Showing posts with label ကဗျာ. Show all posts
ချစ်သူသို့
Sunday, February 8, 2009
ချစ်သက်ထားဝေ
ခင်ပျိုမေကို
ခွဲသွေခွာရက်
ချင့်ဆတွက်သော်
ချိန်စက်လီလီ
ခညောင်းချီလဲ
ခိုင်တည်မလွဲ
ချစ်အသဲက
ချစ်မြဲချစ်လျက်နေပါသည်။
ချိန်ခါမပြတ်
ခြားမလပ်ပဲ
ခိုကပ်ရင်မှာ
ခံစားတာကို
ခရာပညတ်
ချစ်လွမ်းဓာတ်လို့
ခေါ်မှတ်သညာ ပြုရမှာလားကွယ်။ ။
ခင်ပျိုမေကို
ခွဲသွေခွာရက်
ချင့်ဆတွက်သော်
ချိန်စက်လီလီ
ခညောင်းချီလဲ
ခိုင်တည်မလွဲ
ချစ်အသဲက
ချစ်မြဲချစ်လျက်နေပါသည်။
ချိန်ခါမပြတ်
ခြားမလပ်ပဲ
ခိုကပ်ရင်မှာ
ခံစားတာကို
ခရာပညတ်
ချစ်လွမ်းဓာတ်လို့
ခေါ်မှတ်သညာ ပြုရမှာလားကွယ်။ ။
ညီညီ
Posted in ကဗျာ by ကိုစွမ်း
ပင်လယ်ပျော့်အလွမ်း
Thursday, January 29, 2009
နီးဝေးရပ်ခွင်၊ရှုတိုင်းမြင်သည်၊
ပင်လယ်ပြာမှိုင်း၊ရေပြာလှိုင်း။
တစ်ရံတစ်ခါ၊ဤရေပြာ၌၊
သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုလွမ်း၍၊
တမ်းတငိုကြွေး၊မျက်ရည်နွေးတို့၊
ရောထွေးပါမျော၊မြင်လေလောဟု၊
ရေကြောလျဉ်မှာ
နာဝါစေသိတ်၊အလွမ်းရိပ်ဖြင့်၊
စိတ်တွေးယာဉ်ရူး၊စုန်ဆန်လူးလို့၊
ရှာခဲ့ဖူးတယ်။
တစ်ရံတစ်ခါ
ပြာပင်လယ်ပျော်၊ငွေဇင်ယော်တို့၊
မှန်းမျှော်တဆွေး၊အလွမ်းတေးကို၊
ရပ်ဝေးသက်ထား၊အကြုံပါးလို့၊
ကိုယ်စားမောင့်ထံ၊အရောက်ပျံကာ၊
တေးသံစကား၊ပြောလေလားဟု၊
ယုံမှားခဲ့ဖူးတယ်။
တစ်ရံတစ်ခါ
စန္ဒာငွေလ၊၀င်းပပ၌၊
ဖြူလွှညက်ညော၊ကြင်သူချော၏
ရွှင်သောမျက်နှာ၊ပြုံးဝတ်လွှာအား၊
ရင်မှာတတမ်း၊မျှော်ရည်မှန်းလို့၊
လွမ်းခဲ့ဖူးတယ်။
မကြာတစ်ကွေ့၊နှစ်ကိုယ်တွေ့မှ၊
ရင်ငွေ့ဝင်ခို၊ခင်သူပျိုအား၊
ကိုယ်ခံစားတာ၊ကိုယ်ချင်းစာလား၊
စကားသံမဲ့
နှလုံးသားနဲ့မေးကြည့်မယ်။ ။
(နာဝါ = လှေ။ စေသိတ်= စိတ်။စေတသိတ်။)
ပင်လယ်ပြာမှိုင်း၊ရေပြာလှိုင်း။
တစ်ရံတစ်ခါ၊ဤရေပြာ၌၊
သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုလွမ်း၍၊
တမ်းတငိုကြွေး၊မျက်ရည်နွေးတို့၊
ရောထွေးပါမျော၊မြင်လေလောဟု၊
ရေကြောလျဉ်မှာ
နာဝါစေသိတ်၊အလွမ်းရိပ်ဖြင့်၊
စိတ်တွေးယာဉ်ရူး၊စုန်ဆန်လူးလို့၊
ရှာခဲ့ဖူးတယ်။
တစ်ရံတစ်ခါ
ပြာပင်လယ်ပျော်၊ငွေဇင်ယော်တို့၊
မှန်းမျှော်တဆွေး၊အလွမ်းတေးကို၊
ရပ်ဝေးသက်ထား၊အကြုံပါးလို့၊
ကိုယ်စားမောင့်ထံ၊အရောက်ပျံကာ၊
တေးသံစကား၊ပြောလေလားဟု၊
ယုံမှားခဲ့ဖူးတယ်။
တစ်ရံတစ်ခါ
စန္ဒာငွေလ၊၀င်းပပ၌၊
ဖြူလွှညက်ညော၊ကြင်သူချော၏
ရွှင်သောမျက်နှာ၊ပြုံးဝတ်လွှာအား၊
ရင်မှာတတမ်း၊မျှော်ရည်မှန်းလို့၊
လွမ်းခဲ့ဖူးတယ်။
မကြာတစ်ကွေ့၊နှစ်ကိုယ်တွေ့မှ၊
ရင်ငွေ့ဝင်ခို၊ခင်သူပျိုအား၊
ကိုယ်ခံစားတာ၊ကိုယ်ချင်းစာလား၊
စကားသံမဲ့
နှလုံးသားနဲ့မေးကြည့်မယ်။ ။
(နာဝါ = လှေ။ စေသိတ်= စိတ်။စေတသိတ်။)
ညီညီ
Posted in ကဗျာ by ကိုစွမ်း
နေရာ
Monday, January 26, 2009
မိတ်ဆွေအများ
နှလုံးသားမှ
