ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ပြုံးရုံပဲပြုံးပါ

Sunday, August 3, 2008



















ဒုတိယပိုင်းဆက်လက်ဖော်ပြသွားပါမည်။ ရင်ခုန်စွာ စောင့်မျှော်နေပါ :D ။
PS- ဘယ်သူရေးဆွဲထားတဲ့ ကာတွန်းလေးတွေမှန်း မသိပါ ။ သူငယ်ချင်းတစ်ယောက် စက်ထဲမှာတွေ့လို့ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။သိရှိသူများ ပြောပြသွားပါ
ခင်ဗျာ။



AddThis Social Bookmark Button


ဝါးတီးဗျို့

Monday, July 28, 2008

ကဲ...ကျွန်တော့် ဘလော့ကို လာလည်တဲ့ အကို၊အမ၊ညီ၊ညီမတို့ကို ဒီနေ့အတွက် ဝါးတီးလေးရှိတဲ့ဆီ ညွှန်လိုက်ဦးမယ်။ ဒါလေးကို နှိပ်ပြီး အမြန်ဆုံးသွားစားနော် ။ အချိန်မမှီရင် ကျွန်တော့်တာဝန်မပါဘူး။ ဘီယာသောက်တတ်တဲ့သူတွေအတွက် ဘီယာတိုက်
တယ်။ ( အမြည်းကတော့ နည်းနည်းလေးဗျ ) ဘီယာမသောက်တဲ့ သူတွေအတွက်တော့ အချိုရည်ပါတဲ့ခင်ဗျာ ( ဦးရာလူစံနစ် ) ။ လက်ဆောင်ပေးခြင်း တော့ လုံးဝ
( လုံးဝ ) လက်မခံပါတဲ့ ( ပေးမယ့်သူမရှိမှန်းသိလို့ )။ ဂျပန်က သူတွေကိုတော့ သူ့ ဂျီမေးကနေဆက်သွယ်လိုက်ပါတဲ့။ အပြင်မှာ လိုက်လံ ကျွေးမွေးပါ့မယ်လို့လည်း ပြောပါတယ်။ အော်...ကျွန်တော်ရေးတာကို အကုန်လိုက်ဖတ်နေတယ် ။ ဒုက္ခပါပဲ ။ ဟိုမှာ .... ကုန်တော့မယ် မြန်မြန်သွားစားလေ ... သွား။ သူ့ဆီကနေပြန်လာမှ ကျွန်တော့်ဆီ တစ်ခေါက်ဝင်လာခဲ့နော်။ မလာရင် နောက်တစ်ခါ အခုလို ဝါးတီးတွေ ညွှန်မပြတော့ဘူး။

ညီမလေး မီဂူမိ ရဲ့  ၂လပြည့်မွေးနေ့မှသည် ( ဘလော့ )....သားသား၊ မီးမီးတွေရတဲ့ အထိ ဘလော့လေး ဆက်လက်တည့်တံ့နိုင်ပါစေလို့....


AddThis Social Bookmark Button


သေချာကြည့်ပါ

Sunday, July 27, 2008

အနက်ရောင် အစက်လေးတွေ ဘယ်လောက်ပါလဲ။
ရေပြင်ညီမျဉ်းတွေ တစ်ပြေးညီထဲလား ၊ ဒါမှမဟုတ် ဆင်ခြေလျောတွေလား။



အလယ်ဗဟိုမှတ်လေးကို စိုက်ကြည့်ပြီး ခေါင်းလေးကို ရှေ့တိုး၊ နောက်ဆုတ်လေး လုပ်ကြည့်ပါ။


အင်တာနက်မှာ ရှာဖွေတွေ့ရှိတာလေးတွေကို ဖော်ပြပေးထားတာပါ။



AddThis Social Bookmark Button


ဈေးတန်းလျှောက်သူ

Saturday, July 26, 2008

အမှန်တစ်ကယ် ဒီဈေးတန်းလေးကို ကျွန်တော် ခြေစချတာ ၂၀၀၇ ဒီဇင်ဘာလမှာပါ။ အဲတုန်းက ဈေးတန်းလေးမှာ ဆိုင်လေးတွေကလည်း ဟိုတစ်စ ဒီတစ်စပေါ့။ ဆိုင်လေးဖွင့်တာမှ တစ်လတောင် မကြာပါဘူး။ အချိန်မပေးနိုင်တာနဲ့ ဆိုင်လေးကို စိတ်မကောင်းစွာနဲ့ ပိတ်ပြီး နောက်ကြောင်းပြန်လှည့်ခဲ့ရပေမဲ့ ဒီ ဈေးတန်းလေးကို
တစ်ချိန်မှာ ပြန်လာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဆုံဖြတ်ထားတဲ့အတိုင်း ၂၀၀၈ ဧပြီလထဲမှာ ဆိုင်လေးပြန်လည်ဖွင့်နိုင်ခဲ့တယ်။ ဒီတစ်ခါတော့ အကောင်းဆုံး ဖြစ်
အောင် လုပ်မယ်ဟဲ့ဆိုပြီး ဆိုင်လေးကို ပန္နက်ပြန်ရိုက်၊ အမှန်တစ်ကယ် သုံးစွဲသူတွေ လိုအပ်မယ်ထင်တာလေးတွေကို ခင်းကျင်းပြသရင်းနဲ့ ကျွန်တော်လည်း ဈေးတန်း
ထဲက လူတစ်ယောက်ဖြစ်ခဲ့ရတယ်။

