Showing posts with label Tag. Show all posts
ဗရုတ်သုတ်ခ ကျတဲ့နေ့
Tuesday, October 21, 2008
ဗရုတ်သုတ်ခ ကျတဲ့နေ့အတွက် တက်ထားတာလေ ကျွန်တော်တို့အမကြီး မ၀ါကပေါ့ :P ။ သိလိုက်ဘူး။ တက်ခံနေရတယ်ဆိုတာ ။ မသိလိုက်တာလည်း ကျွန်တော့်အပြစ်ပါ။ ကျောင်းကလည်း ပြန်ဖွင့်၊ ဂိမ်းလိုင်းဘက်လည်း ရောက်သွားတော့ ဘလော့ကို ပြစ်ထားလိုက်မိတာ။ ကိုယ့်ဘလော့ကိုတောင် တစ်ပတ်နေလို့ တစ်ခါလောက်ပဲ ဖွင့်ကြည့်မိတယ်။ ဒီနေ့မှ မကြီးက သူ့ဘလော့ကို သွားကြည့်ဆိုမှ တွေ့တယ်။ ၂၂ယောက် တက်ခံရတာ ၃ယောက်ပဲ ကျန်တယ်ပေါ့။ အေးဆေးပါပဲ။ ဒီမောင်နဲ့ ဒီအမ ကျန်လည်း ရပါတယ် ဆိုပြီး ဆက်ဖတ်လိုက်တော့မှ ..ဟိုက်ကနဲ ဖြစ်သွားတယ်။ နောက်ဆုံး ကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ မသက်တန့်က ကင်းလွတ်ခွင့်ဆိုတော့ ကျွန်တော်နဲ့ ကိုဇင်ယော်ကြီးပဲ ကျန်တယ်။ လူပျိုကြီးတော့ အဖြစ်မခံနိုင်ဘူး။ ရေးမယ်ဆိုပြီး ရေးတော့တာပါပဲ။(ကိုဇင်ယော်ကြီးလည်း ကြောက်ပြီး ထရေးနေပြီလား မသိဘူးဆိုပြီး ရင်က ခုန်ရသေးတယ် J ) ဗရုတ်သုတ်ခကျတာတွေကတော့ သိပ်မရှိပါဘူး။ ကျောင်းသား ဘ၀မှာတုန်းက ဈေးချိုချို ကြာညောင်တွေ အများကြီး ၀ယ်လာပြီး သူငယ်ချင်းတွေ ရှေ့မှာ စားပြ။ ဟိုက လု့စားရင် ပါးစပ်ထဲထည့်ပြစ်လိုက်တာ(ပလပ်စတစ်မခွာရသေးပါ)။ အဲလို လုပ်ပါများတော့ သူငယ်ချင်းတွေကလည်း ကျွန်တော့် ကြာညောင်ဆို ရသလို စားမယ်ဆိုပြီး ၃၊၄ယောက် ၀ိုင်းချုပ် ပါးစပ်ထဲက အတင်း ဆွဲထုတ်ပြီး ကျွန်တော့်ရှေ့မှာ ပြောင်ပြီး စားပြတယ်။ သူတို့ အဲလို ဖြစ်တာကိုကြည့်ပြီး အရမ်းပျော်တာပဲ။ ကျွန်တော်လည်း မကြိုက်ပါဘူး ကြာညောင်ကို။ ဈေးချိုလို့ ၀ယ်စားတာ။:P အရင်က စားပါဦးလားဆိုရင် ဘယ်သူမှ စားမယ့်သူမရှိတဲ့ ကျွန်တော့်ကြာညောင်လေးတွေ အဲလို လုပ်လိုက်တော့ တော်တော်ရောင်းကောင်းသွားတယ်။ :P အခုပြောမယ့်ဟာလေးကတော့ ရိုင်းတယ်ဆို ကြိုပြီး တောင်းပန်ပါတယ်။ဒါပေမယ့် ငယ်ငယ်က ကျောင်းသား ဘ၀ရဲ့ အမှတ်တရလေး ဖြစ်တာမို့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ညစ်ညမ်းတယ်လို့ သတ်မှတ်ရင် ထပ်ပြီး တောင်းပန်ပါတယ်။ ငယ်ငယ်က ဘယ်သူကနေ ဘယ်လို စလိုက်တဲ့ ဇာတ်လမ်းလည်းတော့ မသိပါဘူး။ ပုဆိုး ဆွဲချွတ်တဲ့ ရောဂါ တစ်စခန်း ထလာတော့လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ တ၀ုန်းဝုန်းနဲ့ ဗရုတ်ကျကျန်ပြန်ရော။ အစတော့ မသိအောင် အသာလေးဆွဲချွတ်ချတာ။ နောက်ကျ အကုန်လုံးက ခံရတာ များလာတော့ သတိနဲ့နေတော့တာ။ အရင်လို ပဲများပြီး ချက်ပြုတ်လည်း မ၀တ်ရဲကျတော့ဘူး။ လက်စ လက်န ရှိတဲ့ သူလာပြီဆိုရင် ပုဆိုးစလေး လက်လေးနဲ့ ကိုင်ထားပြီး နေရတယ် အဟီး။ ဘယ်ရမလဲ…အလစ်ဆွဲချွတ်လို့ မရရင် ဒဲ့လုပ်တယ်ဆိုပြီး ကြာညောင် လုသလို ၀ိုင်းချုပ်ထားပြီး ချွတ်တော့တာပဲ။ အဲအချိန်တုန်းက လူပျိုစိတ်ဝင်တဲ့ သူ ၀င်သလို ၊ ကလေးစိတ် မကုန်သေးတဲ့ သူတွေလည်း အများကြီးပါ( ကျွန်တော်လို :P ) ။ ကောင်မလေးတွေ မမြင်အောင် ကစားကြခြင်း ဖြစ်ပါတယ်။ မာနတွေ ခ၀ါချခြင်းပေါ့ အဟီး ။ တစ်ခါတစ်လေဆို စာသင်ခုံကြီး ၀ုန်းကနဲဆွဲလှဲချပြီး ထိုင်လိုက်ရတဲ့ သူတွေတောင် ရှိသေး။ အဲဒါကလည်းတစ်ကယ်ဗရုတ်ကျတဲ့နေ့မဟုတ်သေးဘူး။အဲဒါကအခုမှစမှာ။ ကျွန်တော် ၆တန်း နှစ်က အိမ်မှာ နေရင် စာမကျက်လို့ ဆိုပြီး ကျောင်းက ဆရာမတစ်ယောက်အိမ်မှာ ည. ညစာသွား ကျက်ခိုင်းတယ်။ ကျွန်တော်ကလည်း မိဘစကား တစ်သွေမတိမ်း နားထောင်တဲ့ သာလိမ္မာလေး မလား။ ဟုတ်ကဲ့ မေမေဆိုပြီး သွားကျက်ပါတယ်။ ( ဆရာမ အိမ်မှာ သူငယ်ချင်းတွေ အများကြီးဆိုတာ သိလို့ )။ အဲမှာ…သူငယ်ချင်းတွေ ထပ်ရလာတယ်။ အများကြီးပါပဲ။ စာကျက်ပြီးရင် အိမ်ကို နောက်မကျဘူး ပြန်တယ်။ တစ်နေ့ကျ ၀င်းသိန်းဦးနဲ့ အခြား သူငယ်ချင်း နှစ်ယောက်က စာကျက်ပြီးရင် သူတို့နဲ့ လိုက်ခဲ့ စက်ဘီးလျှောက်စီးမယ်ဆိုတာနဲ့ လိုက်သွားတယ်။စက်ဘီး စီးရင်းနဲ့ မြို့အထွက် ညောင်ပင်ကြီးထိ ရောက်သွားကြရော။ အဲဒီ ညောင်ပင်ကြီးက သရဲခြောက်တယ်လို့ နာမည်အရမ်းကြီးတာဆိုတော့ ။ အဲနားထိ စက်ဘီး မစီးရဲကြဘူး။ နောက်ဆုံး သွားမယ်ကွာဆိုပြီး လွယ်အိတ်ထဲ ခဲတွေ ထည့်ပြီး သွားကြတယ်။ အနားမရောက်ခင် ကတည်းက အဝေးကနေ ခဲတွေ နဲ့ လှမ်းပြစ်ပြီး ၊ မကြောက်ဘူးကွ ကြိုက်တဲ့သရဲ ထွက်ခဲ့စမ်းဆိုပြီး ပါးစပ်ကလည်း အတင်းအော်ပေါ့။ ( ကိုယ် ကြောက်နေတာ လူမသိအောင်လို့ :P ) ။ အဲလိုတွေ အော်၊ခဲတွေနဲ့ ပေါက်ပြီး …တော်ပြီ ငါတို့ ရောက်ဘူးသွားပြီ။ ဘာမှ ကြောက်စရာ မရှိပါဘူးကွာလို့ တစ်ယောက်နဲ့ တစ်ယောက် အားပေး အားမြှောက်ပြုပြီး ပြန်ကြမယ်ဆိုပြီး လှည့်ပြန်လာကြတယ်။ အပြန်လမ်းကျတော့ စက်ဘီးတွေကို သုတ်ချေတင်ပြီး နင်းပြေးတော့တာပဲ အဟား။ ( နောက်ကျောက ရန်သူမို့ပါ :P ) မြို့ထဲရောက်တော့ ခွေးတွေက တစီစီနဲ့ ဟောင်တော့တာပဲ။ စက်ဘီးနဲ့လည်း ဖြစ်၊ ခဲတွေကလည်း ကျန်သေးတော့ ဘယ်ခွေးမှ ဂရုမစိုက်ဘူး။ ကျွန်တော်က ဟီးရိုးပဲကိုး ဟဲဟဲ။ ခဲတွေ နဲ့ ပြန်ပြစ်၊ ပြီးရင် နင်းပြေးပေါ့။ မြို့ထွက်က ညောင်ပင်ကြီးဆီ သွားတာ အချိန်တော်တော်ကုန်သွားတာ သတိမထားမိလိုက်ဘူး။ နောက်ကျနေပြီဆိုတာတော့ သိတယ်။ဒါနဲ့ စက်ဘီးလေး ကပြာကယာနင်းပြီး အိမ်ပြန်တော့ အိမ်ရှေ့မှာ လူတွေ အများကြီးပဲ။ သဘောပေါက်လိုက်ပါပြီ။ အခြေနေ မကောင်းတော့ဘူး။ ဆော်ခံထိပဟပေါ့။ စက်ဘီးလေးပေါ်ကလည်း ဆင်းရော. မေမေက ဆီးပြီး ငိုတယ်လေ။ ငိုလည်းငို ရိုက်လည်း ရိုက်ပေါ့။ နင် ဘယ်တွေ သွားနေတာလဲ။ ဆရာမ ဆီလည်း ရောက်ပြီးပြီ။ ပြန်သွားတာ ကြာပြီတဲ့။ ကျွန်တော် မရောက်သေးလို့ စိတ်ပူပြီး အနောက်ပိုင်းက အဒေါ်တွေတောင် ခေါ်ထားတာတဲ့။ ခနနေလို့ မှ မလာရင် ရဲစခန်း သွားတိုင်မလို့တဲ့။ အောင်မြတ်လေး…ကျွန်တော် လုပ်တာ အဲလောက်ထိ အပြစ်ကြီးသွား သလားဗျာ။ စိတ်ပူစရာ မရှိ ပူတယ်။ တစ်ကယ်ဆို ကျွန်တော်က ဟီးရိုးပဲ ဟဲဟဲ ။ သရဲတောင် သွားရှာလာတာပါ။ စိတ်ပူစရာ မရှိပါဘူး နှော် :P ။ အဲနေ့ညက လယ်တော်ညောင်ပင်ကြီးဆီ သွားတယ်ဆိုတာကို တော်တော်လေး ကြာမှ အိမ်ကို ပြန်ပြောပြပြီး ရီနိုင်ခဲ့ပါတယ်။
Posted in Tag by ကိုစွမ်း
ဟောဒီက Tag ဗျို့
Monday, September 29, 2008
ပထမဆုံး ကျေးဇူးတင်ရမှာက - ဒီပို့လေးကို ရေးခိုင်းတဲ့ မကြီး မ၀ါ နဲ့ သူငယ်ချင်း မီးလေး ( ပေါင်းရေးလို့ စိတ်မဆိုးရဘူးနော် အဟီး )
ပထမဆုံး သောက်ရတဲ့ အရာ - အမေ့နို့လား ၊ ရေလားမသိဘူး။ နှစ်ခုထဲက တစ်ခုတော့ သေချာတယ်။
ပထမဆုံး စားရတဲ့ ထမင်းက - ထမင်းစားနိုင်တဲ့ အရွယ် ပထမဆုံးနေ့ရဲ့ ပထမဆုံး အလုတ်
ပထမဆုံးနေခဲ့တဲ့ မြို့က - အခုလည်း အဲမှာပဲ နေပါတယ်။
ပထမဆုံးကျောင်း - အ-မ-က(၃) အခြေခံပညာ မူလတန်းကျောင်း
ပထမဆုံး အတန်းကတော့ - မူကြိုပေါ့. ပြီးမှ ကြက်ချေးတန်း
ပထမဆုံး သူငယ်ချင်း - မူကြိုက သူငယ်ချင်း ၊ နာမည်က အာကာ (သူ့ဘယ်ဘက်လက်လေးမှာ လက်ချောင်းလေးတွေ မပါဘူး) အခုတော့ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။
ပထမဆုံး ဖတ်မိတဲ့ကာတွန်းကတော့ - ရွှေသွေးလား၊တေဇလား၊မိုးသောက်ပန်းလား မမှတ်မိတော့ပါ။
ပထမဆုံး ရတဲ့ဆု - ပြောရင် ယုံမလား မသိဘူး . ( ယုံလိုက်ပါ ) ဆုကို မရဘူးတာ အဟား ။
ပထမဆုံး အရိုက်ခံရခြင်းတဲ့ - ရိုက်လို့ရတဲ့ အရွယ်ဆိုကတည်းက အရိုက်ခံရတာပဲ . (အဟီး)
ပထမဆုံး သွားဖူးတဲ့ ခရီး - မုံရွာမြို့ကိုပါ။
ပထမဆုံး စီးဘူးသောကား - ထော်လာဂျီ
ပထမဆုံး ဆိုတဲ့ သီချင်း - ………..how are u ?.how are u ? very ,very thank u , very ,very thank u how are u…how are u …(အစ စာလုံးကိုတောင် အသံပဲ ထွက်တတ်တော့တယ်. ဘယ်လို စာလုံးပေါင်းမှန်း မသိတော့လို့ မရေးနိုင်ဘူး :P)
ပထမဆုံးရေးဘူးတဲ့ ကဗျာ - အမေ ကဗျာ
ပထမဆုံး ရေးဘူးတဲ့ ရည်းစားစာ - ရေးဘူးတာပေါ့ ။ (ဒါပေမဲ့ မပြောပါဘူး) :P
ပထမဆုံးရသော ရည်းစား - လျှောက်ပြန် သံပေး၊ ခြေအေး ၀မ်းယောင်ဆိုတာ အနော့်ကို ပြောတာ။
ပထမဆုံး ရဘူးသော လက်ဆောင် - ဖေဖေ နဲ့ မေမေက ၀ယ်တော့ ပေးနေတာပဲ . ဒါပေမဲ့ ဘယ်တုန်းကမှ သားကြီး အတွက် လက်ဆောင်ရယ်လို့ မပြောဘူးခဲ့တော့ …ဘယ်လို ပြောရမယ်ကို မသိဘူး။
ပထမဆုံး ရောက်ခဲ့သော နိုင်ငံခြား - ရှရာပိုဗာ ခေါ်လို့ သာ လာရတာ. သိပ်တော့ စိတ်မပါလှဘူး။ မလာရင် ငိုပါမယ် တကဲကဲ လုပ်နေလို့လေ။
ပထမဆုံး လေယာဉ်က လည်း - အဲတုန်းက မှ စီးဘူးတာ.