မှတ်ကြားနာတုံ
ကောင်းကင်ဘုံဝယ်
ကျွန်ယုံဖြစ်ထက်
အောက်နရက်၌
ပြိုင်ဘက်မဲ့ကင်း
ယမမင်းက
အလျဉ်းသာ၍ ကောင်းပါသည်။ ။
(နရက် = ငရဲ)
နှလုံးသားမှ
မှတ်ကြားနာတုံ
ကောင်းကင်ဘုံဝယ်
ကျွန်ယုံဖြစ်ထက်
အောက်နရက်၌
ပြိုင်ဘက်မဲ့ကင်း
ယမမင်းက
အလျဉ်းသာ၍ ကောင်းပါသည်။ ။
(နရက် = ငရဲ)
ညီညီ
Posted in ကဗျာ by ကိုစွမ်း
လောကကြေးမုံ
Thursday, January 22, 2009
သင်တို့တစ်တွေ
ကြည့်မြင်နေကြ
လှသွေးပုံထင် - ကြေးမုံပြင်။
ကြေးမုံပြင်မှာ
ပြုံးပြပါက
သူဟာသင့်လို
ပြုံးမည်ကိုကွယ် - မြင်လေမယ်။
သို့တည်းပေငဲ့
သင်ကမဲ့သော်
သူရဲ့ပုံသွင် - မဲ့တာမြင်လိမ့်။
လောကတွင်လည်း
ထိုသို့ပဲကွယ်
လူထဲဝန်းကျင်
ဆက်ဆံလျှင်သော်
သင်- ပင်ကောင်းမှ
သူ- ကောင်းကြမည်
သင်- ကဆိုးသန်
အကျင့်တန်က
သူ -ပြန်ကောင်းမှာ
ဖြစ်နိုင်ပါလား
တွေးသာကြည့်လေ - အိုမိတ်ဆွေ။ ။
ကြည့်မြင်နေကြ
လှသွေးပုံထင် - ကြေးမုံပြင်။
ကြေးမုံပြင်မှာ
ပြုံးပြပါက
သူဟာသင့်လို
ပြုံးမည်ကိုကွယ် - မြင်လေမယ်။
သို့တည်းပေငဲ့
သင်ကမဲ့သော်
သူရဲ့ပုံသွင် - မဲ့တာမြင်လိမ့်။
လောကတွင်လည်း
ထိုသို့ပဲကွယ်
လူထဲဝန်းကျင်
ဆက်ဆံလျှင်သော်
သင်- ပင်ကောင်းမှ
သူ- ကောင်းကြမည်
သင်- ကဆိုးသန်
အကျင့်တန်က
သူ -ပြန်ကောင်းမှာ
ဖြစ်နိုင်ပါလား
တွေးသာကြည့်လေ - အိုမိတ်ဆွေ။ ။
ညီညီ
Posted in ကဗျာ by ကိုစွမ်း
သစ်တစ်ရွက်၏ရင်ခုန်သံ
Wednesday, January 21, 2009
ရင်ငွေ့ငါ့အောက်၊ခိုရန်ထောက်၍၊
လာရောက်ကြသူ၊များတွေလူတို့၊
အပူအေးငြိမ်း၊သောကတိမ်းဖို့၊
စိမ်းရောက်ကမ္ဘာ၊ငါ့ခန္ဓာသည်၊
ရော်ဝါညှိုးညောင်း၊အသွင်ပြောင်းလဲ၊
မြလောင်းကာလွာ၊အေးဆာယာကို၊
လိပ်ပြာထုံးပြတ်၊အဆုံးသတ်ထိ၊
မှုန်းခတ်ရေးခြယ်၊ငါပေးမည်။
ဘ၀သင်္ခါ၊ဇရာလာ၍၊
အညှာမခိုင်၊ကြွေကျတိုင်မှ၊
မယိုင်မလဲ၊ငါခိုင်မြဲဖို့၊
သဟဲအမှီ၊ပထ၀ီအား၊
မြေဆီအနှစ်၊ငါပေးရစ်မည်။
ငါ့အားတုနှိုင်း၊စံပြုခိုင်း၍၊
လူ့တိုင်းလူ့ပြေ(ပြည်)၊လူတို့မြေတွင်၊
ချက်ကြွေနေရာ၊မိပြည်ရွာမှ၊
ကမ္ဘာတစ်လွှား၊ကောင်းကျိုးပွားဖို့၊
ကြိုးစားဆောင်ရွက် နိုင်စေသော်။ ။
(ဆာယာ=အရိပ်)
လာရောက်ကြသူ၊များတွေလူတို့၊
အပူအေးငြိမ်း၊သောကတိမ်းဖို့၊
စိမ်းရောက်ကမ္ဘာ၊ငါ့ခန္ဓာသည်၊
ရော်ဝါညှိုးညောင်း၊အသွင်ပြောင်းလဲ၊
မြလောင်းကာလွာ၊အေးဆာယာကို၊
လိပ်ပြာထုံးပြတ်၊အဆုံးသတ်ထိ၊
မှုန်းခတ်ရေးခြယ်၊ငါပေးမည်။
ဘ၀သင်္ခါ၊ဇရာလာ၍၊
အညှာမခိုင်၊ကြွေကျတိုင်မှ၊
မယိုင်မလဲ၊ငါခိုင်မြဲဖို့၊
သဟဲအမှီ၊ပထ၀ီအား၊
မြေဆီအနှစ်၊ငါပေးရစ်မည်။
ငါ့အားတုနှိုင်း၊စံပြုခိုင်း၍၊
လူ့တိုင်းလူ့ပြေ(ပြည်)၊လူတို့မြေတွင်၊
ချက်ကြွေနေရာ၊မိပြည်ရွာမှ၊
ကမ္ဘာတစ်လွှား၊ကောင်းကျိုးပွားဖို့၊
ကြိုးစားဆောင်ရွက် နိုင်စေသော်။ ။
(ဆာယာ=အရိပ်)
ညီညီ
Posted in ကဗျာ by ကိုစွမ်း
ထိုမျက်ရည်
Tuesday, January 20, 2009
နာယူလော့ သားမောင်.