**********

ဆိုင်အသစ်စဖွင့်တဲ့ နေ့က အဲဒီလူကို ထူးထူးခြားခြား မှတ်မိနေတယ်။ အဲနေ့က ဆိုင်အသစ်စဖွင့်တဲ့နေ့ဆိုတော့ လူကလည်း တက်ကြွလို့ပေါ့ဗျာ။ ဘယ်သူများ ဈေးဦး
ပေါက် လာဝယ်မလဲဆိုပြီး ဆိုင်ထဲမှာ ငုတ်တုတ်ကြီးထိုင်ပြီး ဟိုကြည့် ဒီကြည့်နဲ့ ဈေးဝယ်သူကို မျှော်နေတုန်း...ဗြုန်းဆိုပြီး အဲဒီလူ ရောက်လာတယ်။

"မင်္ဂလာပါ"
"ဗျာ...ဟုတ်ကဲ့ မင်္ဂလာပါ"

"ကဲ ..ခင်ဗျားလည်း ဆိုင်လေး ဆက်ခင်းလိုက်ပါဦး။ ကျွန်တော် ဈေးတန်းထဲကို တစ်ပတ်လောက် ပတ်လိုက်ဦးမယ်"
"ဗျာ...ဟုတ် ဟုတ်ကဲ့"

ပြောပြောဆိုဆို ထွက်ခွာသွားတဲ့ အနှီပုဂ္ဂိုတ်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း...ကြောင်နေမိတယ်။

**********

တစ်ဖြေးဖြေးနဲ့ ဈေးတန်းလေးကလည်း အရင်ကထက် ပိုပိုပြီး စည်ကားလာတယ်။ စားသုံးသူတွေ၊ လေ့လာသူတွေနဲ့ ကြက်ပျံမကျအောင် မစည်ကားသေးပေမဲ့
အတိုင်းအတာတစ်ခုထိ စည်ကားလာတဲ့ အတွက်တော့ ဈေးတန်းလေးအတွက် ကျေနပ်ခဲ့ရတယ်။ ဈေးဆိုင်မှာ အရောင်းပါးတဲ့ အခါမျိုး တစ်ခြားဘေးက
အသိမိတ်ဆွေတွေရဲ့ ဆိုင်တွေကို သွားရောက်လည်ပတ်တဲ့ အခါမျိုးမှာလည်း စောစောက ပြောခဲ့တဲ့ အနှီပုဂ္ဂိုလ်ကြီးကို တွေ့ရတတ်တယ်။ ဈေးတန်းထဲမှာ ဆိုင်အသစ်
လေးတိုးလို့ သွားကြည့်မယ်ဟဲ့ လို့ ကြိမ်းဝါးရုံပဲ ရှိသေးတယ်။ ထို ပုဂ္ဂိုလ်က ရောက်ပြီးသွားပြီ။ အော်...ဈေးတန်းထဲမှာ သူမသိတဲ့ ဆိုင်ရော ရှိသေးရဲ့လား။

**********

တစ်ညနေခင်း ဆိုင်မှာလည်း အရောင်းပါးသွားတုန်း အနှီပုဂ္ဂိုလ်ကြီး ဆိုင်းမဆင့် ဘုံမဆင့် ( လက်ဗလာ ချည်းသက်သက် ) နဲ့ ရောက်လာခဲ့တယ်။ အမြဲတမ်း ပြုံးရယ်
နေတဲ့ သူ့မျက်နှာက သိသိသာသာတော့ ညှိုးငယ်နေတယ်။

" ကျွန်တော် ဆိုင်ပိတ်တော့မယ်ဗျာ "
" ဗျာ...ဘာဖြစ်လို့လည်း "
" အဆင်မပြေတာလေးတွေ ရှိတယ်ဗျာ "
" အော်... "
" ကျွန်တော့် ဆိုင်လေး ပိတ်လိုက်ရပေမဲ့ ဒီဈေးတန်းလေးကိုတော့ ရောက်နေဦးမှာပါဗျာ "

**********

အခုဆို သူ့ဆိုင်လေး ပိတ်ထားတာတောင် တော်တော် ကြာနေပြီပဲ။ သူ့လို ဆိုင်ပေါက်စေ့လိုက်ပြီး နှုတ်ခွန်းဆက်သတဲ့ သူမရှိတော့လို့ ဈေးတန်းလေးထဲမှာ တစ်ခုခု
တော့ လိုအပ်နေတာ အမှန်ပဲလေ။ ဈေးတန်းထဲက လူတွေလည်း ဟိုတစ်စု ဒီတစ်စုနဲ့ သူ့အကြောင်းတွေပဲ ပြောနေခဲ့ကြတယ်။ သူ့ဆိုင်လေး ပိတ်ထားပေမယ့် သူနဲ့
တွေ့တဲ့ အခါတိုင်း ဘယ်တော့ ဆိုင်ပြန်ဖွင့်မှာလဲ။ ဈေးတန်းလေးကို ပြန်လာခဲ့ပါလို့ တောင်းဆိုတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူလည်း ဆိုင်လေးကို ပိတ်ခဲ့ရပေမယ့် သူ သံယောဇဉ်ရှိနေတဲ့ ဈေးတန်းလေးကိုတော့ အရင်ကလိုပဲ ရောက်မြဲရောက်နေတုန်း၊ အရင်ကလိုပဲ ပြုံးရယ်ပြီး နှုတ်ဆက်စကားလေးတွေ လိုက်ပြောနေတာကို တွေ့ရတော့လည်း ကျေနပ်ခဲ့ရသေးတယ်။

**********

တစ်နေ့ ... သူ ကျွန်တော်ဆီ ပေါက်ချ ( လမ်းလျှောက် ) လာပြီး စကားတွေတော်တော်ပြောဖြစ်ခဲ့ကြတယ်။

