink Beer.
(13) The German man smoke Prince Cigarette.
(14) The Norway man live beside Blue House.
(15) The man who smokes Blend Cigarette live beside the guy who drink Water.


အဖြေ

















































NATIONALITYNorway(2)Denish(17)English(8)German(18)Sweden(20)
HOMEYellow(9)Blue(3)Red(7)Green(5)White(6)
DRINKWater(12)Tea(16)Milk(1)Coffee(4)Beer(15)
CIGARETTEDunhill(10)Blend(13)Pall Mall(22)Prince(19)Blue Master(14)
ANIMALCat(24)Horse(11)Birds(23) ********* Dog(21)





ဇယားကွက် ရှင်းလင်းချက်
( 1 ) Guideline 8 အရ ... အလယ်ဆုံးအိမ်က နွားနို့သောက်တယ်။
( 2 ) Guideline 9 အရ ... ပထမဆုံးအိမ်မှာ Norwayက လူ နေတယ်။
( 3 ) Guideline 14 အရ ... Norway Bluseက လူက Blue House ဘေးမှာနေတာမို့ သူ့ဘေးမှာ Blue House ရသွားတယ်။
( 4,5,6 ) Guideline 4 မှာ ... Green House က White House ရဲ့ ဘယ်မှာ ရှိတယ်ဆိုတယ်နော် ။ ဒါဆို အဲဒီ နှစ်အိမ်က ကပ်ရပ်ဖြစ်ရမယ်ဆိုတော့ Blue House ရဲ့ ဘယ်ဘက်မှာ မဖြစ်နိုင်တော့ဘူးလေ။ ညာဘက်မှာကလည်း သုံးကွက်ဖြစ်နေတော့ ထည့်မရသေးဘူး ။ အဲတော့ Guideline 5... မှာ Green Houseက သူက Coffee သောက်တယ်တဲ့ ၊ အပေါ်က ဖြစ်နိုင်ရမယ့် သုံးကွက်ကို ကြည့်လိုက်တော့ Milk ဆိုတာကို တွေ့သွားပြီ။ အိုကေ...ဒါဆို Coffee သောက်လို့ရမှာက နောက်ဆုံး နှစ်ကွက် ၊အဲဒီမှာ Green House က ဘယ် White Houseကို ညာမှာ ထားလိုက်မယ် က ကျန်နေတဲ့ နှစ်ကွက်ပေါ့။ Green House ကဘယ် ၊ White Houseကို ညာမှာထားလိုက်မယ် ။ တစ်ဆက်တည်း Green House က Coffee သောက်တယ်ဆိုတာလေးပါ ရသွားပြီပေါ့။
( 7,8 ) အိမ်သုံးလုံးကို ရသွားပြီဆိုတော့ ကျန်တဲ့ နှစ်ကွက်က Red House နဲ့ Yellow House . ဘယ်အကွက် က Red လဲ ? Yellow လဲ ?Guideline 1... မှာ English လူမျိုးက Red House မှာဆိုတော့ Norway လူမျိုးမရှိတဲ့ အိမ်က Red House ကြီးပေါ့ ၊ အဲဒီမှာ English ကြီးကို နေခိုင်းလိုက်ဗျာ ။
( 9,10 ) ဒါဆို ကျန်နေတဲ့ အကွက်က Yellow House ပေါ့ ။ Guideline 7 ...မှာ Yellow House မှာ နေတဲ့လူက Dunhill Cigarette သောက်တယ်ဆိုတာ အလိုလို ရသွားပြီနော်။
(11) Guideline 11...မှာ Horse မွေးတဲ့သူက Dunhill Cigaretteသူရဲ့ ဘေးမှာဆိုတော့ ထည့်ပေးလိုက်ပါတယ်။
( 12,13,14,15 ) Guideline12 & 15 ...တို့ကို ပေါင်းစဉ်းစားပါမယ်။ Guideline 12...မှာ Blue Master Cigarette သောက်တဲ့သူက Beer သောက်တယ်ဆိုတော့ Milk , Coffee နဲ့ Dunhill Cigarette တို့မှာ မဟုတ်တော့ဘူး။ ကျန်တဲ့ နှစ်ကွက်ကိုပဲ စဉ်းစားမယ်။ Guideline15... မှာ Blend Cigarette သောက်တဲ့သူဘေးမှာ Water သောက်တဲ့သူရှိရမယ်ဆိုတော့ သူတို့ နှစ်ကွက်ဘေးမှာ Coffee သောက်ထားတဲ့ တစ်ကွက်က ရှိနေပြီးဖြစ်တဲံ အတွက်... ကျန်တစ်ကွက်မှာ Water ဆိုတာသေချာသွားပြီပေါ့ ။ ဖြည့်လိုက်မယ် ။
( 16,17 ) ဒါဆို Guideline 3...ကို အလိုလို ရသွားပြီပေါ့။ အလွတ်တစ်ကွက်ပဲ ကျန်တော့တာမို့ အဲဒီမှာ Tea ကိုဖြည့်ပြီး Denishက လူကြီးကို တိုက်လိုက်ပါ။
( 18,19 )Guideline 13...အရဆို Germanက လူနေလို့ ရတာဆိုလို့ နောက်ဆုံး နှစ်ကွက်ပဲ ရှိတော့တယ်။ အောက်မှာ Blue Master Cigarette က ရှိနေပြီးဖြစ်တဲ့အတွက် ကျန်တဲ့တစ်ကွက်မှာ Germanက လူကို Prince Cigarette လေး ခဲ ခိုင်းလိုက်ပါ။
( 20 ) Swedenက လူ က နေစရာ မရှိလို့တဲ့ အော်နေပြီ၊ သူ့ကို နောက်ဆုံးအိမ်မှာ ထားပေးလိုက်ပါ ။
( 21 )အမယ်... Guideline 2မှာ သူက နေစရာ အိမ်လေးရသွားတာနဲ့ Dog မွေးမယ်တဲ့။ မွေးခိုင်းလိုက်ပါဗျာ ။
( 22 ) အပိုင်ရထားတဲ့ အကွက်လေး ဖြည့်ရဦးမယ်လေ ။ Pall Mall Cigarette နေရာပေါ့ ။ အိုကေ နေပြီနော် ..?
( 23 ) Pall Mall Cigarette သောက်တဲံသူကို သိရပြီဆိုတော့ Guideline 6... အရ Birds လေးတွေ မွေးလို့ရသွားပြီ ။
( 24 ) Guideline 10 ...ကို ကြည့်လိုက်ပါဦး၊ Blend Cigarete သောက်တဲ့ သူရဲ့ဘေးမှာ Cat မွေးတယ်ဆိုတော့ ၊ ဘယ်မှာ မွေးမလား ? ညာမှာ မွေးမလား ? ညာမှာက Birdsတွေ မွေးထားတော့ ဘယ်မှာ မွေးလိုက်မယ်ပေါ့ဗျာ ။
( 25 ) ဟော.................. LUCKY FISH လေး တွေ့ပါပြီ ။ German က လူကြီးရဲ့ Green House လေးထဲမှာကိုး..............။

မနိုင်းနိုင်းစနေ

ရဲ့ ဘလော့လေးကို ဝင်ဖတ်မိမှ အိုင်စတိုင်း (Einstein) ရဲ့ ပုစ္ဆာလေးဆိုတာ သိရတယ်။ ကျေးဇူးပါ မနိုင်းရေ...။


AddThis Social Bookmark Button


Design by Amanda @ Blogger Buster