ချစ်သက်ထားဝေခင်ပျိုမေကိုခွဲသွေခွာရက်ချင့်ဆတွက်သော်ချိန်စက်လီလီခညောင်းချီလဲခိုင်တည်မလွဲချစ်အသဲကချစ်မြဲချစ်လျက်နေပါသည်။ချိန်ခါမပြတ်ခြားမလပ်ပဲခိုကပ်ရင်မှာခံစားတာကိုခရာပညတ်ချစ်လွမ်းဓာတ်လို့ခေါ်မှတ်သညာ ပြုရမှာလားကွယ်။ ။ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
နီးဝေးရပ်ခွင်၊ရှုတိုင်းမြင်သည်၊ပင်လယ်ပြာမှိုင်း၊ရေပြာလှိုင်း။တစ်ရံတစ်ခါ၊ဤရေပြာ၌၊သက်လျာငယ်ကျွမ်း၊ကိုယ့်ကိုလွမ်း၍၊တမ်းတငိုကြွေး၊မျက်ရည်နွေးတို့၊ရောထွေးပါမျော၊မြင်လေလောဟု၊ရေကြောလျဉ်မှာနာဝါစေသိတ်၊အလွမ်းရိပ်ဖြင့်၊စိတ်တွေးယာဉ်ရူး၊စုန်ဆန်လူးလို့၊ရှာခဲ့ဖူးတယ်။တစ်ရံတစ်ခါပြာပင်လယ်ပျော်၊ငွေဇင်ယော်တို့၊မှန်းမျှော်တဆွေး၊အလွမ်းတေးကို၊ရပ်ဝေးသက်ထား၊အကြုံပါးလို့၊ကိုယ်စားမောင့်ထံ၊အရောက်ပျံကာ၊တေးသံစကား၊ပြောလေလားဟု၊ယုံမှားခဲ့ဖူးတယ်။တစ်ရံတစ်ခါစန္ဒာငွေလ၊၀င်းပပ၌၊ဖြူလွှညက်ညော၊ကြင်သူချော၏ရွှင်သောမျက်နှာ၊ပြုံးဝတ်လွှာအား၊ရင်မှာတတမ်း၊မျှော်ရည်မှန်းလို့၊လွမ်းခဲ့ဖူးတယ်။မကြာတစ်ကွေ့၊နှစ်ကိုယ်တွေ့မှ၊ရင်ငွေ့ဝင်ခို၊ခင်သူပျိုအား၊ကိုယ်ခံစားတာ၊ကိုယ်ချင်းစာလား၊စကားသံမဲ့နှလုံးသားနဲ့မေးကြည့်မယ်။ ။(နာဝါ = လှေ။ စေသိတ်= စိတ်။စေတသိတ်။)ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
မိတ်ဆွေအများ
နှလုံးသားမှ
မှတ်ကြားနာတုံ
ကောင်းကင်ဘုံဝယ်
ကျွန်ယုံဖြစ်ထက်
အောက်နရက်၌
ပြိုင်ဘက်မဲ့ကင်း
ယမမင်းက
အလျဉ်းသာ၍ ကောင်းပါသည်။ ။
(နရက် = ငရဲ)ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
သင်တို့တစ်တွေကြည့်မြင်နေကြလှသွေးပုံထင် - ကြေးမုံပြင်။ကြေးမုံပြင်မှာပြုံးပြပါကသူဟာသင့်လိုပြုံးမည်ကိုကွယ် - မြင်လေမယ်။သို့တည်းပေငဲ့သင်ကမဲ့သော်သူရဲ့ပုံသွင် - မဲ့တာမြင်လိမ့်။လောကတွင်လည်းထိုသို့ပဲကွယ်လူထဲဝန်းကျင်ဆက်ဆံလျှင်သော်သင်- ပင်ကောင်းမှသူ- ကောင်းကြမည်သင်- ကဆိုးသန်အကျင့်တန်ကသူ -ပြန်ကောင်းမှာဖြစ်နိုင်ပါလားတွေးသာကြည့်လေ - အိုမိတ်ဆွေ။ ။ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