" ဆိုင်ပြန်ဖွင့်ပါလားဗျာ "
" တော်ပါပြီဗျာ...ကျွန်တော် ဒီဆိုင်လေးကို ဝါသနာပါလွန်းလို့ သာ ဖွင့်ခဲ့ရတာ၊ အခုလို ဆိုင်ပိတ်ဖို့ အထိ ပြဿနာလေးတွေ ရှိလာတော့ အိမ်သူသက်ထားကလည်း
မဖွင့်စေချင်တော့ဘူး "
" အော်. ဒါဆိုဗျာ ကျွန်တော့်မှာ ဆိုင်လေးတစ်ဆိုင်ဝယ်ထားတာရှိတယ်။ဆိုင်ကလည်း အသစ်ဆိုတော့ ဘာမှ မတင်ရသေးဘူး။ ဈေးရောင်းချင်တဲ့ စိတ်ကို ဖျောက်ဖို့ ခက်နေရင် အဲဒီမှာ လုပ်ပေးပါလား (အရည်အချင်း ကို သိလို့ ) "
" ကျွန်တော်က အဲလို ပုန်းလျှိုး ကွယ်လျှိုးလည်း မလုပ်ချင်ဘူးဗျ။ "
" ဗျာ ( ပြောမိတာ မှားပြီထင်တယ် ) "
" ဟုတ်တယ်ဗျ။ ခင်ဗျား ကြားဘူးမှာပေါ့ ။ လူပြောမသန် လူသန်မပြောဆိုတာလေ။ ကျွန်တော်က အလုပ် မလုပ်ပဲ ပြောရုံ ပြောနေတာလောက်ကို သဘောမကျဘူးဗျ.
သူများကို အပြစ် ထိုင်တင်ရတာ လွယ်ပါတယ်ဗျာ။ ရွာမှာ အရက်သမားက ရွာသူကြီးကို ထိုင်ဆဲ နေသလိုမျိုးပေါ့ "
" အော် ဟုတ်ကဲ့ "
" လုပ်ပါ။ ကိုယ်တိုင်က တစ်ကယ် လုပ်နေရင် အဲဒီလူက သူများကို အပြစ် မတင်တတ်တော့ဘူး။ဘုန်းကြီးတွေ တရားဟောသလိုဆိုရင် သီလ မလုံတဲ့ လူတွေ က သီလ အကြောင်း ဟော မှာ သိပ်ကြောက် ကြတာ "
" ဟုတ်ကဲ့ ( သွားပြီ..တရားတွေ ဟောတော့မယ် ထင်တယ် ) "
" သူ့နေရာမှာ ငါသာ ဆိုတဲ့ အတွေးလေးဝင်ပေးရင် ကောင်းတာပေါ့ဗျာ ( ဆိုင်လား မဆိုင်လား မသိဘူး။ ကြားဘူးတာတွေ ပြောပေးရတာပဲ )
" အင်း... ကျွန်တော် လည်း မကြာခင်မှာ ရွာပြန်တော့မယ် "
" အော် "
" ခင်ဗျားကို ကျွန်တော်ဖတ်ဘူးတာလေး ပြောပြမယ် "
" ဟုတ်..ပြောပါ ( တားလို့လည်း ရမှာမှ မဟုတ်တော့တာ ) "
" ကျွန်ဖြစ် ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့ လူတွေဟာ ကျွန်ပဲ ဖြစ်ထိုက်တယ်လို့ ... (အမည်မသိ) စာဆို တစ်ဦးက ပြောဘူးတယ်ဗျ "
" အော် "
" ဓမ္မက အဓမ္မကို အောင်နိုင်မြဲ ဖြစ်သည် ... ဓမ္မ အစစ် ဖြစ်ဖို့တော့ လိုပါသည်လို့လည်း ဖတ်ဘူးတယ် "
" အော် ဟုတ်ကဲ့ ... အကိုက စာတော်တော် ဖတ်တာပဲ "
" စာကတော့ တွေ့တာ အကုန်ဖတ်တယ်။ ရသလောက် ပညာယူရတာပေါ့။ ဘယ်နေရာက မဆို ပညာရတယ်လေ .. "
" ဟုတ်ကဲ့ "
" ကဲဗျာ ..စကားလည်း ကောင်းနေလိုက်တာ။ ခင်ဗျားလည်း ဆိုင်ထိုင်လိုက်ဦး။ ကျွန်တော် ပြန်လိုက်ဦးမယ် "
" ဟုတ်ကဲ့၊ ကောင်းပါပြီဗျာ "

ပြောချင်တာတွေ ပြောပြီး ထထွက်သွားတဲ့ ထိုပုဂ္ဂိုလ်ကို ငေးကြည့်ရင်း ...

**********

အကိုကြီး ကိုစိုးထက်က ကိုကလိုစေးထူး ဘလော့မှာ ရေးသလိုလေး ရေးပေးပါဆိုလို့ သူနဲ့ ပြောခဲ့တာလေးတွေကို အမှတ်တရ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ် ရေးသားထားခြင်းမဟုတ်ပါ။ ပို့ကိုလည်း ကိုကလိုစေးထူး ရဲ့ အိုင်ဒီယာအတိုင်း ကူးချပါသည်။


AddThis Social Bookmark Button


Puzzles

Friday, July 25, 2008

(1)
What's the next letter in the sequence: P O I U Y T R E W ?
Answer

(2)
What occurs twice in a lifetime, but once in a year, twice in a week but never in a day?
Answer

(3)
What's the next letter in the series: O T T F F S S E
Answer


(4)
How can you throw a ball so it will reverse direction and return to you without the ball bouncing against or touching any solid object?
Answer

(5)
What common mechanized transports in New York City (120,000 of them) carry 3 times as many passengers daily as all the cities subways, trains, buses, cars, and taxis combined?
Answer

(6)
Can you arrange these letters into one long word: d o o r n o n e g w l
Answer

(7)
Which came first: the chicken or the egg?
Answer


(8)
John is standing behind Mary, and Mary is standing behind John. How is this possible?
Answer


