ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ဥာဏ်စမ်းပဟေဠိ ( ၂ )

Tuesday, July 22, 2008

အားလုံးပဲ ဖြေကြည့်ကြပါ။ ပျော်စေဖို့သာ ရည်ရွယ်ပါတယ်။ မေးခွန်းသုံးခု မေးမယ်နော်။ ဒီမေးခွန်းတွေကို မစဉ်းစားပါနဲ့။ မြန်မြန်နဲ့ ဆက်တိုက်ဖြေပါ။

ကိုယ့်ကိုယ်ကို ဘယ်လောက်တော်လဲ စမ်းချင်နေကြပြီမလား။

ကဲ စပြီနော်။

မေးခွန်း (၁)

သင်ဟာ အပြေးပြိုင်ပွဲ တစ်ခုမှာ ၀င်ပြိုင်နေတယ်ဆိုပါစို့။ ဒုတိယလူကို သင်ကျော်တက်လိုက်ရင် သင်ဘယ်အဆင့်ကို ရောက် လာမလဲ။












**********
ကဲအဖြေပေးမယ်နော်။

အားလုံးသိပ်တော်ကြတာပဲ။ အကုန်မှန်ကြတယ်။

သင်ဒုတိယနေရာကို ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယလူကို ကျော်တက်လိုက်ရင် ကိုယ်က သူ့နေရာ ရသွားပြီလေ။ အဲဒီတော့ ဒုတိယပေါ့။ ပထမလို့ ဖြေတဲ့ လူတွေလည်း စိတ်ဓါတ်မကျ ကြပါနဲ့။ ဒုတိယမေးခွန်းကိုဖြေကြည့် ကြပါဦး။

မေးခွန်း (၂)

ခုနကပြေးပွဲမှာပါပဲ။ သင်က နောက်ဆုံးလူကို ကျော်တက်လိုက်တယ် ဆိုပါတော့။ သင်ဘယ်အဆင့် ကို ရောက်လာမလဲ။















**********
အဖြေ။ ။

မှန်ကြပါတယ် တော်တယ်ဗျာ။

နောက်ဆုံးလူပါဆိုမှ သူ့ကို ဘယ်လိုကျော်တက်ကြမလဲ။ ဟုတ်ဘူးလား။

နောက်ဆုံးက ရေရင်ဒုတိယ လို့တစ်ယောက်မှ မဖြေကြဘူး။ ဘယ်ဖြေကြပါ့မလဲ မှားနေတာကို။

ကဲ တတိယမေးခွန်းလာပြီနော်။

မေးခွန်း (၃)