ရင်ငွေ့ငါ့အောက်၊ခိုရန်ထောက်၍၊လာရောက်ကြသူ၊များတွေလူတို့၊အပူအေးငြိမ်း၊သောကတိမ်းဖို့၊စိမ်းရောက်ကမ္ဘာ၊ငါ့ခန္ဓာသည်၊ရော်ဝါညှိုးညောင်း၊အသွင်ပြောင်းလဲ၊မြလောင်းကာလွာ၊အေးဆာယာကို၊လိပ်ပြာထုံးပြတ်၊အဆုံးသတ်ထိ၊မှုန်းခတ်ရေးခြယ်၊ငါပေးမည်။ဘ၀သင်္ခါ၊ဇရာလာ၍၊အညှာမခိုင်၊ကြွေကျတိုင်မှ၊မယိုင်မလဲ၊ငါခိုင်မြဲဖို့၊သဟဲအမှီ၊ပထ၀ီအား၊မြေဆီအနှစ်၊ငါပေးရစ်မည်။ငါ့အားတုနှိုင်း၊စံပြုခိုင်း၍၊လူ့တိုင်းလူ့ပြေ(ပြည်)၊လူတို့မြေတွင်၊ချက်ကြွေနေရာ၊မိပြည်ရွာမှ၊ကမ္ဘာတစ်လွှား၊ကောင်းကျိုးပွားဖို့၊ကြိုးစားဆောင်ရွက် နိုင်စေသော်။ ။(ဆာယာ=အရိပ်)ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
နာယူလော့ သားမောင်.ထွဋ်ဖျားခေါင် မိုးတိမ်ယံမှ၊ဖြိုးထိန်လျှံ ကြယ်တမွတ်ကို၊ရွယ်ဆွတ်ဖို့မျှော်။မေ့ပခုံးပေါ်နင်းကျော်ကာ အရောက်လှမ်း။မေ့စကားဟန်စိတ်အားမာန် အဘယ်ပြင်းလဲ၊ကြယ်မင်းခြွေ လမ်းမြင့်ဆီသို့၊လှမ်းဝင့်ချီ မောင်သွားတော့၊မျက်သားညို ရွှေရည်စို့တယ်၊မှိုင်းပြာညှို့သမ်း။ ။(လေဆိပ်သို့ လိုက်ပို့စဉ် အမေသို့)ညီညီ
Posted in
ကဗျာ
by ကိုစွမ်း
ကျွန်တော်အခုတင်ပေးမယ့် ကဗျာလေးတွေက ကျွန်တော့်ညီရဲ့ ကဗျာလေးတွေပါ။ သူလည်း ကျွန်တော့်လိုပဲ မိဝေး၊ဖဝေး။ အမိတိုင်းပြည်နဲ့ ဝေးနေတဲ့ သူတစ်ယောက်ပါပဲ။ဒီကဗျာလေးတွေကို သူ့ရဲ့အားလပ်ချိန်လေးတွေမှာ ရေးသားထားတာပါတဲ့။ သူနဲ့ဖုန်းပြောဖြစ်တော့ သူကဗျာလေးတွေ ရေးထားတယ်။ ကိုကို မင်းဘလော့မှာ တင်ချင်တယ်။ မင်းကြိုက်တာလေးတွေ ရွေးပြီးတင်ပေါ့ဆိုပြီး ပို့လိုက်တာပါ။ကျွန်တော်ကလည်း စာရေးပျင်းတဲ့သူ၊ ဘာရေးရမယ် မသိဖြစ်နေတဲ့ အချိန်ဆိုတော့ အကိုက်ဖြစ်သွားတာပေါ့ ဟဲဟဲ။
*အမေ့သား*လှိုင်း - ကမူ ...တိုင်းဇမ္ဗူ ပင်လယ်တွင်းသို့၊ချွတ်နင်းကာ တရွှင်ပျော်တော့၊ရေယာဉ်ပေါ် လူခပ်သိမ်းမှာ၊လှိုင်းယိမ်းလို့မူး ။သို့တကား …မေ့သားမောင် သဏ္ဍန်စိတ်တွင်၊တိတ်အခါ ဟိုတစ်ချိန်က၊ပုခက်အိမ် မေလွှဲထင်ကာပ၊ပြုံးရွှင်လာမြူး ။ ။ညီညီ
Posted in
ကဗျာ
by ကိုစွမ်း