AddThis Social Bookmark Button


Blogger Gathering ( Moscow )

ဒီပုံလေးကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အာလုံးရဲ့ အမှတ်တရလေးတွေကို စုပေါင်းဖော်ပြထားခြင်းဖြစ်ပါတယ်။


ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ်


ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး



ဇူလိုင်လ ၁၆ ရက်နေ့ ၊ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။(ကျွန်တော်ကတော့
အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ရပါ )။အဲဒီ တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြ ပြီး ၊ ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) ကအကြမ်းဖျင်း ရည်ရွယ်ထားခဲ့တဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ် ။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ် ။

နောက်တစ်နေ့ ( ၁၇ ၊ ဇူလိုင် ၊ ၂၀၀၈ နေ့ )ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) ၊
စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်း နှင့်ပြည့်စုံပြီး ဘေးရန်အပေါင်း က ကင်းဝေးပါစေ ကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ် ။ နေ့လည်ခင်းမှာ တော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက်လည်ပတ် ခဲ့ကြပါတယ် ။

တွေ့ဆုံပွဲလေးကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါ တယ်ခင်ဗျာ ။ ကျွန်တော်တို့ ရဲ့ တွေ့ဆုံပွဲလို နိုင်ငံ အသီးသီးမှာရှိကြတဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များလည်း ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေ လို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စု က ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ ။ Blogger များအားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….

ကျွန်တော်ကတော့ အခု အမှတ်တရဓာတ်ပုံလေးမှာ မပါခဲ့ ပါဘူး။ ကိုရင်ညိမ်းပေါ့။ ရုပ်ချောတဲ့ သူတွေ ဓာတ်ပုံမရိုက်ရဘူးဆိုတော့ အားလုံးကလည်း ဟုတ်တယ်ဆိုပြီး ထောက်ခံကြတာနဲ့ သနားညှာတာစွာနဲ့ ဝင်မပါလိုက်တာပါ။ ကျွန်တော့်ကိုအရမ်းတွေ့ချင်နေတဲ့ သူတွေအတွက်တော့ ဟင့်လေး ပေးလိုက်ပါ့မယ်။ ( ဟားဗတ်ချစ်သူ ကိုရီးယားကားမှာ ပါတယ် )

ကျွန်တော့် သူငယ်ချင်း ဘလော့ဂါများ

ကိုရင်ညိန်း
လွမ်းလုင်
တင့်ထူးရွှေ
နတ်သျှင်နောင်
အိပ်မက်နက်
မောင်ကောင်းအောင်
မျှားပြာ
ရွှေရောင်ကောင်းကင်
လင်းထွန်း
လွမ်းသုခ
ရတ်မွန်
နေချိုအေး
ဝဿန်ဦး
မောင်နိုင်
မီးပြတိုက်
ဇွတ်ဆိုးလေး
4Ever
ထိပေ့သျှင်
ကိုစွမ်း
ကိုအောင်
ညိမ်းညို
ဖြိုးငယ်
အောင်ဦး
နန်းထိုက်ဝင်း
မင်းဝေ
တင်နွယ်မောင်
သုခရိပ်
မင်းကျန်စစ်
အလွမ်းရောင်
စောမဏ္ဍိုင်
အညာသားလေး
မောင်ငယ်
မောင်သုည
လွမ်းစေ (မြန်မာပြည်)


ဓာတ်ပုံထဲမှာတော့ အားလုံးမပါဝင်နိုင်ကြပါ။




AddThis Social Bookmark Button


သူ နဲ့ သူမ

Wednesday, July 23, 2008

သူ
ဘဝကို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းတယ်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေ ကြုံလာရတိုင်း အမြန်ဆုံး မေ့ပစ်နိုင်အောင်ကြိုးစားပြီး နေတတ်တယ်။ သူ့မှာ မာနတွေ ၊
အတ္တတွေ ၊ ပကာသနတွေမရှိဘူး။ စိတ်ကောင်းစေတနာကောင်းရှိတယ်။ အဲဒါကြောင့်ထင်တယ် ။ အချိန်တိုင်း သူ့ကို တွေ့လိုက်ရင် ပြုံးရယ်နေတာပဲတွေ့ရတတ်တယ်။

သူမ
အနေအထိုင်အေးဆေးတယ်။ မိန်းကလေးပီသတယ် ။ သူတစ်ပါးကိုအရမ်း ကူညီတတ်တယ် ။ သူငယ်ချင်း မိဘတွေအပေါ်မှာ အရမ်းသံယောဇဉ်ကြီးတယ် ။
သူမ ချစ်တဲ့သူတွေကို အရမ်းအလေးထား ဂရုစိုက်သလို သူမကိုလည်း ပြန်ပြီးဂရုစိုက်တာလေးတွေလိုချင်တယ်။ သူမချစ်တဲ့သူ တစ်ဦးဦးက သူမကို စိတ်ထိခိုက်စရာ၊ စိတ်မကောင်းစရာတစ်ခုခု ပြောလိုက်တယ်ဆို အရမ်းခံစားနေတတ်တယ်။ ပြီးတော့ မာနရှိတယ်။