ပထမဆုံး တစ်ယောက်တည်း ခရီးသွားရတာ - ရန်ကုန်ကနေ အိမ်အပြန်(တော်တော်လေး ပျော်တာ)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ်၊အရက် - ဒုတိယနှစ်မှ စပြီး ဆေးလိပ် ခိုးသောက်တတ်တာပါ။ အရက်ကတော့ ကျောင်းဆင်းပွဲညမှ သောက်ဘူးပါတယ်။
ပထမဆုံး ဆေးရုံတက်ရတာ - ပြင်ဦးလွင်မှာ သင်တန်းတက်နေတုန်းကပါ. ဆေးအခေါ်အဝေါ်အရ Bell Percil လို့ ( ထင်ပါတယ် ) ပါးစပ်တစ်ခြမ်း လေဖြတ်သလို ဖြစ်သွားတာပါ. ဘယ်တုန်းကမှလည်း ရောဂါ မရှိခဲ့ဘူးတော့ အဲလို ဖြစ်မယ်လည်း မထင်ဘူး။ ဖြစ်နေတာ သိသိကြီးနဲ့ ပေတေနေတာလေ. ကံကောင်းလို့ အဲနေ့က သင်တန်းမှုးနဲ့ Table Tenis ကစားနေရင်းမှ .. မင်း ပါးစပ်က ဘယ်လို ဖြစ်နေတာလဲကွဆိုပြီးမေးမှ ဟုတ်တယ်လို့ပြောလိုက်မှ သင်တန်းမှုးက မင်း အဲဒါလေဖြတ်ချင်လို့ဟ ဆိုပြီး သံပရာသီးတွေ ချက်ချင်းယူပြီး ပွတ်ခိုင်း၊ ပြီးတာနဲ့ ဆေးရုံတက်ခိုင်းတော့တာပါပဲ ခင်ဗျာ. သင်တန်းမှုးသာ မပြောခဲ့ရင် အခုချိန်ဆို ကိုချွန်တွန်း ဖြစ်နေလောက်ပြီ အဟား။
ပထမဆုံး ကြည့်ဖူးသော ရုပ်ရှင် - “တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ်၊ အဟုတ်ဖြစ်ရမည်” ဇာတ်ကားနာမည် ဟုတ်လား မဟုတ်လား မသိပါ. ကောလိပ်ဂျင်နေ၀င်းနဲ့ ကျော်ဟိန်းတို့ပါတဲ့ စိတ်ခွန်အားဖြစ်စေတဲ့ ကားလေးပါ။ ကားနာမည်ကို မမှတ်မိပေမဲ့ ကောလိပ်ဂျင်နေ၀င်း ပြောသွားတဲ့ အထက်ပါ စကားလေးကတော့ ကျွန်တော့်အတွက် အမြဲအမှတ်ရနေစေလို့ပါ. အဲဒီ ဇာတ်ကား အရင်က ကြည့်ဘူးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမဲ့ မှတ်မိတာတော့ အခုကားလေးပါပဲ။
ပထမဆုံး ဖတ်မိတဲ့ ၀တ္ထု - ဆားပုလင်း နှင်းမောင်နှင့် မြိုင်ရာဇာတာတေ။
ပထမဆုံး ကျောင်းစပြေးခဲ့တာ - ၁၀တန်း နှစ် ၊ နေ့ခင်းချိန် မတက်ပဲ ဗွီဒီယိုသွားခိုးကြည့်တယ်။ အဲကားလေးကိုလည်း ကြိုက်လို့ မှတ်မိနေဆဲပါ။ “ကျွန်တော် ချစ်သော မိန်းမများ”
ပထမဆုံး ကြိုက်နှစ်သက်ခဲ့သော သီချင်း - ဗဒင်ရဲ့ သိုးမည်းတွေ အကြောင်း၊ ငယ်ငယ်က အဲသီချင်းလေးကို အလွတ်ကျက်ပြီး ဆိုခဲ့ပါတယ်။
ပထမဆုံး ထိုင်ဖူးသော လ္ဘက်ရည်ဆိုင် - ပွင့်ဦး လ္ဘက်ရည်ဆိုင် ( ကျားထိုးတယ်၊ကောင်မလေးတွေ ငေးတယ် ):P
ပထမဆုံး ခင်တဲ့ ဘလော့ဂါ - အိမ်လေး
ပထမဆုံး ဂစ်တာတီးတာ - ဒုတိယနှစ်မှ ပါ။
ပထမဆုံး လည်ပတ်ဘူးသော ဘလော့ - ကိုအောင် နဲ့ မနိုင်းနိုင်းစနေ
မကြီးနဲ့ မီးလေးကလည်း အကြွေးတောင်းနေပြီ၊ ရေးပြီးတာက ၂ရက်ရှိပါပြီ။ အင်တာနက် မရလို့ မတင်နိုင်ပဲ ဒီတိုင်းလေးပြစ်ထားတာ ဒီနေ့မှ ရလို့ တင်နိုင်တယ်လေ။ မကြီးနဲ့ မီးလေးရေ.. နောက်ကျသွားတဲ့ အတွက် တောင်းပန်ပါတယ်။

ရင်ခွင်တစ်စုံ
Monday, September 22, 2008
ကြောက်ဖျား ဖျားနေပါပြီ မကြီးရေ..လို့ ပြောတာလည်း မရ . မအားလို့ ပါဆိုတော့လည်း အေးဆေးပေါ့ဆိုတော့ အောင်မယ်လေး ဒီပို့ကို ဘယ်လိုနည်းနဲ့မှ ရှောင်လို့ မရတော့ပါလားဆိုပြီး ရှက်ရှက်နဲ့ပဲ ( အနော်က အရမ်း ရှက်တတ်တာ ) ရေးလိုက်ရတယ်။ ဒီက ရည်းစားမရှိ လူပျိုအဖြစ် လုပ်စားမလို့ကို မကြီး လုပ်တာနဲ့ လုပ်စားလို့ မရတော့ဘူး။ ဟီးဟီး။ ကဲ…လက်ရှောင် ပေါက်ကောင်ဖော်မယ်။ အသည်းငယ်သူများ မဖတ်ရ။
ကျွန်တော့် ဂျီတော့ထဲမှာ ဘယ်သူအပ်ထားမှန်း မသိတဲ့ နစ်လေးတစ်ခုက လက်ခံပေးဖို့ တောင်းဆိုနေတာလေး တွေ့လိုက်ရတယ်။ ဘယ်သူဘယ်ဝါမှန်း မသိပေမဲ့ လက်ခံခဲ့တယ် ( ဘယ်သူလဲဆိုတာ သိချင်လို့ ) ။
“ယူက ဘယ်သူလဲမသိဘူး……ဘယ်လိုလုပ်ပြီး ကျွန်တော့် အကောင့်ကို ရသွားတာလဲ”
“ဟင် … ဒီလိုပါပဲ”
သူပြောပြဖို့ အခက်တွေ့နေတယ်ဆိုတာ နားလည်လိုက်ပါတယ်။ သူများမပြောချင်တာကို အတင်းမေးတဲ့ အလိုက်မသိတတ်တဲ့လူက ကမ္ဘာပေါ်မှာ အဆိုးဆုံးပဲလေ။ ကျွန်တော်မမေးတော့ပါဘူး။ သူ့ဘာသာ ဘယ်ကရရ .. အကြောင်းရှိလို့ အပ်ထားတာပဲနေမှာပေါ့ ဆိုပြီး သူဘယ်ကလဲ ၊ ဘာလုပ်တာလဲ ၊ အသက်ဘယ်လောက်ရှိပြီလဲစတဲ့ အွန်လိုင်းလောကရဲ့ မေးရိုးမေးစဉ် မေးခွန်းတွေမေးခဲ့ပေမဲ့ သူမကတော့“ဒီလိုပါပဲ” ဆိုပြီး စကားလမ်းကြောင်းလွှဲလွှဲသွားတတ်တယ်။ မထူးပါဘူး..ကျွန်တော်မေးတာ သူ မဖြေတော့လည်း သူမေးတာ ကျွန်တော်ဖြေရတော့မှာပေါ့။
