ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ဗရုတ်သုတ်ခ ကျတဲ့နေ့

Tuesday, October 21, 2008

ဗရုတ်သုတ်ခ ကျတဲ့နေ့အတွက် တက်ထားတာလေ ကျွန်တော်တို့အမကြီး မ၀ါကပေါ့ :P ။ သိလိုက်ဘူး။ တက်ခံနေရတယ်ဆိုတာ ။ မသိလိုက်တာလည်း ကျွန်တော့်အပြစ်ပါ။ ကျောင်းကလည်း ပြန်ဖွင့်၊ ဂိမ်းလိုင်းဘက်လည်း ရောက်သွားတော့ ဘလော့ကို ပြစ်ထားလိုက်မိတာ။ ကိုယ့်ဘလော့ကိုတောင် တစ်ပတ်နေလို့ တစ်ခါလောက်ပဲ ဖွင့်ကြည့်မိတယ်။ ဒီနေ့မှ မကြီးက သူ့ဘလော့ကို သွားကြည့်ဆိုမှ တွေ့တယ်။ ၂၂ယောက် တက်ခံရတာ ၃ယောက်ပဲ ကျန်တယ်ပေါ့။ အေးဆေးပါပဲ။ ဒီမောင်နဲ့ ဒီအမ ကျန်လည်း ရပါတယ် ဆိုပြီး ဆက်ဖတ်လိုက်တော့မှ ..ဟိုက်ကနဲ ဖြစ်သွားတယ်။ နောက်ဆုံး ကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ မသက်တန့်က ကင်းလွတ်ခွင့်ဆိုတော့ ကျွန်တော်နဲ့ ကိုဇင်ယော်ကြီးပဲ ကျန်တယ်။ လူပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး။ ရေးမယ်ဆိုပြီး ရေးတော့တာပါပဲ။(ကိုဇင်ယော်ကြီးလည်း ကြောက်ပြီး ထရေးနေပြီလား မသိဘူးဆိုပြီး ရင်က ခုန်ရသေးတယ် J )

ဗရုတ်သုတ်ခကျတာတွေကတော့ သိပ်မရှိပါဘူး။ ကျောင်းသား ဘ၀မှာတုန်းက ဈေးချိုချို ကြာညောင်တွေ အများကြီး ၀ယ်လာပြီး သူငယ်ချင်းတွေ ရှေ့မှာ စားပြ။ ဟိုက လု့စားရင် ပါးစပ်ထဲထည့်ပြစ်လိုက်တာ(ပလပ်စတစ်မခွာရသေးပါ)။ အဲလို လုပ်ပါများတော့ သူငယ်ချင်းတွေကလည်း ကျွန်တော့် ကြာညောင်ဆို ရသလို စားမယ်ဆိုပြီး ၃၊၄ယောက် ၀ိုင်းချုပ် ပါးစပ်ထဲက အတင်း ဆွဲထုတ်ပြီး ကျွန်တော့်ရှေ့မှာ ပြောင်ပြီး စားပြတယ်။ သူတို့ အဲလို ဖြစ်တာကိုကြည့်ပြီး အရမ်းပျော်တာပဲ။ ကျွန်တော်လည်း မကြိုက်ပါဘူး ကြာညောင်ကို။ ဈေးချိုလို့ ၀ယ်စားတာ။:P အရင်က စားပါဦးလားဆိုရင် ဘယ်သူမှ စားမယ့်သူမရှိတဲ့ ကျွန်တော့်ကြာညောင်လေးတွေ အဲလို လုပ်လိုက်တော့ တော်တော်ရောင်းကောင်းသွားတယ်။ :P

အခုပြောမယ့်ဟာလေးကတော့ ရိုင်းတယ်ဆို ကြိုပြီး တောင်းပန်ပါတယ်။ဒါပေမယ့် ငယ်ငယ်က ကျောင်းသား ဘ၀ရဲ့ အမှတ်တရလေး ဖြစ်တာမို့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ညစ်ညမ်းတယ်လို့ သတ်မှတ်ရင် ထပ်ပြီး တောင်းပန်ပါတယ်။