သူနဲ့သူမ...မမျှော်လင့်ပဲ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူ က သူမကို ပျော်အောင်ထားတယ်။ သူမ ခံစားချက်လေးတွေကို နားထောင်ပေးတယ်။ သူကလည်း သူ့ဘဝအကြောင်းတွေ အားလုံး သူမကို ပြောပြတတ်သလို သူမကလည်း ရင်ဖွင့်စရာရှိရင် သူ့ကို ပြောပြနေတတ်ခဲ့တယ်။တစ်စ တစ်စနဲ့ သူတို့ နှစ်ယောက်
ရင်ထဲမှာ သံယောဇဉ်ဆိုတဲ့ ကြိုးလေးတွေကို မသိမသာ ယက်လုပ်နေကြတယ်။ ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့။ သူငယ်ချင်းတွေအားလုံး ကန်တော်ကြီး
ပန်းခြံထဲမှာ စုံကြမယ်ဆိုလို့ သူတို့နှစ်ယောက်လည်း မယောင်မလည်နဲ့ ရောက်လာခဲ့ကြတယ် ။ကျန်တဲ့ သူငယ်ချင်းတွေအားလုံးက ချစ်သူတွေကိုယ်စီနဲ့မို့ တဝါးဝါး
တဟားဟားနဲ့ ရယ်တဲ့သူကရယ်၊ တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးနေတဲ့ အတွဲက တွတ်ထိုး။တစ်ခါတစ်ခါ ချစ်သူမရှိသေးတဲ့ သူတို့နှစ်ယောက်ကို ဝိုင်းစကြနဲ့မို့ သူတို့
သူငယ်ချင်းအုပ်စုလေးက ပျော်စရာကမ္ဘာလေးတစ်ခုဖြစ်နေတယ်လေ။ခဏနေတော့ အတွဲကိုယ်စီ သင့်တင့်လျောက်ပတ်တဲ့ နေရာတွေကို ချီတက်သွားကြတာကြောင့်
သူနဲ့သူမပဲ တိတ်တိတ်ဆိတ်ဆိတ်လေး ကျန်နေခဲ့ကြတယ်။

(သူ) - နင် အားမကျဘူးလား။ အတွဲကိုယ်စီနဲ့ လျှောက်သွားနေလိုက်ကြတာ။
(သူမ) - အမယ် .. ငါ့ကိုလာမမေးပါနဲ့။ နင့်မေးခွန်းကို နင့်ဘာသာပဲ ပြန်ဖြေပါဦး။

(သူ) - ဟားဟ . ငါက မလိုချင်လို့ မထားတာ။ သဘောပေါက်။ နင့်လို ထားချင်ရက်နဲ့ မထားနိုင်တာ မဟုတ်ဘူး။
(သူမ) - ငါလည်း အပူအပင်တွေ မရှာချင်လို့ကို မထားတာ။ နင်သိပါတယ်။ ဆံပင်လေးတစ်ချက် ရမ်းလိုက်ရင် ပြိုဆင်းသွားတဲ့ သူတွေအများကြီးဆိုတာ။

(သူ) - ခေါင်းမှ မလျှော်ပဲ။
(သူမ ) - နင်နော်..နင့်လို အရပ်က ဝိုင်းပြီး ရေချိုးပေးမှ ချိုးတဲ့သူများ မှတ်နေလား။
......................

တစ်ယောက်နဲ့တစ်ယောက်စနေရင်းကနေ သူက သူဖတ်ဘူးတဲ့ တယ်လီပသီ( telepathy ) ဆိုတာ ယုံကြည်သင့်တယ်ဆိုတာမျိုး၊ ဆိုက်ကိုနဲ့ ဆိုင်တဲ့ လိုဘမပြည့်တာတွေ၊ နူရိုးဆစ်ရောဂါအကြောင်းတွေ သူမကိုပြောပြ၊ သူမကလည်း အခု ဘယ်သင်တန်းတွေ တက်ပြီးလို့ ဘယ်သင်တန်း ထပ်တက်ဖို့လုပ်နေတဲ့ အကြောင်း၊ သူမ ကြိုက်တဲ့ မင်းသား ရီဝေယံ ဖုန်းနံပတ်က ဘယ်လောက်ဆိုတာတွေ ပြောရင်း အချိန်တွေဖြုန်းရင်းနဲ့ သူငယ်ချင်းတွေ ပြန်အလာကို စောင့်နေကြ
တယ်။

(သူ) - နင်က အခုလို အနီးကပ် သေသေချာချာ ကြည့်တော့ ချစ်စရာလေးပဲဟ။
(သူမ) - ဟင်..ဘာမှလည်း မဆိုင်ဘူး။

(သူ) - အကောင်းပြောတာပါ။ နင်က ချစ်ဖို့ကောင်းတယ်နော်။ နောက်နေ့ ငါ့ကို မုန့်လိုက်ကျွေး။ ( ဟီးဟီး )
(သူမ ) - တော်ပြီ..နင့်ကို မခေါ်တော့ဘူး။
.......................

အဲညက သူဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။ သူမနဲ့ ဒီနေ့လိုမျိုး အနီးကပ် စကားတွေအကြာကြီးမပြောဘူးလို့ထင်တယ်။အိပ်မရတာနဲ့ သူမဆီ ဖုန်းကောက်ဆက်လိုက်တယ်။
.......................

(သူ) - ဟဲလို ... နင်လား ၊
(သူမ) - နင်မဟုတ်ဘူး ... ငါ ။

(သူ) - အိပ်မရလို့ နင့်ဆီ ဖုန်းဆက်လိုက်တာ ၊ ပြီးတော့ နင့်ကိုလည်း အရမ်းသတိရနေလို့ဟ။ ငါပြောတဲ့ တယ်လီပသီအရဆို နင်လည်း င့ါကို သတိရနေမယ်
ထင်တယ်။
(သူမ) - ဟင် ... ဘာမှလည်း မဆိုင်ဘူး။
.......................