သူမနဲ့စပြီး စကားပြောဖြစ်ခဲ့တယ်။
“ဟဲလို…ဟုတ်ကဲ့ရှင့်..ပြောပါ”
တစ်ကယ်ကို အဲလောက်ယာဉ်ကျေး သိမ်မွေ့စွာပြောလာမယ်လို့ ထင်မထားခဲ့ဘူး။ ကျွန်တော် ဘာပြောရမယ် မသိဖြစ်သွားတယ်။ သူမနဲ့ စကားပြောနေတဲ့ အချိန်တွေအားလုံး သူမက လူကြီးဆန်ဆန် နဲ့ နူးညံ့စွာပဲ ပြောခဲ့တာ သတိထားမိတယ်။
အဲလိုနဲ သူမနဲ့ ကျွန်တော် အွန်လိုင်းမှာ နေ့တိုင်းတွေ့ဖြစ်ခဲ့ကြတယ်။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်လည်း ပိုပြီး နားလည်လာကြသလို အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့တယ်။ သူမ မှာ အဆင်မပြေတာတွေ ရှိလာရင်၊ ဝမ်းနည်းစရာတွေ ရှိလာရင် ကျွန်တော်က သူမအတွက် နှစ်သိမ့်ပေးတဲ့၊ ပျော်ရွှင်အောင် လုပ်ပေးတတ်ပြီး ကျွန်တော် စိတ်ညစ်စရာတွေ ရှိလာရင် သူမက အကျိုးအကြောင်းရှင်းပြပြီး နှစ်သိမ့်ပေးခဲ့တယ်။
သူငယ်ချင်းဘဝမှာ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ သူမနဲ့ တွေ့ဖြစ်နေကျ ညတွေတိုင်းကို အမြန်ဆုံး ရောက်ချင်နေခဲ့တယ်။ ညရောက်ပြီဆိုတာနဲ့ နစ်လေးဖွင့်ပြီး သူမကို စောင့်နေမိတယ်။ သူမလည်း ကျွန်တော်လိုပဲနေမှာပါ။ တစ်ခါတစ်လေ သူမ မအားရင် မလာဖြစ်တဲ့အကြောင်း မေလ်းလေးတော့ ချန်ထားမြဲပါပဲ။ အဲလို သူမ မလာဖြစ်တဲ့ နေ့ဆိုရင် ကျွန်တော် ဘာလုပ်လို့ ၊ ဘာကိုင်ရမယ် မသိတော့ဘူး။ စာပဲ ကျက်ရမလို၊ ထပဲ အော်ပြစ်ရမလိုလို၊ အိပ်ပဲ အိပ်လိုက်ရမလိုလိုနဲ့ ရင်ထဲမှာ ဟာတာတာကြီးနဲ့ တစ်ခုခု လိုနေ သလိုကြီးခံစားလာရတယ်။
ကျွန်တော် ဘာဖြစ်နေတာလဲ။ သူမကို အရမ်းခင်လို့ အခုလောက်ထိ သံယောဇဉ်တွယ်နေတာလား။ ဒါမှ မဟုတ် သူမကို ချစ်နေမိတာလား။
အချစ်ဆိုတာ ရင်းနှီးမှုကနေ စလာတာ လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် သူမကို ချစ်နေမိပြီလား။ မချစ်သေးဘူးလားဆိုတာ သေချာ စဉ်းစားမရခဲ့ဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော့် ရင်ထဲမှာ သူမ မရှိရင် မနေတတ်ဖြစ်နေခြင်းပါပဲ။
ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ပြီး ၆လ အကြာ ( ဖေဖော်ဝါရီ ၁၄ ရက် ၊ ချစ်သူများနေ့ ) မှာ သူမနဲ့ကျွန်တော် အွန်လိုင်းမှာ တွေ့ဖြစ်ခဲ့တယ်။ အဲနေ့မှာ အမှတ်တရလေး ဖြစ်သွားအောင် ဆိုပြီး ကျွန်တော် သူမကို Propose လုပ်ဖို့ စိတ်ကူးထားခဲ့တာ။ ဒါပေမဲ့ တစ်ကယ်တမ်း သူမနဲ့ တွေ့ဖြစ်တော့ ဘယ်လို မှ ပြောမထွက်ဘူး။ ရင်တွေ အရမ်းခုန်လာသလို၊ ခြေဖျားလက်ဖျားတွေလည်း အေးလာတယ်။ ကိုယ်က မဟုတ်တာ လုပ်တော့မှာကိုး။။။ အဖြူရောင်သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို ကူးပြောင်းပေးဖို့ ဘယ်လို အင်အားနဲ့ ပြောရမှာလဲ။ သူမကရော ဘယ်လို ထင်မလဲ။ စိတ်ဆိုးသွားရင် အရမ်းခင်နေတဲ့ သူငယ်ချင်းလေး ဘဝတောင် မရတော့မှာ အရမ်းစိုးရိမ်နေခဲ့တယ်။
“မင်းကို ကိုယ်အရမ်းချစ်တယ်” ဆိုတဲ့ စာလေးက အဆင်သင့် ရိုက်ပြီးသား Enter လေး နှိပ်ဖို့ပဲ ကျန်တော့တယ်။ အဲဒီ အချိန်လေးက ကျွန်တော့် ဘဝမှာ ရင်အခုန်ဆုံးပါလို့ ပြောရင် မမှားဘူးလို့ထင်ပါတယ်။ သူမ ဘာတွေ ပြောနေတယ် ဆိုတာလည်း မသိတော့ဘူး။ ကိုယ့် အတွေးနဲ့ ကိုယ်ကိုပဲ တစ်ယောက်တည်း ရူးနေတာ။ Enter လေး နှိပ်မယ်လုပ်ပြီး မှ ရိုက်ထားတာလေးကို ဖျက်ပြစ်လိုက်၊ ပြန်ရေးလိုက်တဲ့ ဂနာမငြိမ်ဖြစ်နေတယ်။ နောက်ဆုံး ဖြစ်ချင်တာ ဖြစ်တော့ဆိုပြီး ဆုံးဖြတ်ချက်ချပြီး တာနဲ့ ကျွန်တော် သူမကို ချစ်တယ် ဆိုတဲ့ စာလေး ပြန်ရေး.. ဘာမှ စဉ်းစားမနေတော့ပဲ Enter ကို မျက်လုံး မှိတ်ပြီး ရိုက်ချလိုက်တယ် ။ ( အဲလို သတ္တိကောင်းတာ )
“ကောင်မလေး … နင် ငါ့ကို စိတ်ဆိုးသွားပြီလား”
မနေ့ညက သူမကို ချစ်တယ်ပြောပြီး နောက်နေ့မနက် သူမဆီ ဖုန်းဆက်ခဲ့တယ်။
“ဟင့်အင်”
“ဟာ .. ဒါဆို စိတ်မဆိုးဘူးပေါ့ ဟုတ်လား” ကျွန်တော်ကလည်း သိတယ် မလား လူလည် ချက်ဖောင်းပဲလေ ရလာတဲ့ အခွင့်အရေးကို အမိအရ ယူတာပေါ့။ ဒါပေမဲ့…မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့တယ်လေ။