ငယ်ငယ်က ဘယ်သူကနေ ဘယ်လို စလိုက်တဲ့ ဇာတ်လမ်းလည်းတော့ မသိပါဘူး။ ပုဆိုး ဆွဲချွတ်တဲ့ ရောဂါ တစ်စခန်း ထလာတော့လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ တ၀ုန်းဝုန်းနဲ့ ဗရုတ်ကျကျန်ပြန်ရော။ အစတော့ မသိအောင် အသာလေးဆွဲချွတ်ချတာ။ နောက်ကျ အကုန်လုံးက ခံရတာ များလာတော့ သတိနဲ့နေတော့တာ။ အရင်လို ပဲများပြီး ချက်ပြုတ်လည်း မ၀တ်ရဲကျတော့ဘူး။ လက်စ လက်န ရှိတဲ့ သူလာပြီဆိုရင် ပုဆိုးစလေး လက်လေးနဲ့ ကိုင်ထားပြီး နေရတယ် အဟီး။ ဘယ်ရမလဲ…အလစ်ဆွဲချွတ်လို့ မရရင် ဒဲ့လုပ်တယ်ဆိုပြီး ကြာညောင် လုသလို ၀ိုင်းချုပ်ထားပြီး ချွတ်တော့တာပဲ။ အဲအချိန်တုန်းက လူပျိုစိတ်ဝင်တဲ့ သူ ၀င်သလို ၊ ကလေးစိတ် မကုန်သေးတဲ့ သူတွေလည်း အများကြီးပါ( ကျွန်တော်လို :P ) ။ ကောင်မလေးတွေ မမြင်အောင် ကစားကြခြင်း ဖြစ်ပါတယ်။ မာနတွေ ခ၀ါချခြင်းပေါ့ အဟီး ။ တစ်ခါတစ်လေဆို စာသင်ခုံကြီး ၀ုန်းကနဲဆွဲလှဲချပြီး ထိုင်လိုက်ရတဲ့ သူတွေတောင် ရှိသေး။

အဲဒါကလည်းတစ်ကယ်ဗရုတ်ကျတဲ့နေ့မဟုတ်သေးဘူး။အဲဒါကအခုမှစမှာ။ ကျွန်တော် ၆တန်း နှစ်က အိမ်မှာ နေရင် စာမကျက်လို့ ဆိုပြီး ကျောင်းက ဆရာမတစ်ယောက်အိမ်မှာ ည. ညစာသွား ကျက်ခိုင်းတယ်။ ကျွန်တော်ကလည်း မိဘစကား တစ်သွေမတိမ်း နားထောင်တဲ့ သာလိမ္မာလေး မလား။ ဟုတ်ကဲ့ မေမေဆိုပြီး သွားကျက်ပါတယ်။ ( ဆရာမ အိမ်မှာ သူငယ်ချင်းတွေ အများကြီးဆိုတာ သိလို့ )။ အဲမှာ…သူငယ်ချင်းတွေ ထပ်ရလာတယ်။ အများကြီးပါပဲ။ စာကျက်ပြီးရင် အိမ်ကို နောက်မကျဘူး ပြန်တယ်။ တစ်နေ့ကျ ၀င်းသိန်းဦးနဲ့ အခြား သူငယ်ချင်း နှစ်ယောက်က စာကျက်ပြီးရင် သူတို့နဲ့ လိုက်ခဲ့ စက်ဘီးလျှောက်စီးမယ်ဆိုတာနဲ့ လိုက်သွားတယ်။စက်ဘီး စီးရင်းနဲ့ မြို့အထွက် ညောင်ပင်ကြီးထိ ရောက်သွားကြရော။ အဲဒီ ညောင်ပင်ကြီးက သရဲခြောက်တယ်လို့ နာမည်အရမ်းကြီးတာဆိုတော့ ။ အဲနားထိ စက်ဘီး မစီးရဲကြဘူး။ နောက်ဆုံး သွားမယ်ကွာဆိုပြီး လွယ်အိတ်ထဲ ခဲတွေ ထည့်ပြီး သွားကြတယ်။ အနားမရောက်ခင် ကတည်းက အဝေးကနေ ခဲတွေ နဲ့ လှမ်းပြစ်ပြီး ၊ မကြောက်ဘူးကွ ကြိုက်တဲ့သရဲ ထွက်ခဲ့စမ်းဆိုပြီး ပါးစပ်ကလည်း အတင်းအော်ပေါ့။ ( ကိုယ် ကြောက်နေတာ လူမသိအောင်လို့ :P ) ။ အဲလိုတွေ အော်၊ခဲတွေနဲ့ ပေါက်ပြီး …တော်ပြီ ငါတို့ ရောက်ဘူးသွားပြီ။ ဘာမှ ကြောက်စရာ မရှိပါဘူးကွာလို့ တစ်ယောက်နဲ့ တစ်ယောက် အားပေး အားမြှောက်ပြုပြီး ပြန်ကြမယ်ဆိုပြီး လှည့်ပြန်လာကြတယ်။ အပြန်လမ်းကျတော့ စက်ဘီးတွေကို သုတ်ချေတင်ပြီး နင်းပြေးတော့တာပဲ အဟား။ ( နောက်ကျောက ရန်သူမို့ပါ :P )