ထွဋ်ဖျားခေါင် မိုးတိမ်ယံမှ၊
ဖြိုးထိန်လျှံ ကြယ်တမွတ်ကို၊
ရွယ်ဆွတ်ဖို့မျှော်။
မေ့ပခုံးပေါ်
နင်းကျော်ကာ အရောက်လှမ်း။
မေ့စကားဟန်
စိတ်အားမာန် အဘယ်ပြင်းလဲ၊
ကြယ်မင်းခြွေ လမ်းမြင့်ဆီသို့၊
လှမ်းဝင့်ချီ မောင်သွားတော့၊
မျက်သားညို ရွှေရည်စို့တယ်၊
မှိုင်းပြာညှို့သမ်း။ ။
(လေဆိပ်သို့ လိုက်ပို့စဉ် အမေသို့)
ထွဋ်ဖျားခေါင် မိုးတိမ်ယံမှ၊
ဖြိုးထိန်လျှံ ကြယ်တမွတ်ကို၊
ရွယ်ဆွတ်ဖို့မျှော်။
မေ့ပခုံးပေါ်
နင်းကျော်ကာ အရောက်လှမ်း။
မေ့စကားဟန်
စိတ်အားမာန် အဘယ်ပြင်းလဲ၊
ကြယ်မင်းခြွေ လမ်းမြင့်ဆီသို့၊
လှမ်းဝင့်ချီ မောင်သွားတော့၊
မျက်သားညို ရွှေရည်စို့တယ်၊
မှိုင်းပြာညှို့သမ်း။ ။
(လေဆိပ်သို့ လိုက်ပို့စဉ် အမေသို့)
ညီညီ
Posted in ကဗျာ by ကိုစွမ်း
မိတ်ဆက်ပေးခြင်း
Monday, January 19, 2009
ကျွန်တော်အခုတင်ပေးမယ့် ကဗျာလေးတွေက ကျွန်တော့်ညီရဲ့ ကဗျာလေးတွေပါ။ သူလည်း ကျွန်တော့်လိုပဲ မိဝေး၊ဖဝေး။ အမိတိုင်းပြည်နဲ့ ဝေးနေတဲ့ သူတစ်ယောက်ပါပဲ။ဒီကဗျာလေးတွေကို သူ့ရဲ့အားလပ်ချိန်လေးတွေမှာ ရေးသားထားတာပါတဲ့။ သူနဲ့ဖုန်းပြောဖြစ်တော့ သူကဗျာလေးတွေ ရေးထားတယ်။ ကိုကို မင်းဘလော့မှာ တင်ချင်တယ်။ မင်းကြိုက်တာလေးတွေ ရွေးပြီးတင်ပေါ့ဆိုပြီး ပို့လိုက်တာပါ။ကျွန်တော်ကလည်း စာရေးပျင်းတဲ့သူ၊ ဘာရေးရမယ် မသိဖြစ်နေတဲ့ အချိန်ဆိုတော့ အကိုက်ဖြစ်သွားတာပေါ့ ဟဲဟဲ။
*အမေ့သား*
လှိုင်း - ကမူ ...
တိုင်းဇမ္ဗူ ပင်လယ်တွင်းသို့၊
ချွတ်နင်းကာ တရွှင်ပျော်တော့၊
ရေယာဉ်ပေါ် လူခပ်သိမ်းမှာ၊
လှိုင်းယိမ်းလို့မူး ။
သို့တကား …
မေ့သားမောင် သဏ္ဍန်စိတ်တွင်၊
တိတ်အခါ ဟိုတစ်ချိန်က၊
ပုခက်အိမ် မေလွှဲထင်ကာပ၊
ပြုံးရွှင်လာမြူး ။ ။
လှိုင်း - ကမူ ...
တိုင်းဇမ္ဗူ ပင်လယ်တွင်းသို့၊
ချွတ်နင်းကာ တရွှင်ပျော်တော့၊
ရေယာဉ်ပေါ် လူခပ်သိမ်းမှာ၊
လှိုင်းယိမ်းလို့မူး ။
သို့တကား …
မေ့သားမောင် သဏ္ဍန်စိတ်တွင်၊
တိတ်အခါ ဟိုတစ်ချိန်က၊
ပုခက်အိမ် မေလွှဲထင်ကာပ၊
ပြုံးရွှင်လာမြူး ။ ။
ညီညီ
Posted in ကဗျာ by ကိုစွမ်း
ကျွန်တော်ကြိုက်သောကဗျာ
Saturday, December 6, 2008
အကြိုက်ဆုံး ကဗျာလေး ရေးပေးဖို့တက်တယ်တဲ့။ အမှန်အတိုင်းပြောရရင် အကြိုက်ဆုံး ကဗျာလေးတွေက မောင်စိန်ဝင်းရဲ့ ကဗျာလေးတွေပါ။ ဒါပေမဲ့ မကြီးက အဲကဗျာတွေကတော့ တက်တဲ့သူ သုံးထားတာမို့  တစ်ခြား ကဗျာဆရာတွေထဲက ရေးပေးဆိုတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာစာစုထဲက အကြိုက်ဆုံး ကဗျာ ၃ပုဒ်ရေးပေးလိုက်ပါတယ်။တက် ရေးခိုင်းတာတော့ တစ်ပုဒ်ထဲပါပဲ။ ၃ပုဒ်ထဲက ဘယ်ဟာအကြိုက်ဆုံးလည်း မသိဖြစ်နေလို့ ၃ပုဒ်လုံး ရေးပေးလိုက်တာပါ။ ဗေဒါပန်းရဲ့ စိတ်ဓာတ်နဲ့ ဇွဲလေးကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်တယ်။ ဗေဒါပန်းလေး ဖြတ်သန်းစီးဆင်းနေတာ လူတစ်ယောက်ဘ၀မှာ လှုပ်ရှား ရုန်းကန်နေရသလိုမျိုး အခက်အခဲ၊အကွေ့အကောက်၊အထုအပုတ် တွေ နဲ့ ပြည့်နှက်နေတာလေးကို ဖော်ကျူးထားတာလေးပါ။ ဘယ်လိုပင် အခက်အခဲတွေ တွေ့တွေ့ ၊ ဘယ်လို လောကဓံတရားတွေကပဲ ရိုက်ခတ် ရိုက်ခတ် ၊ ဘယ်တော့မှ ဦးကျိုးမသွားတဲ့ ဗေဒါပန်းလေးလိုမျိုး အစဉ်ထာဝရ ပန်းပန်နေနိုင်ဖို့အတွက် တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
ပန်းပန်လျက်ပဲ
ညိုပြာပြာ လတာပြင် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ့ ရေပေါလော၊မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ့ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုးအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
*****
ဆိုင်ခင်းလျက်ပဲ
အညာလှေ
အညာမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
တံငါလှေ
တံငါမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာ မြှောင်
အိုးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာ မြှောင်
ငါးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာ နား။
ခယင်ငါးရယ်နဲ့
ငါးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ဒီလမ်းက ပန်းဗေဒါ။
ဆုန်ရေ စန်ရေနဲ့
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရာဘု သူတို့နည်း။
အပြာမှာ အ၀ါ ကွက်ကယ်နဲ့
အတက်မှာ သူရွှင်ပြပေမဲ့
ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။
*****
ဗေဒါ နှင့် ကျူပင်
မဗေဒါ ၊ ဆန်လာပေါ့ အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း
ရေမွန်းလိုက်ရင်း။
ဗေဒါဆွေ၊ ရေစုန်နဲ့ ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း။
သောင်ထွန်းလိုက်ရင်း။
မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ပုန်းရပြန်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။
ကျူပင်ရိုးမှာတော့၊ ယိမ်းထိုးရ အခါခါ။
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရ ဘယ်နဲညာ၊ရိုးတံညှာ ရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ ယိမ်း။ ။
*****
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ညိုပြာပြာ လတာပြင် ခြေရင်း။
လှိုင်းတက်ရ ဗေဒါတက်၊လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ့ ရေပေါလော၊မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ့ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုးအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ(တည်း)။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
*****
ဆိုင်ခင်းလျက်ပဲ
အညာလှေ
အညာမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
တံငါလှေ
တံငါမြေ ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာ မြှောင်
အိုးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ကမ်းစပ်မှာ မြှောင်
ငါးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာ နား။
ခယင်ငါးရယ်နဲ့
ငါးမျိုးစုံကြုံလေခိုက်၊ ၀ယ်လိုက်ပါလား တဲ့။
ဒီလမ်းက ပန်းဗေဒါ။
ဆုန်ရေ စန်ရေနဲ့
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရာဘု သူတို့နည်း။
အပြာမှာ အ၀ါ ကွက်ကယ်နဲ့
အတက်မှာ သူရွှင်ပြပေမဲ့
ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။
*****
ဗေဒါ နှင့် ကျူပင်
မဗေဒါ ၊ ဆန်လာပေါ့ အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း
ရေမွန်းလိုက်ရင်း။
ဗေဒါဆွေ၊ ရေစုန်နဲ့ ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း။
သောင်ထွန်းလိုက်ရင်း။
မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ပုန်းရပြန်ရင်း။
ဗေဒါဆွေ၊ စုန်ရေနဲ့ ပြန်ဆင်း။
နုန်းနှစ် လတာပြင်က
ညောင်ညိုပင် မြစ်ပါးပျဉ်း၊ ခေါင်းဖော်လိုက်ရင်း။
ကျူပင်ရိုးမှာတော့၊ ယိမ်းထိုးရ အခါခါ။
မဗေဒါ စုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရ ဘယ်နဲညာ၊ရိုးတံညှာ ရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို၊ သည်းခံလို့ ယိမ်း။ ။
*****
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
Posted in ကဗျာ by ကိုစွမ်း
အိုးပုတ်ဂျိုးရုပ်
Monday, August 11, 2008
ဘဝတစ်ခုရဲ့ အစပျိုးချိန်လေးကို
ပျော်ရွှင်စရာအချိန်လေးတွေ အဖြစ်
မင်းအတွက် ဖန်တီးပေးခဲ့ပါတယ်။
တိုးတက်လာတဲ့ ခေတ်ကြီးနဲ့အတူ
ကြီးပြင်းခဲ့တဲ့ သူတစ်ယောက်အနေနဲ့
စွဲမက်၊ ပျော်ရွှင်စရာတွေ
အမျိုးမျိုး ဖန်တီးပေးနိုင်တဲ့
ခေတ်ပေါ် အသစ်အဆန်းတွေအားလုံး
င့ါနေရာမှာ အစားသုံးပြီး
မင်း ပျော်လို့ရပါတယ်။
ငါကိုယ်တိုင်......
ဖန်တီးပေးအပ်နိုင်စွမ်းမရှိခဲ့ပေမဲ့
မင်း ပျော်နေတာကို ကြည့်ပြီး
ငါ ကျေနပ်ခဲ့ပါတယ်။
တစ်ချိန်က ငါ့ဘဝကို
မင်းအတွက်ဆိုတာ တစ်ခုတည်းနဲ့
စိတ်တိုင်းကျ ပုံသွင်းခံခဲ့တာကိုလည်း
သတိမရပဲ .....
ဂျောင်ထိုးထားလို့လည်း ရပါတယ်။
ဒါပေမဲ့......