“မဟုတ်ပါဘူး … ကိုယ့်ကိုကိုယ် စိတ်ဆိုးနေတာပါ”
“ဟမ်.. ဘာဖြစ်လို့လည်း”
“အော် … အဲလို ပြောဖြစ်အောင် ကိုယ်ကပဲ အနေအထိုင်မတတ်ခဲ့လို့လားလို့ပါ”
“ယူ့မှာ ဘာအပြစ်မှ မရှိပါဘူး … ရည်းစားစကားအပြောခံရအောင် အနေအထိုင်မတတ်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိပါတယ်”
ကျွန်တော် မနည်းရှင်းပြလိုက်ရတယ်။ ရည်းစား စကားပြောခံရတာ အဲလို ကိုယ့်ကိုကိုယ် အပြစ်တင်ရမယ့် အရာ မဟုတ်တဲ့ အကြောင်း၊ ကိုယ် ဘယ်လိုပဲ နေနေ စိတ်ဝင်စားတဲ့ သူကတော့ ပြောလာမှာပဲလေဆိုပြီး တွေ့ကရာလျှောက်ပြောပြီး ရှင်းပြလိုက်ရတယ်။ (ကိုယ်က Propose လုပ်ထားတဲ့ သူကိုးးးးးးးးးးးးး။ )
နောက်ဆုံး သူမဆီက စဉ်းစားပေးပါ့မယ်ဆိုတဲ့ လက်သုံးစကားနဲ့ နှစ်သိမ့်ပေးလိုက်တယ်။ ဘယ်တော့ ပေးမှာလဲ လို့ မေးကြည့်တော့ ပြန်လာရင်ပေးပါ့မယ်တဲ့ ။ သေစမ်းဟဲ့ ... နန္ဒိယ ကျွန်တော် မြန်မာကို ပြန်ဖို့က ၂ နှစ် ခွဲတောင် ကျန်သေးတယ်။ အဲလောက်ကြီးတော့ မလုပ်နဲ့လေဆိုပြီး သူမနဲ့ တွေ့တိုင်း ဈေးဆစ်တယ်။ သူမကလည်း ခေါင်းမာတယ်။ တစ်ပြာသားမှ မလျှော့ဘူး။ ဈေးဝယ်သလို မလျှော့ပေးရင် မယူတော့ဘူး ဆိုပြီး လှည့်ပြန်သွားလို့ကလည်း မရနဲ့ (အညာစကားနဲ့ ပြောရရင်) တော်တော် ဂွကျနေပြီ။
နောက်ဆုံး ဇနကထုံး နှလုံးမူပြီး မလျှော့သောဇွဲနဲ့ ဈေးဆစ်တာကြောင့် နောက် ၆လ အကြာမှာပဲ သူမဆီက အဖြေကို ရခဲ့တယ်။
အခုဆိုရင် ကျွန်တော် တို့ ချစ်သူတွေ ဖြစ်ခဲ့တာလည်း တစ်နှစ်ပြည်ပြီး သွားပါပြီ။ ချစ်သူ ဖြစ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ရှိသလို၊ ပြသာနာဖြစ်တဲ့ နေ့တွေလည်း ရှိခဲ့တာပါပဲ။ သံယောဇဉ် အရမ်းကြီးပြီး အလေးအနက်ထားတတ် တဲ့ သူမ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး မာနမရှိတဲ့ ကျွန်တော်၊ အရာရာက လွဲမှားစွာ ရှိနေပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး နားလည်ပေးခဲ့ကြပါတယ်။
ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အရင်ကထက် ပိုပြီး နားလည်ပေးခဲ့တယ်။ ပြသာနာ တစ်ခု ဖြစ်လာရင် နှစ်ယောက်တူတူ စဉ်းစားဆုံးဖြတ်တယ်။ ကျွန်တော့် အပေါ်မှာ သူမ အရမ်း နားလည်ပေးတယ်။ ကျွန်တော် ဘာပဲ လုပ်လုပ် ခွင့်လွှတ်ပေးတတ်တဲ့ သူမရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့
အတွက် ကျွန်တော် ကျေနပ်သလို၊ သူမ အပေါ်မှာ ထားတဲ့ ကျွန်တော့် အချစ်အတွက်လည်း သူမ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော် သူမကို ချစ်တယ်။ ဘယ်တော့မှလည်း ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး တစ်ခါတစ်လေမှာ ကိုယ်ကြောင့် မင်း နာကျင်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်. ဒါပေမဲ့ မင်းကို နာကျင်စေချင်တဲ့ ဆန္ဒ ကိုယ့်မှာ တစ်စိုးတစ်စိ မှ မရှိပါဘူး။
ကိုယ်ကတော့ မင်းဆီက ရခဲ့တဲ့ အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ချစ်တယ် ဆိုတဲ့ စကား အပါအဝင် မင်းပေးခဲ့တဲ့ အရာ အားလုံးဟာ ကိုယ့်အတွက် လက်ဆောင်တွေပါပဲ။ ထာဝရ အတွက်ပါ။ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှလည်း မင်းအပေါ်ကို အပြစ်မမြင်ရက်ခဲ့ပါဘူး။ (သူက ဘာအပြစ်မှ မှ မလုပ်တာ။ လုပ်တာက ကျွန်တော် :P )
ကျွန်တော် နဲ့ သူမ အပြင်မှာ ဆုံတွေ့ခွင့် ရမယ့်နေ့လေးမှာတော့ …ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးငှက်လေးတွေရဲ့ သံပြိုင်ဆုတောင်းလေးတွေ နဲ့ သာယာလှပနေပါလိမ့်မယ်။
မှတ်ချက်။ ။ သူမ ကျွန်တော့်ကို ဂျီတော့ အပ်ရခြင်းမှာ သူမ ညီမက ကျွန်တော့် အကောင့်ထဲမှာ ရှိနေလို့ ဘယ်လို သူလဲ ဆိုတာ Checking လိုက်ဖို့အတွက်ပါတဲ့။ (တော်တော်လေးကြာမှ သိခဲ့ရတာ ) ဇာတ်လမ်းရှည်မှာ ဆိုးလို့ ချစ်သူဘဝ အကြောင်းကို အတိုချုံးရေးလိုက်ပါတယ်။

“သူငယ်ချင်းဘဝဆိုတာ အဖြူရောင်ချယ်ထားတဲ့ အိပ်မက်လေးပါ”