အိုက်စံတို့ အဖေမှာ သားသုံးယောက်ရှိပါတယ်။

ပထမဆုံးတစ်ယောက် နံမည်က ကိုကိုကြီး

ဒုတိယတစ်ယောက်က ကိုကိုလတ် တဲ့။

တတိယ တစ်ယောက် ဘယ်သူဖြစ်မလဲဟင်။















**********
အဖြေ။ ။

အားလုံးတော်ကြပါတယ်ဗျာ။ မှန်ပါတယ်။

ဘယ်သူမှ ကိုကိုလေးလို့ မဖြေကြဘူး။

အဖြေက မေးခွန်းမှာ ပါပြီးသားပါ။

တတိယသားကတော့ အိုက်စံပါ။

ကိုဇီးကွက်ဘလော့ မှ ကူးယူဖော်ပြသည်။


AddThis Social Bookmark Button


ကမ်းလှမ်းချက်

Friday, July 18, 2008

ကျွန်တော်တို့ ဝက်ဆိုက်လေးမှာ ( http://www.myanmarhero.org/ ) အခြားကဏ္ဍလေးတွေ တော်တော်များများကို ထည့်သွင်းပေးထားပေမဲ့၊ အားကစား ၊
ကမ္ဘာ့သတင်းနဲ့မြန်မာ့သတင်းကဏ္ဍ ထည့်သွင်းဖို့အတွက် အခက်ခဲဖြစ်နေပါတယ်။ဒါကြောင့် ဘလော့ဂါညီအစ်ကို မောင်နှမထဲက ဖြစ်ဖြစ် အခြားသူများကပဲ ဖြစ်ဖြစ်
ကူညီပေးမယ်ဆိုရင် ဝမ်းသာစွာကြိုဆိုပါကြောင်းပြောပါရစေ။ ကျွန်တော်တို့ အနေနဲ့လည်း မရှိမဲ့ ရှိမဲ့ပိုက်ဆံလေးနဲ့ အခုလိုလေး ဖြစ်လာအောင် ကြိုးစားထားရတာ
ကြောင့် စာမူခ ကိုတော့ အခုလောလောဆယ်မှာ မပေးစွမ်းနိုင်သေးတာ နားလည်စေချင်ပါတယ်။စေတနာထားပြီး ပံ့ပိုးကူညီပေးမှုတွေကို အဆင်ကြိုဆိုလျှက်...

ကိုစွမ်း


AddThis Social Bookmark Button


ဥာဏ်စမ်း ( 1 )

Monday, July 14, 2008

၁)
ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။

မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?

လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်... ကျွန်မတို့အားလုံးမှာ ဟားဗတ် တက်နိုင်တဲ့ အရည်အချင်းရှိကြပါတယ်။

၁= ၅ ဆိုတော့
အဖြေက ၅ = ၁ ပါတဲ့။

***********************************
၂)
ချိုချဉ်တစ်လုံးကို ၁ကျပ်ပေးရတယ်။
ချိုချဉ်အခွံ ၃ခုကို ချိုချဉ်တစ်လုံးနဲ့ လဲနိုင်တယ်။
၁၅ ကျပ်ဖိုး ၀ယ်တယ် ဆိုပါစို့။
စုစုပေါင်း ချိုချဉ်ဘယ်နှစ်လုံး စားရမလဲ.. ?

က) ၀ လုံး
ခ) ၁၅ လုံး
ဂ) ၂၀ လုံး
ဃ) ၂၁ လုံး
င) ၂၂ လုံး

အဖြေက (၂၂)လုံး ဖြစ်ပါတယ်။

၁၅ကျပ်ဖိုးဝယ်တော့ ချိုချဉ်က = ၁၅ လုံး
အခွံ၁၅ခုနဲ့ ချိုချဉ်ပြန်လဲတော့.....= ၅လုံး
ရတဲ့ ၅လုံးထဲက အခွံ၃ခုနဲ့ ပြန်လဲတော့ = ၁လုံး
ကျန်တဲ့ အခွံနှစ်ခုနဲ့ နောက်ဆုံးရတဲ့ အခွံပေါင်းပြီး ပြန်လဲတော့ နောက် ၁ လုံးထပ်ရတယ်။ စုစုပေါင်း (၂၂) လုံးရပါတယ်။ ရှိသမျှအခွံကို လွှင့်မပစ်ဘဲ အကုန်လဲစားလိုက်တာ..း)

***********************************
၃)
တစ်ခါက ဆရာတစ်ဦးဟာ ဒီလို ဥာဏ်စမ်းထုတ်သတဲ့။
ဆွံအသူ တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ သံချောင်းဝယ်ဖို့ သွားခဲ့တယ်။ သူက ဆိုင်ရှင်ကို ဘယ်ဖက်လက်ကို သံချောင်းသဏ္ဍာန် လုပ်ပြပြီး ညာဖက်လက်ကို သံရိုက်သွင်းနေတဲ့ ပုံစံလုပ်ပြသတဲ့။ ဆိုင်ရှင်က သဘောပေါက်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြပြီး သူ့ကို သံရိုက်တူ ကမ်းပေးလိုက်တယ်။ ဆွံအသူက မဟုတ်ကြောင်း ခေါင်းခါပြပြီး သံချောင်းပုံ လုပ်ထားတဲ့ လက်ကို ညွှန်ပြသတဲ့။ အဲဒီတော့မှ ဆိုင်ရှင်က သူ့ကို သံချောင်း ကမ်းပေးလိုက်တယ်။

