ရင်ခွင်
Tuesday, August 5, 2008
ဟိုး..အနောက်ဆီမှာ မှုန်ပျပျ မြင်နေရတဲ့ ရှင်မတောင်..တောင်၊ အနားယူဖို့ ပြင်ဆင်နေတဲ့ ရွှေအိုရောင် နေမင်းကြီးတို့ရဲ့ အလှ၊ချင်းတွင်းမြစ်ရဲ့တသွင်သွင်စီးဆင်းနေတဲ့
ရေစီးသံနဲ့အတူ အိပ်တန်းပြန် ငှက်လေးတွေရဲ့ အော်သံတွေနဲ့အတူ ညနေခင်းလေးတစ်ခုဟာ အရမ်းလှပနေတယ်။သူ တစ်ယောက်တည်း။ဟုတ်တယ်။သူတစ်ယောက်
တည်းပါပဲ။ ထိုင်ကြည့်နေမိတာ အချိန်ဘယ်လောက်ကြာသွားပြီလဲ ဆိုတာတောင် သူ့ကိုယ်သူ မသိတော့ဘူး။ ညနေခင်းရဲ့ အလှတွေထဲမှာ သူ့စိတ်တွေ မိန်းမောသွား
လို့လား။ မဖြစ်နိုင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မျက်အိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေပြီး သူ့မျက်ဝန်းတစ်စုံကလည်း တစ်နေရာတည်းကို စိုက်ကြည့်နေ
တယ်။ သေချာတယ် ။ သူ့ရင်ထဲမှာတော့.............တိတ်ဆိတ်စွာ ဆုတောင်းနေမိတယ် ။ မင်းတို့လေးတွေပြန်လာပါတော့။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ရင်ခွင်ကနေပြီး သူချစ်တဲ့ သူတို့လေးတွေတစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားတိုင်း သူနာကျင်ခဲ့ရတယ်။ အချိန်ကာလတွေ ဘယ်
လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား သူကတော့ သူ့ရင်ခွင်က ထွက်ခွာသွားတဲ့ သူတို့လေးတွေကို သတိရနေ၊တမ်းတနေတုန်းပါ။သူ့ရင်ခွင်က နောက်ဆုံးထွက်ခွာသွားမဲ့
သူက ဘယ်သူဆိုတာလည်း အခုချိန်ထိ သူမသိရိုးအမှန်ပါ။
မပေးစွမ်းနိုင်တော့လို့လား။ ဟားးးးးးးးးး လေပူတစ်ချက် မှုတ်ထုတ်ရင်း သူ့စိတ်ကို တစ်ခဏတာ အနားပေးဖို့ လှည့်စားလိုက်တယ်။ ဟော...အခုလည်း တစ်ယောက်၊
သူ့ရင်ခွင်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြန်ပြီ။ ဒီတစ်ခါမှာလည်း သူ့ ဆန္ဒအတိုင်း မသွားဖို့၊ တားမြစ်ခဲ့ပေမဲ့ ထွက်ခွာသွားကြတဲ့ သူတွေရဲ့စကားလုံးတွေနဲ့တစ်ထပ်တည်း
ကျတဲ့ စကားတွေ သူထပ်ကြားခဲ့ရပြန်တယ်။ မင်းတို့လေးတွေ ပြောတဲ့ ပညာရေး၊စီးပွားရေး၊ဘဝတိုးတက်ရေး...............စတဲ့ စတဲ့ ( အရေးပေါင်း ) များစွာကို ငါ နား
မလည် ခဲ့ပါဘူး။ ငါ့အတွက်လည်း အဲဒါတွေမလိုအပ်ပါဘူး။ ငါ့အတွက်လိုအပ်တာ၊ အရေးကြီးတာ ငါချစ်တဲ့ မင်းတို့လေးတွေကို အမြဲတမ်း ငါ့ရင်ခွင်မှာ ထွေးပွေ့ထားဖို့
တစ်ခု တည်းရယ်ပါ။ မင်းတို့ ဘဝလေးတွေ အောင်မြင်ဖို့၊ လှပလာဖို့အတွက် ဒီတစ်ခါလည်း ငါ့နှလုံးသားကို လမ်းအဖြစ်ချခင်းပေးလိုက်ပါတယ်။