“ကောင်မလေးရေ..ငါ့ရင်ဘတ်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေပါကွာ။ ရင်ခုန်သံတွေ မြန်လာအောင် မကစားပါနဲ့”

“ချစ်သူဘဝဆိုတာ တစ်သက်လုံး စိတ်ချမ်းသာစွာ နေနိုင်ဖို့ အတွက် ချစ်သူနှစ်ယောက် ကြိုတင်ပြင်ဆင် လေ့ကျင့်နေတဲ့ ကာလပါပဲ”
ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အရင်ကထက် ပိုပြီး နားလည်ပေးခဲ့တယ်။ ပြသာနာ တစ်ခု ဖြစ်လာရင် နှစ်ယောက်တူတူ စဉ်းစားဆုံးဖြတ်တယ်။ ကျွန်တော့် အပေါ်မှာ သူမ အရမ်း နားလည်ပေးတယ်။ ကျွန်တော် ဘာပဲ လုပ်လုပ် ခွင့်လွှတ်ပေးတတ်တဲ့ သူမရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့
အတွက် ကျွန်တော် ကျေနပ်သလို၊ သူမ အပေါ်မှာ ထားတဲ့ ကျွန်တော့် အချစ်အတွက်လည်း သူမ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော် သူမကို ချစ်တယ်။ ဘယ်တော့မှလည်း ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး တစ်ခါတစ်လေမှာ ကိုယ်ကြောင့် မင်း နာကျင်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်. ဒါပေမဲ့ မင်းကို နာကျင်စေချင်တဲ့ ဆန္ဒ ကိုယ့်မှာ တစ်စိုးတစ်စိ မှ မရှိပါဘူး။
ကိုယ်ကတော့ မင်းဆီက ရခဲ့တဲ့ အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ချစ်တယ် ဆိုတဲ့ စကား အပါအဝင် မင်းပေးခဲ့တဲ့ အရာ အားလုံးဟာ ကိုယ့်အတွက် လက်ဆောင်တွေပါပဲ။ ထာဝရ အတွက်ပါ။ ကိုယ့်ဘဝမှာ ဘယ်တုန်းကမှလည်း မင်းအပေါ်ကို အပြစ်မမြင်ရက်ခဲ့ပါဘူး။ (သူက ဘာအပြစ်မှ မှ မလုပ်တာ။ လုပ်တာက ကျွန်တော် :P )
“ကောင်မလေးရေ … မင်းကိုပေးဖို့
ငါ့မှာ ရင်ခွင်တစ်စုံပဲ ရှိပါတယ်။
မင်း ပင်ပန်းနေရင်…
အဲဒီ ရင်ခွင်မှာ နားခိုပါ။
မင်း ဝမ်းနည်းနေရင်…
အဲဒီ ရင်ခွင်ထဲမှာ ငိုကြွေးပြစ်လိုက်ပါ။
မင်း အားငယ်နေရင်…
အဲဒီ ရင်ခွင်က…နှစ်သိမ့်ပေးပါလိမ့်မယ်။
မင်း စိတ်ညစ်နေရင်
အဲဒီ ရင်ခွင်က..ပျော်ရွှင်အောင်လုပ်ပေးလိမ့်မယ်။
အဲဒီ ရင်ခွင်က…
မင်းအတွက် အင်အားတွေ မွေးထုတ်ပေးမယ့် နေရာတစ်ခု
အဲဒီ ရင်ခွင်က…
မင်းအတွက် အသက်ရှင်နေတဲ့ ရင်ခွင်တစ်စုံပါ
အဲဒီ ရင်ခွင်ထဲမှာတော့…
မင်းကို ချစ်တဲ့ အချစ်တစ်ခုပဲရှိတယ်။”
ငါ့မှာ ရင်ခွင်တစ်စုံပဲ ရှိပါတယ်။
မင်း ပင်ပန်းနေရင်…
အဲဒီ ရင်ခွင်မှာ နားခိုပါ။
မင်း ဝမ်းနည်းနေရင်…
အဲဒီ ရင်ခွင်ထဲမှာ ငိုကြွေးပြစ်လိုက်ပါ။
မင်း အားငယ်နေရင်…
အဲဒီ ရင်ခွင်က…နှစ်သိမ့်ပေးပါလိမ့်မယ်။
မင်း စိတ်ညစ်နေရင်
အဲဒီ ရင်ခွင်က..ပျော်ရွှင်အောင်လုပ်ပေးလိမ့်မယ်။
အဲဒီ ရင်ခွင်က…
မင်းအတွက် အင်အားတွေ မွေးထုတ်ပေးမယ့် နေရာတစ်ခု
အဲဒီ ရင်ခွင်က…
မင်းအတွက် အသက်ရှင်နေတဲ့ ရင်ခွင်တစ်စုံပါ
အဲဒီ ရင်ခွင်ထဲမှာတော့…
မင်းကို ချစ်တဲ့ အချစ်တစ်ခုပဲရှိတယ်။”
ကျွန်တော် နဲ့ သူမ အပြင်မှာ ဆုံတွေ့ခွင့် ရမယ့်နေ့လေးမှာတော့ …ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးငှက်လေးတွေရဲ့ သံပြိုင်ဆုတောင်းလေးတွေ နဲ့ သာယာလှပနေပါလိမ့်မယ်။
“ယနေ့မှ စ၍ ကြင်သူနှစ်ဦးအပေါ်တွင် ဘုရားသခင် ကောင်းချီးပေးပါစေ”
မှတ်ချက်။ ။ သူမ ကျွန်တော့်ကို ဂျီတော့ အပ်ရခြင်းမှာ သူမ ညီမက ကျွန်တော့် အကောင့်ထဲမှာ ရှိနေလို့ ဘယ်လို သူလဲ ဆိုတာ Checking လိုက်ဖို့အတွက်ပါတဲ့။ (တော်တော်လေးကြာမှ သိခဲ့ရတာ ) ဇာတ်လမ်းရှည်မှာ ဆိုးလို့ ချစ်သူဘဝ အကြောင်းကို အတိုချုံးရေးလိုက်ပါတယ်။
Posted in Tag by ကိုစွမ်း
တန်ဖိုးရှိသော ထို (၁၀) ရက်
Sunday, September 14, 2008
ဘာရေးလို့ ရေးရမယ်မသိ ၊ ဝမ်းစာ နည်းတဲ့ ကျွန်တော့် အတွက်တော့ မကြီးက တက်လိုက်တာ ရေးစရာ ပို့လေးတစ်ခု ရသွားတာပေါ့။့ နာမည်ကြီး မင်းသမီး မကြီး (မဝါ)ကိုယ်တိုင်က တက်တာဆိုတော့ ဂုဏ်တောင်ရှိသေး ...နှော်။
တက်လိုက်တဲ့ ခေါင်းစဉ်ကလည်း ကြည့်ဦး ... မသေခင် ၁၀ ရက် အလိုမှာ ဘာတွေလုပ်မလဲတဲ့။ မေးလည်း မေးတတ်ပလေ။ ဘယ်တော့သေမယ်ဆိုတာ မသိတာကို သေဖို့ ၁၀ရက်အလို ဆိုပြီး ကွက်တိကို မေးထားတယ်။ ခေါင်းစဉ်လေးရဲ့ သဘောကတော့သေမှာကို ကိုယ်က ကြိုသိတဲ့ အနေနဲ့ ရေးရမှာ ... ဆိုတော့ကာ ...