အဲဒီအချိန်မှာ မျက်မမြင်တစ်ဦး ရောက်လာခဲ့တယ်။ မျက်မမြင်က သူဝယ်မဲ့ ကတ်ကြေးကို ဆိုင်ရှင်နားလည်အောင် ဘယ်လို အလွယ်ဆုံးနည်းနဲ့ ရှင်းပြခဲ့သလဲ..? သင်ဟာ အတန်းထဲက ကျောင်းသားတစ်ဦးဆိုရင် သင့်အဖြေက ဘာလဲ... ?
စာဖတ်သူတွေက လူညံ့တွေ မဟုတ်ကြလို့ အဖြေက ဖြေနေစရာတောင် မလိုတော့ပါဘူးနော်။ ဖတ်ဖူးတဲ့ ဆိုက်ဒ်ထဲမှာတော့ တစ်ချို့က လက်နဲ့ တစ်ခုခုကို ညှပ်နေတဲ့ ပုံစံလုပ်ပြမှာပေါ့လို့ ဖြေထားကြတယ်။ မျက်မမြင်က မျက်စိသာ မမြင်တာ ဆွံအသူ မဟုတ်ဘူးလေ။ ကတ်ကြေးတစ်လက် ပေးပါလို့ ပြောလိုက်ရုံပါပဲ။

***********************************
မနိုင်းနိုင်းစနေ ဘလော့မှ ကူးယူဖော်ပြသည်။


AddThis Social Bookmark Button


မေးကွယ်၊ဖြေမယ် ရဲ့ အဖြေလေးများ

Sunday, July 13, 2008

( ၁ )
( အဖြေ ) ။ နေ့ခင်းဖြစ်နေလို့ပါတဲ့။

( ၂ )
( အဖြေ ) ။ ဘာမှ မဆိုင်ပါ။

( ၃ )
( အဖြေ ) ။ ကောင်လေးရဲ့ အမေပါ။

( ၄ )
( အဖြေ ) ။ ၂၉ ကြိမ်ပါ။ ၂၈ကြိမ်ခုန်ရင် ၂၈ပေရောက်နေပါပြီ။ ၂၉ ကြိမ်မြောက် ခုန်လိုက်တဲ့အခါမှာ ရေတွင်းနှုတ်ခမ်း
ပေါ်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် ပြန်လျှောမကျတော့ပါ။


( ၅ )
( အဖြေ ) ။ ငှက်၎ကောင် နဲ့ ကိုင်းပင်၃ပင်။

( ၆ )
( အဖြေ ) ။ ၁၇ ကောင်ဆိုတာ မ ဂဏန်းဖြစ်နေတဲ့အတွက် ခွဲမရပါ။ အဲဒါကြောင့် အပြင်က တစ်ကောင်ခဏယူမယ်။
ဒါဆို ၁၈ကောင်ဖြစ်သွားပါပြီ။ သားကြီးက ကိုးပုံတစ်ပုံရမှာ ဖြစ်တဲ့အတွက် ၁၈ရဲ့ ကိုးပုံတစ်ပုံ၂ ကောင်ရပါမယ်။
အလတ်က သုံးပုံတစ်ပုံဆိုတဲ့အတွက် ၆ကောင်ပါ။ အငယ်ဆုံးက နှစ်ပုံပုံရင်တစ်ပုံဆိုလို့ ၉ကောင်ရသွားပါပြီ။ သား၃
ယောက်ရတဲ့ မြင်းတွေအားလုံးပေါင်းလိုက်တော့ လယ်သမားကြီးရဲ့ မြင်း၁၇ကောင်ပါပဲ။ ခဏယူထားတဲ့ တစ်ကောင်ကို
ပြန်ပေးလိုက်ပါ။
သင်္ချာသဘောတရားတွေ မပေါ်ခင်က အခုလိုပဲခွဲဝေခဲ့ကြမယ်လို့ထင်ပါတယ်။
သင်္ချာသဘောတရားအရ တွက်မယ်ဆိုရင်လည်း1/2,1/3,1/9 တို့ကို ပိုင်းခြေ18ယူပြီးတွက်ရင်လည်း17/18ပဲရပါတယ်။