ခြေထောက်နဲ့တော့ ကန်မသွားပါနဲ့ကွာ.
ရင်နာလို့ပါ။
#PS#
ပျော်ရွှင်စရာအချိန်လေးတွေ အဖြစ်
မင်းအတွက် ဖန်တီးပေးခဲ့ပါတယ်။
တိုးတက်လာတဲ့ ခေတ်ကြီးနဲ့အတူ
ကြီးပြင်းခဲ့တဲ့ သူတစ်ယောက်အနေနဲ့
စွဲမက်၊ ပျော်ရွှင်စရာတွေ
အမျိုးမျိုး ဖန်တီးပေးနိုင်တဲ့
ခေတ်ပေါ် အသစ်အဆန်းတွေအားလုံး
င့ါနေရာမှာ အစားသုံးပြီး
မင်း ပျော်လို့ရပါတယ်။
ငါကိုယ်တိုင်......
ဖန်တီးပေးအပ်နိုင်စွမ်းမရှိခဲ့ပေမဲ့
မင်း ပျော်နေတာကို ကြည့်ပြီး
ငါ ကျေနပ်ခဲ့ပါတယ်။
တစ်ချိန်က ငါ့ဘဝကို
မင်းအတွက်ဆိုတာ တစ်ခုတည်းနဲ့
စိတ်တိုင်းကျ ပုံသွင်းခံခဲ့တာကိုလည်း
သတိမရပဲ .....
ဂျောင်ထိုးထားလို့လည်း ရပါတယ်။
ဒါပေမဲ့......
ခြေထောက်နဲ့တော့ ကန်မသွားပါနဲ့ကွာ.
ရင်နာလို့ပါ။
#PS#
ကျွန်တော်ရေးသားခဲ့သော ကဗျာဆန်ဆန် စာစုလေးများအား ကဗျာ ဟု level တပ်ထား ပါ
သော်လည်း ကဗျာဟု မရည်ရွယ်ပါ။ ကဗျာတစ်ပုဒ်ကိုလည်း ကောင်းကောင်းမွန်မွန် မရေးဖွဲ့
တတ်ပါ။ ထိုကြောင့် ကဗျာlevelရှိ (ကျွန်တော်ရေးသားသော) စာစုလေးများသည်ကျွန်တော်
ရေးတတ်သလို ရေးသားထားခြင်းမျှသာ ဖြစ်ပါသဖြင့် ကဗျာတစ်ပုဒ်ရဲ့ ဂုဏ်နဲ့ မညီညွှတ်ခဲ့ရင်
ခွင့်လွှတ်ပေးစေချင်ပါသည်။
သော်လည်း ကဗျာဟု မရည်ရွယ်ပါ။ ကဗျာတစ်ပုဒ်ကိုလည်း ကောင်းကောင်းမွန်မွန် မရေးဖွဲ့
တတ်ပါ။ ထိုကြောင့် ကဗျာlevelရှိ (ကျွန်တော်ရေးသားသော) စာစုလေးများသည်ကျွန်တော်
ရေးတတ်သလို ရေးသားထားခြင်းမျှသာ ဖြစ်ပါသဖြင့် ကဗျာတစ်ပုဒ်ရဲ့ ဂုဏ်နဲ့ မညီညွှတ်ခဲ့ရင်
ခွင့်လွှတ်ပေးစေချင်ပါသည်။
Posted in ကဗျာ by ကိုစွမ်း
အမေ ( ၁ )
Thursday, April 24, 2008
သူများတွေလို
အမေ... ပညာမတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။
သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့...
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။
သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။
သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့မှာ အမေ အမြဲတမ်း နေပေးခဲ့တယ်။
သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ
ထွေးပွေ့ထားခဲ့တယ်။
သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ အိပ်စက်ခွင့်တွေ
ရခဲ့တယ်။
သူများတွေလို
အမေ...သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က ဖားကလေးတွေ
ကောက်ပေးခဲ့တယ်။
မိဘရဲ့ မေတ္တာဘာလဲဆိုတာ...
အမေ မသိ။
ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်...
အမေ နားမလည်ပါ။
အမေ့မှာ ပညာဗလာ ၊ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။
အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။
အမေ... ပညာမတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။
သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့...
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။
သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။
သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့မှာ အမေ အမြဲတမ်း နေပေးခဲ့တယ်။
သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ
ထွေးပွေ့ထားခဲ့တယ်။
သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ အိပ်စက်ခွင့်တွေ
ရခဲ့တယ်။
သူများတွေလို
အမေ...သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က ဖားကလေးတွေ
ကောက်ပေးခဲ့တယ်။
မိဘရဲ့ မေတ္တာဘာလဲဆိုတာ...
အမေ မသိ။
ပေးဆပ်ခြင်းရဲ့ အဓိပ္ပါယ်...
အမေ နားမလည်ပါ။
အမေ့မှာ ပညာဗလာ ၊ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။
အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။
အမေ့အတွက် ကျွန်တော့်ဘဝရဲ့ ပထမဆုံး ရေးဖွဲ့ခဲ့တဲ့ ကဗျာလေးပါ ။ ကာရန်တွေ၊နပေတွေ ကျွန်တော်နားမလည်ပါဘူး။ ရေးချင်တာနဲ့ လျှောက်ရေးလိုက်တာပါ။ မကောင်းဘူးဆိုရင် အမေ့ အကြောင်းလေးတွေကို ပေါ်လွင်အောင် မသီကုံးတတ်တဲ့ ကျွန်တော့်မှာပဲ အပြစ်ရှိပါတယ်။ အားလုံးပဲ ဝေဖန် အကြံပေးနိုင်ပါတယ် ခင်ဗျာ။
Posted in ကဗျာ by ကိုစွမ်း
Thursday, April 3, 2008
နတ်သမီး
ငါ့ဘဝရဲ့  နတ်သမီး...