မြို့ထဲရောက်တော့ ခွေးတွေက တစီစီနဲ့ ဟောင်တော့တာပဲ။ စက်ဘီးနဲ့လည်း ဖြစ်၊ ခဲတွေကလည်း ကျန်သေးတော့ ဘယ်ခွေးမှ ဂရုမစိုက်ဘူး။ ကျွန်တော်က ဟီးရိုးပဲကိုး ဟဲဟဲ။ ခဲတွေ နဲ့ ပြန်ပြစ်၊ ပြီးရင် နင်းပြေးပေါ့။ မြို့ထွက်က ညောင်ပင်ကြီးဆီ သွားတာ အချိန်တော်တော်ကုန်သွားတာ သတိမထားမိလိုက်ဘူး။ နောက်ကျနေပြီဆိုတာတော့ သိတယ်။ဒါနဲ့ စက်ဘီးလေး ကပြာကယာနင်းပြီး အိမ်ပြန်တော့ အိမ်ရှေ့မှာ လူတွေ အများကြီးပဲ။ သဘောပေါက်လိုက်ပါပြီ။ အခြေနေ မကောင်းတော့ဘူး။ ဆော်ခံထိပဟပေါ့။ စက်ဘီးလေးပေါ်ကလည်း ဆင်းရော. မေမေက ဆီးပြီး ငိုတယ်လေ။ ငိုလည်းငို ရိုက်လည်း ရိုက်ပေါ့။ နင် ဘယ်တွေ သွားနေတာလဲ။ ဆရာမ ဆီလည်း ရောက်ပြီးပြီ။ ပြန်သွားတာ ကြာပြီတဲ့။ ကျွန်တော် မရောက်သေးလို့ စိတ်ပူပြီး အနောက်ပိုင်းက အဒေါ်တွေတောင် ခေါ်ထားတာတဲ့။ ခနနေလို့ မှ မလာရင် ရဲစခန်း သွားတိုင်မလို့တဲ့။ အောင်မြတ်လေး…ကျွန်တော် လုပ်တာ အဲလောက်ထိ အပြစ်ကြီးသွား သလားဗျာ။ စိတ်ပူစရာ မရှိ ပူတယ်။ တစ်ကယ်ဆို ကျွန်တော်က ဟီးရိုးပဲ ဟဲဟဲ ။ သရဲတောင် သွားရှာလာတာပါ။ စိတ်ပူစရာ မရှိပါဘူး နှော် :P ။

အဲနေ့ညက လယ်တော်ညောင်ပင်ကြီးဆီ သွားတယ်ဆိုတာကို တော်တော်လေး ကြာမှ အိမ်ကို ပြန်ပြောပြပြီး ရီနိုင်ခဲ့ပါတယ်။

AddThis Social Bookmark Button


Design by Amanda @ Blogger Buster