အဲနေ့ညက သူ ...သူမကို ချစ်တယ်လို့ propose လုပ်ဖြစ်သွားတယ်။ သူ့ကိုသူ အဲလောက်မြန်မြန်ကြီးပြောဖြစ်ခဲ့မယ်လို့ မထင်ခဲ့ဘူး။ပြောပြီးမှ သူမစိတ်ဆိုးသွားပြီလား။
သူ့ကို မခေါ်တော့ဘူးလား ဆိုပြီး စိုးရိမ်လာပြန်ရော။ဘယ်လိုက ဘယ်လိုပြောမိသွားတယ်မသိဘူး။ဒါပေမဲ့ ပြောတော့ပြောချလိုက်ပြီ။ ငါပြောလိုက်တာ စောများစောနေ
မလား။ နောင်လည်း ပြောမယ့်အတူတူကောင်းပါတယ်လေ။ ငါ့အချစ်ကို ဘယ်လို ထင်သွားမလဲ။ အတွေးပေါင်းများစွားနဲ့ တစ်ယောက်တည်း မေးခွန်းတွေထုတ်
တစ်ယောက်တည်း ဖြေ(အကောင်းဘက်ကိုတွေးပြီး) နဲ့ တော်တော်တော့ မောတယ်။

.......................

သူမ တစ်ယောက်လည်း သူ့လိုပဲ တွေးနေခဲ့မိတယ်။ သူ့ဆီက ချစ်တယ်ဆိုတဲ့ စကားကြားလိုက်ရတော့ ထူပူသွားပြီး၊ ရှက်မိတယ်။ သူ့ဆီက အဲဒီလို
စကားပြောလာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူးလေ။ သူ...အဲလိုပြောဖြစ်အောင် သူမကပဲ အနေအထိုင် မတတ်ခဲ့လို့လား ဆိုပြီးလည်း ကိုယ့်ကိုယ်ကို ပြန်မေးရင်း
သူနဲ့တွေ့ဖို့ ကို ကြောက်နေမိခဲ့တယ်။

.......................

နောက်နေ့သူဖုန်းဆက်တော့ မိန်းကလေးတွေရဲ့ ရိုးရာလက်သုံးစကားဖြစ်တဲ့ စဉ်းစားပါရစေဦးဆိုတဲ့ စကားပဲ ပြောဖြစ်ခဲ့တယ်။

.......................

မကြာပါဘူး။ သူ တဂျီဂျီ တဂျောင်ဂျောင်နဲ့ ဈေးဆစ်လွန်းလို့ ( သူမကလည်း ချစ်နေပြီကိုး ) ၁နှစ် နေမှ အဖြေပေးမယ်ကနေ နောက်၆လ အကြာမှာပဲ သူ့ကို ချစ်တယ်လို့ အဖြေပြန်ပေးခဲ့တယ်။အဖြေရတဲ့ ညမှာပဲ ဖုန်းအကြာကြီးပြောဖြစ်ခဲ့ကြတယ်။ သူဆိုတဲ့ကောင်ကလည်းဘယ်တုန်းကတည်းက ပြောမယ်ဆိုပြီး
ကြိမ်းဝါးထားတယ် မသိဘူး။ ဒီနေ့မှ အဖြေရတယ်။ ကလေး ၃ ယောက်က ယူပြီးနေပြီ။သူမက မပြောပါနဲ့ဆိုတာကို မရတော့ဘူး။

"ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်အရာမဆိုပွင့်လင်းကြမယ်နော်။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း အတတ်နိုင်ဆုံး နားလည်ပေးရမယ်။
အော်..နောက် ၃ နှစ်ကြာရင် ငါတို့တွေ လက်ထပ်ကြမယ်နော်။ ဒါမှ မွေးလာတဲ့ သားသမီးတွေကို ကောင်းကောင်းပြုစုပေးနိုင်မှာဟ။ ငါတို့ လက်ထပ်တာ ၂၆ပဲထား။
တစ်ယောက်နဲ့တစ်ယောက်၂ နှစ်ခြားမွေးရင် ငါတို့ ၃၂ နှစ်မှ အငယ်ဆုံးလေး မွေးမယ်။ နောက် ၁၅ နှစ်ဆိုမှ အငယ်ဆုံးလေးက ၁၀တန်းအောင်မှာဆိုတော့ ငါတို့က
အသက်၅၀နားကပ်နေပြီ။ သူတို့ဘဝတွေ ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်တဲ့အထိ ငါတို့က လုပ်ပေးရမှာလေ။ အသက်တွေကြီးနေရင် မကောင်းတော့ဘူး"

သူပြောချင်တာတွေပဲ ဇွတ်ပြောသွားတယ်။ တစ်ဘက်က သူမ တစ်ယောက်မှာတော့ ရှက်လို့ မျက်နှာလေးနီရဲနေသလို၊ သူ့ရဲ့ အလေးထားမှုလေးတွေကိုလည်း သဘောကျနေတယ်ဆိုတာတောင် မသိရှာဘူး။

........................

သူတို့ ချစ်သူနှစ်ယောက်ရဲ့ ချစ်သူဘဝလေးက အရမ်းကို ပျော်စရာကောင်းတယ်။ သူကလည်း သူမကို အရမ်းဂရုစိုက်တယ်။ ကြင်နာတယ်။ အဲဒီ ကြင်နာယုယမှုလေး
တွေ အပေါ်မှာ သူမလည်း ကျေနပ်ခဲ့တယ်။ သူ ခဏ ခဏ သူမကိုပြောတယ် မိန်းမဆိုတာ အားငယ်သင့်တဲ့ နေရာမှာ အားငယ်ရမယ်။ မှီခိုစရာရှိရင် မှီခိုရမယ်။
ဝမ်းနည်းစရာ ရှိလာရင်လည်း မိန်းကလေးဆန်ဆန် ငိုတတ်ရမယ်တဲ့။ သူက အဲလို မိန်းမဆန်တဲ့ မိန်းကလေးမျိုးမှ ကြိုက်တာတဲ့။ သူဘာဖြစ်လို့ ပြောတယ်ဆိုတာ
သူမ သိတာပေါ့ ။ သူမမှာ မာနရှိတယ်။ ဘယ်တော့မှ သူများကို အားမကိုးဘူး။ ဘာမဆို ကြံ့ကြံ့ခိုင်နိုင်လို့လေ။ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူ့ကို ချစ်ပြီးတဲ့
နောက်ပိုင်းမှာ သူမ ပိုပိုပြီး အားငယ်လာတယ်။ မှီခိုချင်လာတယ်။ ဝမ်းနည်းတတ်လာတယ်။ ဒါတွေဟာ သူပြောတဲ့ မိန်းမဆန်တဲ့ မိန်းမတစ်ယောက်တဲ့လား။ သေချာမသိပေမဲ့ သူမ ပြောင်းလဲလာတာတော့ အမှန်ပဲ။

........................