ငါ့ရင်ကို လင်းတောက်ပြုစားတဲ့...နတ်သမီး...
မြတ်မြတ်နိုးနိုး ချစ်ရရိုး အမှန်ပါ...
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ရတာလေ...
နေညိုညို ဘဝတွေ အိုတာတောင်
မပြောင်းမလဲ ကျန်ရစ်မယ့် အဖြစ်
ငါ့အချစ်ပဲဖြစ်မယ်...
ငါ့ရဲ့ ပိုင်ဆိုင်လိုမှုလောဘတစ်ခုတည်းနဲ့
မင်းရဲ့ အတောင်ပံတွေကို မရိုက်ချိုးရက်ခဲ့ပါဘူး...
ငါ့နတ်သမီး
ကြယ်ကိုစီးပြီး ခရီးနှင်ပါ
ဘုံအဆင့်ဆင့်မှာစံပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ...
မင်း...ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အနားယူဖို့လိုအပ်လာခဲ့ရင်တော့
ငါ့ဆီကို ပြန်လာခဲ့ပါ...
မင်းကို ချစ်တယ် ကောင်မလေးရယ်...။
ငါ့ဘဝရဲ့  နတ်သမီး...
ငါ့ရင်ကို လင်းတောက်ပြုစားတဲ့...နတ်သမီး...
မြတ်မြတ်နိုးနိုး ချစ်ရရိုး အမှန်ပါ...
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး ဖူးခဲ့ရတာလေ...
နေညိုညို ဘဝတွေ အိုတာတောင်
မပြောင်းမလဲ ကျန်ရစ်မယ့် အဖြစ်
ငါ့အချစ်ပဲဖြစ်မယ်...
ငါ့ရဲ့ ပိုင်ဆိုင်လိုမှုလောဘတစ်ခုတည်းနဲ့
မင်းရဲ့ အတောင်ပံတွေကို မရိုက်ချိုးရက်ခဲ့ပါဘူး...
ငါ့နတ်သမီး
ကြယ်ကိုစီးပြီး ခရီးနှင်ပါ
ဘုံအဆင့်ဆင့်မှာစံပြီး
ကံအဆင့်ဆင့်လည်း မြင့်သထက်မြင့်ပါစေ...
မင်း...ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အနားယူဖို့လိုအပ်လာခဲ့ရင်တော့
ငါ့ဆီကို ပြန်လာခဲ့ပါ...
မင်းကို ချစ်တယ် ကောင်မလေးရယ်...။
Posted in ကဗျာ by ကိုစွမ်း
အမေ့အိမ်က ကြေးစည်သံ
ခုချိန်ဆိုရင်
သုံးပင်တိုင်ခန်း
အိမ်ရှေ့ခြမ်းထိပ်၊တိတ်ဆိတ်စွာထိုင်
အမေ ပုတီးကိုင်တော့မည်။
ပုတီးအချ၊အနန္တအမေ
အမျှဝေတိုင်း၊ကြေးစည်ဝိုင်းတီး
သားကြီးမရှိ၊ဝေးသည့်ခိုက်တွင်
အမေ့စိတ်ရွှင် ပျော်ပါ့မလား။
ကြေးစည်တီးသံ နားထံပြန်ကြား
အမေ့အပါးသို့ ၊ပြန်လို့လာချင်
တွေ့မြင်ချင်မိ...
အိုသည့်အရိပ်လည်းအေးသည်ပင်။ ။
သုံးပင်တိုင်ခန်း
အိမ်ရှေ့ခြမ်းထိပ်၊တိတ်ဆိတ်စွာထိုင်
အမေ ပုတီးကိုင်တော့မည်။
ပုတီးအချ၊အနန္တအမေ
အမျှဝေတိုင်း၊ကြေးစည်ဝိုင်းတီး
သားကြီးမရှိ၊ဝေးသည့်ခိုက်တွင်
အမေ့စိတ်ရွှင် ပျော်ပါ့မလား။
ကြေးစည်တီးသံ နားထံပြန်ကြား
အမေ့အပါးသို့ ၊ပြန်လို့လာချင်
တွေ့မြင်ချင်မိ...
အိုသည့်အရိပ်လည်းအေးသည်ပင်။ ။
တီတီတီ
Posted in ကဗျာ by ကိုစွမ်း
မောင်စိန်းဝင်း ကဗျာများ
ဝေး
လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။
အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။
သမုဒယဆိုတဲ့ ချစ်ကြ်ုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။
ထာဝရ
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။
နွယ်အရိပ်
တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။
လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။
ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....
ကာလ ဘယ်လောက်ကြာကြာ...။
အချစ်ဦး
တသက်တခါ တလွှာတရွက်
တခက်တပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ ညှာတံပဲ ခြောက်ခြောက်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲမြတ်နိုးမယ်။
အရိန္ဒမာသိပါသည်
မြင်ကတည်းက
ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဏာမတော်မတရားနဲ့
အရှင့်အာဏ္ဏာစော်ကားခဲ့သူမို့
(သြော်...)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။
မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်
ဝေဒနာရှိသူရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာကနှစ်ဆင့်ပိုကဲ။
အရှင့်ဘဏ္ဏာမတော်မတရားနဲ့
ဘုရင့်အာဏ္ဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။
အရှင့်အာဏ္ဏာမဖီဆန်ရဲတာကြောင့်
လက်လွှဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက
ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်...
ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။
ညို
ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။
ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်ရပါသည်။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသောအခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။
လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။
အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။
သမုဒယဆိုတဲ့ ချစ်ကြ်ုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။
ထာဝရ
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။
နွယ်အရိပ်
တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။
လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။
ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....