မပြနိုင်လောက်အောင် ကြည်နူးမိပါတယ်။ မင်းတို့တွေ တနယ်တကြေးမှာ အဆင်ပြေနေတယ်။ အောင်မြင်နေတယ် ဆိုရင်လည်း င့ါရင်ခွင်က ထွက်ခွာသွားတဲ့မင်းတို့
အတွက် ငါကိုယ်တိုင် ဂုဏ်ယူမိခဲ့ရပါတယ်။ တစ်ချို့ဆိုရင် ပညာရေးနယ်ပယ်မှာ အောင်မြင်လို့ နိုင်ငံရပ်ခြားဆိုတဲ့ ငါဘယ်လိုမှ လိုက်မမှီတဲ့ အရပ်ဒေသမှာတောင် ပညာ
တွေ သွားသင်နေရတယ်ကြားပြန်တော့လည်း ငါ မွေးရကျိုးနပ်ခဲ့ရတယ်ဆိုပြီး ကျေနပ်မိပါတယ်လို့ ဝန်ခံပါရစေ။ တစ်ခါတစ်ခါကျရင်လည်း ကြိုးစားရင်း ကျဆုံးသွားတဲ့
အချို့အတွက်လည်း ငါ...ပြောမပြတတ်လောက်အောင် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မင်းတို့တွေ အောင်မြင်ရင်ပဲ ဖြစ်ဖြစ်၊ ကျဆုံးသွားရင်ပဲ ဖြစ်ဖြစ်ပါ။မင်းတို့အပေါ်မှာ
ထားတဲ့ င့ါရဲ့ မေတ္တာ၊အကြင်နာတွေက ချင်းတွင်းမြစ်ရေရဲ့ စီးဆင်းမှုနဲ့ အတူ ထာဝရ မပြောင်းလဲပါဘူး။
အပင်မြင့်လေ လေတိုက်ခံရလေဆိုတဲ့ စကားအတိုင်း အမြင့်မှာ နေချင်တယ်၊တည်မြဲနေချင်တယ်ဆိုရင် လေတိုက်တဲ့ ဒဏ်ကိုတော့ ခံနိုင်စွမ်းရှိအောင် ကြိုးစားပါ။
ကြိုးစားရင်း ကျဆုံးနေတဲ့ သူတွေအတွက်လည်း...လဲရင်ပြန်ထပါ။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောက ကြီးကို ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်ပါ။ မင်းတို့ကို သူအလဲ
ထိုးတဲ့အခါတိုင်း အတတ်နိုင်ဆုံးအားယူပြီး ပြုံးပြုံးလေးနေလိုက်စမ်းပါ။ မင်းရဲ့ ဇွဲနဲ့ သတ္တိအတွက် နောက်ဆုံး သူ့ ရှုံးနိမ့်သွားပါလိမ့်မယ်။
>>>>>>>>>>
မင်းတို့တွေ ပင်ပန်းနေတဲ့အခါ၊ အနားယူလိုတဲ့ အခါတိုင်း ငါ့ကိုတော့ သတိရပေးကြပါ။ အချိန်ရတယ်ဆိုရင်လည်း င့ါဆီကို တစ်ခါတစ်ခေါက်လောက် ပြန်လာကြပါဦး။
မင်းတို့အတွက် ငါ့အိမ်တံခါးကို အမြဲဖွင့်ပေးထားပါတယ်။ အချိန်တွေကြာလာပေမဲ့ ငါ့အိမ်လေးက မင်းတို့ ရှိတုန်းကလိုပဲ ဘာမှပြောင်းလဲမသွားသလိုငါကိုယ်တိုင်လည်း
ရင်ခွင်အောက်က သူတွေကို ပြုစုပေးရင်း ကျန်းကျန်းမာမာရှိနေဆဲပါ။
ရေစီးသံနဲ့အတူ အိပ်တန်းပြန် ငှက်လေးတွေရဲ့ အော်သံတွေနဲ့အတူ ညနေခင်းလေးတစ်ခုဟာ အရမ်းလှပနေတယ်။သူ တစ်ယောက်တည်း။ဟုတ်တယ်။သူတစ်ယောက်
တည်းပါပဲ။ ထိုင်ကြည့်နေမိတာ အချိန်ဘယ်လောက်ကြာသွားပြီလဲ ဆိုတာတောင် သူ့ကိုယ်သူ မသိတော့ဘူး။ ညနေခင်းရဲ့ အလှတွေထဲမှာ သူ့စိတ်တွေ မိန်းမောသွား