ကျွန်တော်သာ... သေဖို့ ၁၀ရက်ပဲလိုတော့တယ်လို့ သိခဲ့ရမယ်ဆိုရင်...
ပထမရက်
ကျွန်တော်ရောက်နေတဲ့ နေရာတစ်ခုကနေပြီး ဖေဖေ၊မေမေ ရှိတဲ့ အိမ်လေးကို ရောက်အောင် ပြန်သွားမယ်။မိဘတွေအပေါ်မှာ ကာယကံ၊ဝစီကံ၊မနောကံတစ်ခုခုနဲ့(မရည်ရွယ်ပဲ)ပြစ်မှား ဘူးခဲ့ရင် ခွင့်လွှတ်ပေးပါလို့ ကန်တော့တောင်းပန်မယ်။ပြီးရင်ဖေဖေ၊မေမေတို့ အနားမှာနေပြီး အတတ်နိုင်ဆုံး ပြုစုပေးမယ်။ ညအိပ်ရာဝင်တိုင်း ကန်တော့အိပ်မယ်(ကျွန်တော့်နောက်ဆုံး အချိန်ဆိုတာ မသိစေရပဲ )။
ဒုတိယရက်
ကျွန်တော့် ညီလေး၂ယောက်နဲ့ ညီမလေးတို့ လုပ်ချင်တာတွေအားလုံး လိုက်လုပ်ပေးမယ်။ ဆောင်းရာသီဖြစ်နေရင်တော့..ကျွန်တော်တို့ ညီအစ်ကိုတွေ ညတိုင်းကစားနေကျကြက်တောင်ရိုက်မယ်။ တစ်ယောက်တည်း လ္ဘက်ရည်ဆိုင်လေးမှာ သွားထိုင်ပြီး သောက်နေကျ လ္ဘက်ရည်လေးတစ်ခွက်ကို အချိန်ယူပြီး အေးအေးဆေးဆေးလေး မော့သောက်ရင်းနဲ့ စီးကရက်တစ်လိပ်ကို အားရပါးရ ရှိုက်ဖွာပြစ်မယ်။
တတိယရက်
ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံတွေအားလုံးနဲ့ အဝတ်အစားတွေ အားလုံးကို မရှိဆင်းရဲသားတွေ လိုက်ပေးမယ်။ အကြွေးတွေ အားလုံး လိုက်ဆပ်မယ်။(ဆပ်လို့ရမယ့်အရာတွေ)
စတုတ္ထရက်
နဖူးပြင်လေးတစ်စုံကို တစ်ဝကြီး နမ်းရှိုက်ပြီး ကျောခိုင်းသွားမယ်။ သူငယ်ချင်းတွေ အားလုံးဆီ လိုက်လည်မယ်။ငယ်ငယ်က ကျောင်းပုန်းနေကျ မူကြိုကျောင်းလေးထဲမှာ သူငယ်ချင်းတွေနဲ့ Table Tenis ရိုက်မယ်။(လာဖမ်းမဲ့ ဆရာတွေ မရှိတော့ ရင်ခုန်စရာတော့ ကောင်းမယ် မထင်ဘူး)
ပဉ္စမရက်
သူတို့တွေနဲ့ သောင်ပြင်တစ်ခုပေါ်မှာ ဘောလုံးချိန်းကန်မယ်။( ခြေကုန်လက်ပန်း ကျတဲ့အထိ )။ ညမှာ ..သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေကျ လမ်းဆုံတစ်ခုရဲ့ ပလက်ဖောင်းပေါ်မှာ အပြင်းစားသီချင်းတွေ အော်ဆိုပြစ်မယ်။ နောက်ဆုံး ...ခင်ဝမ်းရဲ့" ကျွန်တော်သွားတော့မယ် " သီချင်းကို ပလက်ဖောင်းပေါ်မှာပက်လက်လန်အိပ်ပြီး ဆိုမယ်။( အဲဒီအချိန် ကောင်းကင်မှာ ကြယ်လေးတွေ ရှိနေရင်တော့ အရမ်းကောင်းမယ်)
ဆဌမရက်
တရားစခန်းဝင်မယ်။ တရားခွေတွေ နာမယ်။ စိတ်ကို တည်ငြိမ်အောင် ကြိုးစားမယ်။
သတ္ထမရက်
.........................................................................................................................
အဌမရက်

နဝမရက်
........................................................................................................................
ဒသမရက်
*တိုး.. တိတ် .. ငြင် .. သာ .. စွာ .. ပါ .. ပဲ*
အခုရေးပြီးမှ သေချာပြန်စဉ်းစားကြည့်မိတယ်။ ငါနေဖို့ ၁၀ရက်ပဲ လိုတော့တယ်လို့ သိလိုက်ရတော့ ငါ့အတွက် လုပ်စရာတွေက အများကြီးပါလား။ လုပ်ချင်တာတွေနဲ့ယှဉ်ကြည့်လိုက်တော့ လုပ်ခွင့်ရမယ့် အချိန်ဆိုတာလေးက တော်တော်လေးကို နည်းလွန်းနေတယ်လေ။ တစ်ခြား လုပ်စရာတွေ ဆိုတာကို ခဏဘေးမှာထားပြီး ကိုယ့်မိဘနှစ်ပါးနဲ့ အတူနေရဖို့၊ မိဘတွေကို ပြန်လည် ပြုစုဖို့ အတွက်တောင်မှ ငါ့အတွက် ၁၀ရက်လေးပဲ ရပါလား ဆိုတာ သိလိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ဒါတောင် မဝါက သဘောကောင်းပြီး ၁၀ရက် ကြိုသိခွင့်ပေးထားလို့။ တစ်ကယ်တမ်း အပြင်မှာတော့ ၁၀ရက် မပြောနဲ့ ၁ရက်ကလေးတောင်မှ သာမန်လူတစ်ယောက်အနေနဲ့ ကြိုတင်သိဖို့ဆိုတာ မလွယ်ဘူး။ တစ်ကယ်လည်း ကိုယ်ဘယ်နေ့သေမယ်ဆိုတာ ကို မသိလိုက်ရပဲဗြုန်းစားကြီးသာ သေသွားခဲ့မယ်ဆိုရင် ( ၁ရက်လေးတောင်မှ ) မိဘတွေကို ပြန်လည်ကျေးဇူးဆပ်ခွင့်မရတော့ပါလား ဆိုတဲ့ အသိက ...