သူမကလေ သူ့ဆီကနေ အချိန်တိုင်း ဂရုစိုက်နေ ကြင်နာနေတာလေးတွေကို လိုချင်တယ်။ တစ်ခါတစ်လေ သူက သူမကို ဂရုမစိုက်ပဲ ပြစ်ထားတယ်လို့ ထင်ရင် တစ်ယောက်တည်း စိတ်မကောင်းဖြစ်နေတတ်ရော။ ပြီးတော့ သူမက အရမ်း စိုးရိမ်တတ်တော့၊ သူ...ညတွေမအိပ်ပဲ ဂိမ်းတွေကစားနေတယ်လို့ ပြောလာရင်လည်း
သူ့အတွက် စိုးရိမ်ရပြန်တယ်။ အဆိုးဆုံးက သူမချစ်တဲ့ သူ့ကို အရမ်းသဝန်တိုတတ်ခြင်းပဲ။ ပြီးတော့ သူမအတွက် စိတ်မကောင်းဖြစ်စရာ တစ်ခုက ပြောပြီးသား စကားကို သူ အလေးမထားတတ်ခြင်းလေ။ အဲဒါတွေက သူ့ စိတ်ထဲမှာ သူမကို ဘယ်နေရာမှာထားတာလဲ၊ တစ်ကယ်ရော သူမဆိုတာ ရှိရဲ့လားဆိုတဲ့ အတွေးတွေ
ကို ဖြစ်စေခဲ့တယ်။ ဒါပေမဲ့...သူ့ကို သူမ အရမ်းချစ်ပါတယ်။ သူက လွဲပြီးရင်လည်း ဘယ်သူ့ကို မှ ချစ်လာနိုင်မှာ မဟုတ်တော့ဘူးဆိုတာလည်း သူမကို သူမ
အသေအချာ သိပါတယ်။ ဘာပဲပြောပြော သူမ အတတ်နိုင်ဆုံး နားလည်ပေးရမှာပေါ့လေ။

........................

သူလည်း သူမကို အရမ်းချစ်တာပဲလေ။ ဒါကြောင့် သူချစ်တဲ့ သူမကို သူဘာလုပ်လုပ် ပြန်ပြန်ပြောပြတတ်တယ်။ ဂိမ်းတွေကို ညလုံးပေါက်ကစားတာ၊ ဆေးလိပ်ကို
ဖြတ်လို့မရသေးတာ၊ သူနဲ့ ခင်တဲ့ ကောင်မလေးနဲ့ စကားပြောခဲ့တာတွေက အစ သူမကို ပြန်ပြောပြတတ်ပြီး သူမ မကြိုက်ဘူးဆိုပြန်တော့လည်း နောက်မလုပ်တော့
့ပါဘူး ဆိုပြီး ကတိတွေပေးမိပြန်ရော။ ဒါပေမဲ့ အဲ ကတိအတိုင်းတော့ သူမနေခဲ့ပါဘူး ။ အဲဒါ သူမကို မချစ်လို့ မဟုတ်သလို အလေးမထားလို့လည်း မဟုတ်ပါဘူး။
အဲဒါက သူ့ရဲ့ အကျင့်အတိုင်း လွတ်လပ်စွာနဲ့ ပေါ့ပေါ့ပါးပါးနေလိုတဲ့ စိတ်ကြောင့်ဖြစ်သလို ချစ်သူဖြစ်တဲ့ သူမအပေါ်ဖြစ်လို့လည်း သူ့စိတ်ရင်းအတိုင်း ဆက်ဆံမိခဲ့တာ။
အခြားသူတွေ အပေါ်မှာတော့ သူ ပြောခဲ့တဲ့ စကားတိုင်းကို ဘယ်တော့မှ မချိုးဖောက်ခဲ့ပါဘူး။ သူ့မှာ အကျင့်တစ်ခုရှိတယ်။ အဲဒါ သူ့ကို အထင်သေးတဲ့ သူ၊ ဆူပူတဲ့ သူ၊ မယုံကြည်တဲ့ သူဆိုရင် အဲဒီသူ ရှေ့မှာ ပို အရွဲ့တိုက် နေတတ်ပြီး၊ တစ်ဘက်ကနေ အဲဒီလူ မသိအောင် ကြိတ်ပြီး ကြိုးစားတတ်တာ။ သူ ငယ်ငယ်က စာမကျက်လို့ မိဘတွေက ဆူတယ်၊ ပြောတယ်၊ နာအောင်တစ်မျိုး၊ မခံချင်အောင်တစ်သွယ် ပြောရင် စာမကျက်ပဲ အိပ်ပစ်တတ်တယ်။ ဒါပေမဲ့ ထင်သလို မဟုတ်ပါလားဆိုတဲ့ အတွေးမျိုး တစ်ချိန်မှာ ဝင်လာအောင် မိဘတွေ အိပ်ပြီဆိုရင် စာထကျက်တတ်တယ်။

.........................