လို့လား။ မဖြစ်နိုင်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မျက်အိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်နေပြီး သူ့မျက်ဝန်းတစ်စုံကလည်း တစ်နေရာတည်းကို စိုက်ကြည့်နေ
တယ်။ သေချာတယ် ။ သူ့ရင်ထဲမှာတော့.............တိတ်ဆိတ်စွာ ဆုတောင်းနေမိတယ် ။ မင်းတို့လေးတွေပြန်လာပါတော့။
>>>>>>>>>>
နာကျင်မှုဆိုတာ ခဏခဏကြုံတွေ့လာရရင် ထုံသွားပြီး ခံနိုင်ရည် ရှိတတ်တယ်လို့ သူကြားဘူးခဲ့တယ်။ အဲဒီစကားက သူ့အတွက်တော့ ရာနှုန်းပြည့် အမှားကြီးပါပဲ။ဘာဖြစ်လို့လည်းဆိုတော့ သူ့ရင်ခွင်ကနေပြီး သူချစ်တဲ့ သူတို့လေးတွေတစ်ယောက်ပြီး တစ်ယောက်ထွက်ခွာသွားတိုင်း သူနာကျင်ခဲ့ရတယ်။ အချိန်ကာလတွေ ဘယ်
လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား သူကတော့ သူ့ရင်ခွင်က ထွက်ခွာသွားတဲ့ သူတို့လေးတွေကို သတိရနေ၊တမ်းတနေတုန်းပါ။သူ့ရင်ခွင်က နောက်ဆုံးထွက်ခွာသွားမဲ့
သူက ဘယ်သူဆိုတာလည်း အခုချိန်ထိ သူမသိရိုးအမှန်ပါ။
>>>>>>>>>>
မင်းတို့လေးတွေ ဘာဖြစ်လို့များ ငါ့ရင်ခွင်ကနေ ထွက်ခွာသွားကြတာလဲကွာ။ မင်းတို့အပေါ်မှာ ငါတာဝန်မကျေခဲ့လို့လား။ ငါ့ရင်ခွင်က မင်းတို့အတွက် နွေးထွေးမှုတွေမပေးစွမ်းနိုင်တော့လို့လား။ ဟားးးးးးးးးး လေပူတစ်ချက် မှုတ်ထုတ်ရင်း သူ့စိတ်ကို တစ်ခဏတာ အနားပေးဖို့ လှည့်စားလိုက်တယ်။ ဟော...အခုလည်း တစ်ယောက်၊
သူ့ရင်ခွင်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြန်ပြီ။ ဒီတစ်ခါမှာလည်း သူ့ ဆန္ဒအတိုင်း မသွားဖို့၊ တားမြစ်ခဲ့ပေမဲ့ ထွက်ခွာသွားကြတဲ့ သူတွေရဲ့စကားလုံးတွေနဲ့တစ်ထပ်တည်း
ကျတဲ့ စကားတွေ သူထပ်ကြားခဲ့ရပြန်တယ်။ မင်းတို့လေးတွေ ပြောတဲ့ ပညာရေး၊စီးပွားရေး၊ဘဝတိုးတက်ရေး...............စတဲ့ စတဲ့ ( အရေးပေါင်း ) များစွာကို ငါ နား
မလည် ခဲ့ပါဘူး။ ငါ့အတွက်လည်း အဲဒါတွေမလိုအပ်ပါဘူး။ ငါ့အတွက်လိုအပ်တာ၊ အရေးကြီးတာ ငါချစ်တဲ့ မင်းတို့လေးတွေကို အမြဲတမ်း ငါ့ရင်ခွင်မှာ ထွေးပွေ့ထားဖို့
တစ်ခု တည်းရယ်ပါ။ မင်းတို့ ဘဝလေးတွေ အောင်မြင်ဖို့၊ လှပလာဖို့အတွက် ဒီတစ်ခါလည်း ငါ့နှလုံးသားကို လမ်းအဖြစ်ချခင်းပေးလိုက်ပါတယ်။
>>>>>>>>>>