ကာလ ဘယ်လောက်ကြာကြာ...။
အချစ်ဦး
တသက်တခါ တလွှာတရွက်
တခက်တပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ ညှာတံပဲ ခြောက်ခြောက်
ဖြုတ်ခနဲပဲ ကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲမြတ်နိုးမယ်။
အရိန္ဒမာသိပါသည်
မြင်ကတည်းက
ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဏာမတော်မတရားနဲ့
အရှင့်အာဏ္ဏာစော်ကားခဲ့သူမို့
(သြော်...)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။
မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်
ဝေဒနာရှိသူရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာကနှစ်ဆင့်ပိုကဲ။
အရှင့်ဘဏ္ဏာမတော်မတရားနဲ့
ဘုရင့်အာဏ္ဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။
အရှင့်အာဏ္ဏာမဖီဆန်ရဲတာကြောင့်
လက်လွှဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ်သခင်ထင်သလား
ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက
ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်...
ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။
ညို
ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။
ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။
ချစ်သူ
မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်ရပါသည်။
အလွန်ဝေးကွာသည့်အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသောအခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။
Posted in ကဗျာ by ကိုစွမ်း
ဟုတ်မယ်ထင်တာပဲ:)
( ၁ ) ချစ်သူဘဝ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အကြည့်ချင်းဆုံနေလျှင်လည်း အလကားဖြစ်၏ ။
( ၂ ) ချစ်သူဘဝ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏ ။
( ၃ ) ချစ်သူဘဝ ။ ။ ကလေး ဘယ်နှယောက် ယူလိုက်မည်ဟု စိတ်ကူး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင် အကောင်းသားဟု တွေး၏ ။
( ၄ ) ချစ်သူဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ သူ့အားပေး၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏ ။
( ၅ ) ချစ်သူဘဝ ။ ။ မွှန်နေသော်လည်း ကိစ္စမရှိဟု ဆို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိစ္စရှိမှ မွှန်၏ ။
( ၆ ) ချစ်သူဘဝ ။ ။တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ဖုန်းထဲမှ အော်ရသည်ကိုပင် အားမရ ။
( ၇ ) ချစ်သူဘဝ ။ ။ ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကဗျာရေးသူ ငစနူ ။
( ၈ ) ချစ်သူဘဝ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သူငိုလျှင် TV အစီအစဉ်ကောင်းပြီ ။
( ၉ ) ချစ်သူဘဝ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ ။
( ၁၀ ) ချစ်သူဘဝ ။ ။ လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏ ။
( ၁၁ ) ချစ်သူဘဝ ။ ။ အစာစားလျှင် ခွံကျွေးမှ ကြိုက်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏ ။
( ၁၂ ) ချစ်သူဘဝ ။ ။ အချစ်သီချင်းများသာ နားထောင်၏ ။
အိမ်ထောင်သည်ဘဝ ။ ။ ကက်ဆက်အကြောင်းသာပြော၏ ။
( ၁၃ ) ချစ်သူဘဝ ။ ။ ချစ်သူ အကြောင်းသာပြော၏ ။
အိမ်ထောင်သည်ဘဝ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏ ။
( ၁၄ ) ချစ်သူဘဝ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏ ။
အိမ်ထောင်သည်ဘဝ ။ ။ လူပေါင်းမှားခဲ့မိသည့်အတွက် ရင်ထုမနာ ဖြစ်၏ ။
Posted in ကဗျာ by ကိုစွမ်း
ကကြီးမှအ
က..................ကို တဲ့
ခ...................ချစ်တယ်ကွာ လို့ဆိုတော့
ဂ....................ဂလိုပေါ့တဲ့
ဃ..................ဃဂဏန သိပါရစေ ဆိုတော့
င...................ငယ်ပါသေးတယ်တဲ့
စ...................စိုမိုးလှချည်လားကွယ် ဆိုတော့
ဆ.................ဆိုးပါဘူးတဲ့
ဇ...................ဇက်ပုသွားမယ်နော်ဆိုတော့
ဈ...................ဈေးမှာသွားပြောတဲ့
ည..................ညကိုလာခဲ့မယ်ဆိုတော့
( )..................^^^*******^^^
တ..................တင်းလှချည်လားကွယ် ဆိုတော့
ထ..................ထင်လို့ပါ တဲ့
ဒ...................ဒါဖြင့်ရင် ဆိုတော့
ဓ...................ဓာတ်လိုက်မှာ ဆိုးလို့တဲ့
န...................နမ်းပါရစေလားကွယ် ဆိုတော့
ပ...................ပါးကိုလား တဲ့
ဖ...................ဖက်ထားပါရစေဆိုတော့
ဘ.................ဘယ်ကိုလဲတဲ့
မ...................မတွေရ့ရင်မနေနိုင်ဘူးကွယ် ဆိုတော့
ယ.................ယုယလိုက်တာကွယ် တဲ့
ရ...................ရင်ထဲမှာအမြဲထွေးပွေ့ထားချင်တယ်ဆိုတော့
လ..................လူလည်းမကျနဲ့တဲ့
ဝ...................ဝင်းအိနေတဲ့အသားလေးတွေပဲနော် ဆိုတော့
သ..................သိသားပဲ တဲ့
ဟ..................ဟိတ် ဆိုတော့
အ..................အို တဲ့
Posted in ကဗျာ by ကိုစွမ်း
ဆိုရိုးစကားများ
Two souls with but
a single thought,
two hearts that beat
as one.
ဝိညာဉ်နှစ်ခုပေမဲ့ အတွေးက
တစ်ခုတည်း ၊ နှလုံးသားနှစ်ခုဟာ
နှလုံးသားတစ်ခုတည်းလိုပဲ
ရင်ခုန်တယ်။
( ဂျွန် ကိစ် )
Love is but
the discovery of ourselves
in
others,
and the delight of
recognition.
အချစ်ဆိုတာ ကျွန်ုပ်တို့ ဟာ
သူတစ်ပါးတွေထံမှာ
မိမိကိုယ်မိမိ ရှာဖွေတွေ့ ရှိလိုက်တာပါပဲ ။
မိမိကိုယ်မိမိ
မှတ်မိတဲ့အတွက်လည်း
ပျော်ရွှင်ရတယ် ။
( အလက်ဇန်ဒါး စမစ် )
Love is
the beauty of
the soul.