သူမ ပိုပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ သူ့ဆီက နောက်မလုပ်တော့ပါဘူး။ ကတိပေးတယ်နော်လို့ ပြောခဲ့တုန်းက ကြည်နူးရတာလေးတွေက ဘယ်လောက်မှ မကြာ
သေးဘူး။ သူ တစ်ခုမဟုတ်တစ်ခုတော့ ဖျက်လိုက်တာပဲလေ။ ဆေးလိပ် ပြန်သောက်ရင် သောက်တယ်။ ဂိမ်းပြန်ကစားရင် ကစားတယ်။ သူ့ သူငယ်ချင်းကောင်မလေး
နဲ့ စကားပြန်ပြောရင် ပြောတယ် ။ ကြာတော့ သူမမှာ ဘယ်လိုမှ ခံနိုင်စွမ်းမရှိတော့ဘူး။

..........................

သူမဆီက သူ လုံးဝ မျော်လင့်မထားတဲ့ စကားကြားခဲ့ရတယ်။

( သူမ ) နင်.. ငါ့ကို တစ်ကယ်ရော ချစ်ခဲ့တာလား။
( သူ ) ဟာ...

သူ့ ရင်ထဲမှာ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ "ဘာဖြစ်လို့များ ငါ အရမ်းချစ်ရတဲ့ နင့်ဆီက အခုလို စကားမျိုး ပြောထွက်လာရတာလဲ။ ငါ့ အချစ်အပေါ်မှာ ထားတဲ့ နင့်ရဲ့ ယုံကြည်မှုက အဲလောက်ပဲလား ဟာ။ လူတစ်ယောက်ဘဝမှာ တန်ဘိုးအရှိဆုံးက ယုံကြည် စိတ်ချရမှုပါ။ အခုတော့ သွားပြီပေါ့။ တစ်ခြားသူတွေမဟုတ်ပဲ
နင် ကိုယ်တိုင်က ငါ့အချစ်ကို မယုံကြည်ဖြစ်ခဲ့လို့ အခုလို မေးလာတယ်ဆိုတော့..........သွားပြီပေါ့ ...............ငါ ချစ်ခဲ့တဲ့ အချစ်တွေ အာလုံး ..............။
နင်မေးတဲ့ မေးခွန်းကို ငါပြန်ဖြေလို့ ရပါတယ်။ နင့်ကို ငါတစ်ကယ်ပဲ ချစ်တာပါလို့။"

ဒါပေမဲ့..........

သူမ မေးတဲ့ မေးခွန်းကို သူ့ဆီကနေ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ငြင်းချက်ထုတ်လာမယ်လို့ သူမ မျှော်လင့်တကြီး စောင့်နေခဲ့မိတယ်။ "ပြောလိုက်ပါလားဟာ နင့်ကို
ငါ အရမ်းချစ်တာပါလို့၊ နင် ဘာဖြစ်လို့ ဆွံအနေရတာလဲ၊ တစ်ကယ်ပဲ နင်ငါ့ကို မချစ်ခဲ့တာလား "

( သူ ) နင်...ဘာဖြစ်လို့ အဲလို မေးခွန်း မေးရတာလဲ။
( သူမ ) မိန်းကလေး တစ်ယောက်အနေနဲ့ ကိုယ်နဲ့ လက်တွဲမယ့် ချစ်သူက ကိုယ့်ကို တစ်ကယ်ချစ်ရဲ့လား၊ ဘယ်လောက် အလေးထားလဲဆိုတာ အရေးကြီးတယ်လေ။
ပြီးတော့ တစ်ကယ်မချစ်ပဲ နဲ့ သိက္ခာတရားကြောင့်၊ စောင့်စည်းရမယ့် ကျင့်ဝတ်တွေကြောင့် ချစ် ဟန်ဆောင်ပြီး လက်တွဲသွားမယ့် အချစ်မျိုးကို အရမ်းမုန်းလို့ မေးလိုက်တာပါ။
( သူ ) အော်....

.......................

" မေမေ "
" အော် .. သား ကျောင်းက ပြန်လာပြီလား။ အင်္ကျီအဝတ်အစားလဲ၊ ပြီးရင် ဒီနေ့ဘာတွေ သင်ခဲ့တယ်ဆိုတာ မေမေ့ကို ပြောပြနော် "

အချိန်ကာလတွေ ပြောင်းလဲလာတာနဲ့ အမျှ အရာအားလုံးလည်း ပြောင်းလဲသွားကြတာပါပဲ။ သူမတစ်ယောက်လည်း အခုဆို ချစ်စရာကောင်းတဲ့ သားလေးရယ်၊
သူမအပေါ်မှာ ဂရုစိုက်ပြီး၊ အရမ်းချစ်တတ်တဲ့ လက်တွဲဖော်တစ်ယောက်နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပါပြီ။

.......................

ကန်တော်ကြီးပန်းခြံရဲ့ တစ်နေရာမှာတော့ တည်ငြိမ်ပြီး ရင့်ကျက်နေတဲ့ လူတစ်ယောက် မြက်ခင်းပြင်ပေါ်မှာထိုင်ပြီး ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့
တယ်။

" တခဏတာ တိမ်မဲတွေ ဖုံးလွမ်းနေလို့
ပြာလဲ့ ကြည်လင်နေတဲ့ ကောင်းကင်ကြီးရဲ့
အလှကို..... မတွေ့ရပေမဲ့.....
ထာဝရအတွက်တော့ ဖုံးကွယ်နိုင်စွမ်း မရှိပါဘူး။

အမှန်တရားတစ်ခုကို တွေ့မြင်နိုင်ဖို့အတွက်
အချိန်တစ်ခုတော့ စောင့်ပေးပါ။

အမှန်တရားကို သိလာတဲ့ တစ်နေ့
မင်း... နောင်တရမှာ ဆိုးလို့ပါ။

ကောင်းကင်ကြီးကို ယုံကြည်တယ်ဆိုရင်ပေါ့ "



AddThis Social Bookmark Button


Design by Amanda @ Blogger Buster