အဝေးမှာ ရောက်နေတဲ့ မင်းတို့ထဲက တစ်ယောက်ယောက်ကများ ငါ့ကို သတိရနေ၊ လွမ်းနေတယ်ဆိုတဲ့ စကားလေးတွေ ငါပြန်ကြားရတဲ့ အခါများဆို ငါ့ရင်ထဲမှာ ပြောမပြနိုင်လောက်အောင် ကြည်နူးမိပါတယ်။ မင်းတို့တွေ တနယ်တကြေးမှာ အဆင်ပြေနေတယ်။ အောင်မြင်နေတယ် ဆိုရင်လည်း င့ါရင်ခွင်က ထွက်ခွာသွားတဲ့မင်းတို့
အတွက် ငါကိုယ်တိုင် ဂုဏ်ယူမိခဲ့ရပါတယ်။ တစ်ချို့ဆိုရင် ပညာရေးနယ်ပယ်မှာ အောင်မြင်လို့ နိုင်ငံရပ်ခြားဆိုတဲ့ ငါဘယ်လိုမှ လိုက်မမှီတဲ့ အရပ်ဒေသမှာတောင် ပညာ
တွေ သွားသင်နေရတယ်ကြားပြန်တော့လည်း ငါ မွေးရကျိုးနပ်ခဲ့ရတယ်ဆိုပြီး ကျေနပ်မိပါတယ်လို့ ဝန်ခံပါရစေ။ တစ်ခါတစ်ခါကျရင်လည်း ကြိုးစားရင်း ကျဆုံးသွားတဲ့
အချို့အတွက်လည်း ငါ...ပြောမပြတတ်လောက်အောင် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ မင်းတို့တွေ အောင်မြင်ရင်ပဲ ဖြစ်ဖြစ်၊ ကျဆုံးသွားရင်ပဲ ဖြစ်ဖြစ်ပါ။မင်းတို့အပေါ်မှာ
ထားတဲ့ င့ါရဲ့ မေတ္တာ၊အကြင်နာတွေက ချင်းတွင်းမြစ်ရေရဲ့ စီးဆင်းမှုနဲ့ အတူ ထာဝရ မပြောင်းလဲပါဘူး။
>>>>>>>>>>
အောင်မြင်တဲ့ သူတွေကို ငါတစ်ခုတော့ မှာပါရစေ။ ဘယ်လို အခြေနေ၊ဘယ်လို အဆင့်အတန်းမှာပဲ ရှိနေ၊ရှိနေပါစေ။ မိမိကို မွေးထုတ်ပေးခဲ့တဲ့ မြေကြီးကို မမေ့ပါနဲ့။အပင်မြင့်လေ လေတိုက်ခံရလေဆိုတဲ့ စကားအတိုင်း အမြင့်မှာ နေချင်တယ်၊တည်မြဲနေချင်တယ်ဆိုရင် လေတိုက်တဲ့ ဒဏ်ကိုတော့ ခံနိုင်စွမ်းရှိအောင် ကြိုးစားပါ။
ကြိုးစားရင်း ကျဆုံးနေတဲ့ သူတွေအတွက်လည်း...လဲရင်ပြန်ထပါ။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ လောက ကြီးကို ပြုံးပြုံးလေးပဲ ရင်ဆိုင်လိုက်ပါ။ မင်းတို့ကို သူအလဲ
ထိုးတဲ့အခါတိုင်း အတတ်နိုင်ဆုံးအားယူပြီး ပြုံးပြုံးလေးနေလိုက်စမ်းပါ။ မင်းရဲ့ ဇွဲနဲ့ သတ္တိအတွက် နောက်ဆုံး သူ့ ရှုံးနိမ့်သွားပါလိမ့်မယ်။
>>>>>>>>>>
မင်းတို့တွေ ပင်ပန်းနေတဲ့အခါ၊ အနားယူလိုတဲ့ အခါတိုင်း ငါ့ကိုတော့ သတိရပေးကြပါ။ အချိန်ရတယ်ဆိုရင်လည်း င့ါဆီကို တစ်ခါတစ်ခေါက်လောက် ပြန်လာကြပါဦး။
မင်းတို့အတွက် ငါ့အိမ်တံခါးကို အမြဲဖွင့်ပေးထားပါတယ်။ အချိန်တွေကြာလာပေမဲ့ ငါ့အိမ်လေးက မင်းတို့ ရှိတုန်းကလိုပဲ ဘာမှပြောင်းလဲမသွားသလိုငါကိုယ်တိုင်လည်း
ရင်ခွင်အောက်က သူတွေကို ပြုစုပေးရင်း ကျန်းကျန်းမာမာရှိနေဆဲပါ။
>>>>>>>>>>
ကျွန်တော့်မွေးရပ်မြေ ( ရေစကြိုမြို့ ) လေးကို သတိရလို့ ပို့လေးတစ်ခုအဖြစ်ဖန်တီးထားခြင်းဖြစ်ပါသည်။ မွေးရပ်မြေနှင့် ဝေးကွာနေသူတိုင်းအတွက် ရည်ရွယ်ပါသည်။