အချစ်ဆိုတာ
ဝိညဉ်ရဲ့ 
အလှတရား ။
( စိန့်  သြဂတ်စတင်း )
But to see
her was to
love her,
ove but her,
and love her
forever.
သူမကို
မြင်ရဖို့ ဆိုတာ
သူမကို ချစ်ရဖို့ ပါ ။
သူမကို
ချစ်ရတာဟာ
သူမကို
ထာဝရ
ချစ်သွားဖို့ ပါ ။
( ရောဘတ် ဘန်းစ် )
A life
without love is
like a year
without
summer.
အချစ်မရှိတဲ့
ဘ၀တစ်ခုဟာ
နွေရာသီမရှိတဲ့
နှစ်ကာလ
တစ်ခုလိုပါပဲ ။
( ဆွီဒင် စကားပုံ )
Love is
a beautiful dream.
အချစ်ဆိုတာ
လှပတဲ့ အိပ်မက်တဲ့ အိပ်မက်တစ်ခုပါ ။
( ၀ီလျံ ရှပ် )
To love is
to receive
a glimpse
of
heaven.
ချစ်ခြင်းဟာ
ကောင်းကုံဘုံကို
ဖျတ်ခနဲ
မြင်လိုက်ရခြင်းပါပဲ ။
( ကာရင် ဆန်ဒီ )
a single thought,
two hearts that beat
as one.
ဝိညာဉ်နှစ်ခုပေမဲ့ အတွေးက
တစ်ခုတည်း ၊ နှလုံးသားနှစ်ခုဟာ
နှလုံးသားတစ်ခုတည်းလိုပဲ
ရင်ခုန်တယ်။
( ဂျွန် ကိစ် )
Love is but
the discovery of ourselves
in
others,
and the delight of
recognition.
အချစ်ဆိုတာ ကျွန်ုပ်တို့ ဟာ
သူတစ်ပါးတွေထံမှာ
မိမိကိုယ်မိမိ ရှာဖွေတွေ့ ရှိလိုက်တာပါပဲ ။
မိမိကိုယ်မိမိ
မှတ်မိတဲ့အတွက်လည်း
ပျော်ရွှင်ရတယ် ။
( အလက်ဇန်ဒါး စမစ် )
Love is
the beauty of
the soul.
အချစ်ဆိုတာ
ဝိညဉ်ရဲ့ 
အလှတရား ။
( စိန့်  သြဂတ်စတင်း )
But to see
her was to
love her,
ove but her,
and love her
forever.
သူမကို
မြင်ရဖို့ ဆိုတာ
သူမကို ချစ်ရဖို့ ပါ ။
သူမကို
ချစ်ရတာဟာ
သူမကို
ထာဝရ
ချစ်သွားဖို့ ပါ ။
( ရောဘတ် ဘန်းစ် )
A life
without love is
like a year
without
summer.
အချစ်မရှိတဲ့
ဘ၀တစ်ခုဟာ
နွေရာသီမရှိတဲ့
နှစ်ကာလ
တစ်ခုလိုပါပဲ ။
( ဆွီဒင် စကားပုံ )
Love is
a beautiful dream.
အချစ်ဆိုတာ
လှပတဲ့ အိပ်မက်တဲ့ အိပ်မက်တစ်ခုပါ ။
( ၀ီလျံ ရှပ် )
To love is
to receive
a glimpse
of
heaven.
ချစ်ခြင်းဟာ
ကောင်းကုံဘုံကို
ဖျတ်ခနဲ
မြင်လိုက်ရခြင်းပါပဲ ။
( ကာရင် ဆန်ဒီ )
Posted in ကဗျာ by ကိုစွမ်း
စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်
ငါ့ဆီငါ ပြန်ရောက်လာပါတော့မလား
မြေပုံကြမ်းကိုကြည့်ပြီး
လမ်းလျှောက်နေရတာ...
မောလှပြီ ။
ငါ့ကိုယုံပါ
ငါဟာ...
လမ်းကူးတာတောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ့
ခွေးလေခွေလွင့်တစ်ကောင်ပါ ။
ငါ ... မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ ...
ငါ့ကို ... ယုံပါ ။
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ... ယုံပါ ။
( ဖိနပ်မစီးထားတဲ့
ကလေးငယ်လိုပဲ ...
ဘယ်သူကမှ
အိမ်ထဲကို မဖိတ်ချင်ကြဘူး )
လက်တစ်ဘက်နဲ့
ခေါ်လို့မရတဲ့ကောင်းကင်
လက်နှစ်ဘက်နဲ့ခေါ်လည်း
အရာမထင်ဘူး ။
ငါ ...တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ ... ။
မြေပုံကြမ်းကိုကြည့်ပြီး
လမ်းလျှောက်နေရတာ...
မောလှပြီ ။
ငါ့ကိုယုံပါ
ငါဟာ...
လမ်းကူးတာတောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ့
ခွေးလေခွေလွင့်တစ်ကောင်ပါ ။
ငါ ... မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ ...
ငါ့ကို ... ယုံပါ ။
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ... ယုံပါ ။
( ဖိနပ်မစီးထားတဲ့
ကလေးငယ်လိုပဲ ...
ဘယ်သူကမှ
အိမ်ထဲကို မဖိတ်ချင်ကြဘူး )
လက်တစ်ဘက်နဲ့
ခေါ်လို့မရတဲ့ကောင်းကင်
လက်နှစ်ဘက်နဲ့ခေါ်လည်း
အရာမထင်ဘူး ။
ငါ ...တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ ... ။
တာရာမင်းဝေ
Posted in ကဗျာ by ကိုစွမ်း
Subscribe to:
Posts (Atom)