အခု အသက်ရှင်နေတဲ့ အချိန်တိုင်းမှာ ကောင်းတာလေးတွေ လုပ်ပြီး၊ မိဘတွေရဲ့ ကျေးဇူးကို အတတ်နိုင်ဆုံး ဆပ်သွားမှ တော်ကာကျမယ်။ အခု ကျွန်တော်ရေးထားတယ်ဆိုတဲ့ ဆန္ဒတွေဆိုတာတောင် ဘာမှ မမာမကျန်းမဖြစ်ပဲ ၊ လူကောင်းပကတိကနေ ထွက်ခွာသွားရမယ့် အနေအထားမျိုးပါ။ မကျန်းမမာဖြစ်ပြီး ကုတင်ပေါ်မှာ လဲနေရမယ်။ ပြီးတော့ မနက်ဖြန်မှာပဲ ကျွန်တော် ထွက်ခွာသွားရမယ်ဆိုရင်.....ကျွန်တော် ဘယ်လိုနေမလဲ??? ကိုယ့်ကိုကိုယ် ဘဝကူးကောင်းအောင်လုပ်ဖို့ တစ်ခုကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးပေါ့။???

Tag
Tuesday, September 2, 2008
တူမငယ်လေး Dream က တက်ထားပါတယ် ဦးစွမ်းရေ ဆိုတုန်းက ရမလားဆိုပြီး ရှိုင်း
နေသေးတယ်။ ဟင်...မရေးသေးဘူးလားလို့ မျက်ရည်လေး စမ်းတမ်း စမ်းတမ်းနဲ့ပြော
လာတော့ အော်..မဖြစ်သေးပါဘူး ဟဲ့..ဒီတစ်ခါ မရေးသေးရင် နောက်တစ်ခါ ဆို လမ်း
လယ်ခေါင် ခြေဆင်း၊ ခြေးချင်းပွတ်ပြီး ငိုရချည်ရဲ့ဆိုပြီးအပြေးအလွားရေးလိုက်ရတယ်။
အပြေးအလွား ရေးတယ်ဆိုပေမဲ့ ဖြစ်သလို ရေးထားတာတော့မဟုတ်ပါဘူး။ ဘယ်လို
ရေးရမယ်။ ဘာတွေရေးရမယ်ဆိုတာ သူများတွေ ဆီလိုက်ကြည့်ပြီးရေးခဲ့တာပါ။ကြည့်
တုန်းကတော့ အော်..ကိုယ့်အကြောင်းလေးတွေ ရေးပြရမှာပဲ အေးဆေးပါဆိုပြီး ထင်ခဲ့
တာ တစ်ကယ်လည်းရေးရော.အကြိုက်ဆုံးအရာကနေစပြီးထစ်နေတော့ပဲတစ်ယောက်
နဲ့ တစ်ယောက် တက်ကြ ၊သွားကြ၊လာကြနဲ့တစ်ကယ်ကိုပျော်စရာကြီးပါပဲဗျာ။ပြေးတမ်း
လိုက်တမ်း ကစားနေတာပါပဲ။ တူမငယ် Deamရေ...ဦးစွမ်းရေးပြီး သွားပြီဆိုတော့မငိုနဲ့
တော့နော် .. တစ်တစ် .အော် ငိုထားတာ နှပ်တွေကိုထွက်လို့ပါလားကွယ်ရှို့။သုတ်လိုက်
ပါဦးဗျာ အဟား.။

နာမည် - ကိုစွမ်း
ရင်းနှီးသူတွေကတော့ ဒီလိုခေါ်တယ် - စွမ်းကြီး
နေရာ - မိခင်ရင်ခွင်နဲ့ အဝေး
ဖုန်းဆက်ချင်ရင် - ဂဏန်းလေးတွေ နှိပ်လိုက်ပါ
အကြိုက်ဆုံး အရာ - အိမ်ခေါင်မိုးပေါ် ကျလာတဲ့ မိုးစက်လေးတွေ အသံကို နားထောင်ရင်း စောင်ခြုံလေးထဲမှာ ဝတ္တုဖတ်နေရတာ ( ကော်ဖီလေးတစ်ခွက်နဲ့ )
အကြိုက်ဆုံး စာအုပ် - ဖေမြင့်ရဲ့ "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း"
အရောင်ကတော့ - အပြာနု နဲ့ အေးချမ်းတဲ့ အရောင်နုလေးတွေကို ကြိုက်တယ်
အစားအစာ - လ္ဘက် အရမ်းကြိုက်တယ်။
သီချင်းကျတော့ - တိုက်ဆိုင်တာလေးတွေဆို ပိုခံစားလို့ကောင်းတယ်
ဘဝ စတိုင် အနေနဲ့ - စိတ်ထဲမှာ ရှင်းရှင်းလေး နေရတာမျိုးပါ
ဝါသနာ - ယောင်ခြောက်ဆယ်
အလိုချင်ဆုံးလက်ဆောင် - မရှိပါ
အချစ်ဆုံးတစ်ယောက် - ရှိပါတယ် ( မေမေ ) :P
အလေးစားဆုံးပုဂ္ဂိုလ် - လေးစားထိုက် သူမှန်သမျှ
အခင်ဆုံးသူငယ်ချင်း - အနားတွင် မရှိပါ
နားလည်ပေးနိုင်ဆုံးသူ - အများကြီးပါ
အမုန်းဆုံးသူကတော့ - မရှိပါဘူး။
ရင်အခုန်ဆုံးအချိန် - ခွေးလိုက်ဆွဲလို့ လွတ်အောင် ပြေးနေရတဲ့ အချိန်
အကြောက်ဆုံး - အထင်လွဲခံရမှာ
အပျော်ဆုံးအချိန် - ခရီးလမ်းမှာ ဒုက္ခအိုးကြီးလွယ်ထားရတုန်း ကားရပ်သွားချိန်။ :D
အမှတ်တရနေ့ - မန္တလေးတောင်ခြေမှာပေါ့ဗျာ ( ဆိုင်တွေ အများကြီးပဲလို့ ) :P
ဆုတောင်းတာတော့ - ပိုက်ဆံပြတ်နေချိန် အိမ်က ပိုက်ဆံအမြန် ရောက်ပါစေ။
အချစ်ဆိုတာ - ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာ ..အာ...ဟာ...... :D
အမုန်းဆိုတာ - မရှိကောင်းတဲ့ အရာတစ်ခု
အလွမ်းကတော့ - လူတိုင်းမှာ ရှိကြစမြဲပါပဲ
သံယောဇဉ် - ဘိန်းနဲ့တူတယ်. ( စွဲပြီးရင် ဖြတ်ဖို့ မလွယ်လို့ )
ဘဝ ဆိုတာ - ဘကုန်းရေဘ ဝလုံးရေဝ
သူငယ်ချင်း - ဒုက္ခရောက်ချိန်မှာ မမြင်ချင်ယောင်မဆောင်ပဲ ၊ မိမိရှိရာ ထည့်တိုးဝင်လာတတ်သူ
ချစ်သူဆိုတာ - ပါးစပ်နဲ့ဂစ်တာတီးပြီး သီချင်းဆိုပြရင်တောင် ပြုံးပြုံးလေးနားထောင်တတ်တယ်။
လက်ဆွဲဆောင်ပုဒ် - တော့ မရှိဘူး . ကြိုက်တဲ့ ဆောင်ပုဒ်တွေတော့ ရှိတယ်။
အပြောချင်ဆုံး စကားတစ်ခွန်း - with malice toward none, with charity for all.
ကိုယ့်ကိုကိုယ်တော့ - ငပျင်းလို့ ထင်တယ်။ :)
Posted in Tag by ကိုစွမ်း
Subscribe to:
Posts (Atom)