( ၇ )
( အဖြေ ) ။ အနက်ရောင်တိုင်းပြည်မှာရှိတဲ့ ဘုရင်ကြီး ဦးခေါင်းအလေးချိန်နဲ့ညီပါတယ်လို့ ပြောလိုက်ပါတယ်။
မယုံလို့ ချိန်ကြည့်ရင်လည်း ဘုရင့်ခေါင်းကို ဖြတ်ဖို့ပဲ ရှိတော့တယ်လေ။

( ၈ )
( အဖြေ ) ။ ဆိတ်ကိုပဲ ကြိုးချည်ထားတာလေ။ ငုတ်တိုင်မှာ ကြိုးက ချည်မထားတော့ အမောင်ဆိတ်ဟာ အသာလေး
သွားစားနိုင်ပါတယ်။






AddThis Social Bookmark Button


ဖိတ်ခေါ်ပါသည်

Thursday, July 10, 2008



ကျွန်တော်လည်း ဘလော့ထဲကို မဝင်ဖြစ်တာတော်တော်လေးကို ကြာသွားတယ်။ ဘလော့လေးတော့ ဖုန်တက်ယုံတင် မဟုတ်ဘူး။ ပိုးမျှင်တွေပါတွယ်တက်နေပြီ။
ကျွန်တော်အနေနဲ့ ပို့အသစ်တွေမတင်ဖြစ်လည်း တင်များတင်ပြီလားဆိုတဲ့ ခင်မင်မှုလေးနဲ့ လာရောက်လည်ပတ်ကြတဲ့ အကို၊အမ၊ညီလေး၊ညီမလေးတွေနဲ့ သူငယ်
ချင်းတွေကို အရမ်းကျေးဇူးတင်ပါတယ်။ အခု ကျွန်တော်တစ်ခေါက်ပြန်ရောက်လာပါပြီ။ ကျွန်တော်နဲ့အတူ ဘလော့ဂါညီအစ်ကို မောင်နှမများအတွက် လက်ဆောင်
လေးတစ်ခုလည်း ယူလာခဲ့တယ်။ ကျွန်တော်နဲ့ တခြားသူငယ်ချင်းတစ်ယောက် ပေါင်းပြီးလုပ်ထားတဲ့ ဝက်ဆိုက်လေးပါပဲ။ ကျွန်တော့်အနေနဲ့ မဖြစ်စလောက်အချိန်
လေးမှာ ဘလော့လောကကို ဝင်ရောက်ခဲ့ပေမဲ့ ဘလော့ဂါတွေအားလုံးရဲ့ ချစ်ခင်စည်းလုံးမှုလေးတွေကိုအရမ်းပဲကြိုက်နှစ်သက်ခဲ့မိပါတယ်။ ကျွန်တော်သံယောဇဉ်
ဖြစ်မိတဲ့ ဘလော့ဂါတွေကိုလည်း ကျွန်တော်နဲ့အတူရှိနေစေချင်တာရယ်၊ တစ်စုတစ်ဝေတည်း ရှိစေချင်တာရယ်ကြောင့် အခု ဝက်ဆိုက်လေးဖြစ်လာတာနဲ့ ဝမ်းသာ
အားရ ဖိတ်ခေါ်လိုက်ရတာပါ။

ကျွန်တော်တို့ရဲ့ ဝက်ဆိုက်လေးမှာ ဘလော့ဂါညီအစ်ကို မောင်နှမများအနေနဲ့ ဝင်ရောက်ပြီး ပို့လေးတွေ ရေးသားပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ရေးပြီးသားပို့တွေ
ထဲက ကြိုက်နှစ်သက်ရာပို့လေးတွေကိုလည်း ပေးပို့နိုင်ပါတယ်။ ကျွန်တော်အလည်လာရင်း ဖတ်မိတဲ့ ပို့လေးတွေထဲက ကြိုက်နှစ်သက်ရာလေးတွေကိုလည်း ကူးယူ
ဖော်ပြခွင့်ပေးပါလို့ တစ်ခါတည်းခွင့်တောင်းပါရစေ။ ကျွန်တော့်အနေနဲ့ ဘလော့ဂါအားလုံးရဲ့ ပို့တွေအားလုံးကို မွှေနှောက်ဖတ်ရှုဖို့ဆိုတာ မလွယ်ကူနိုင်တာမို့ မိမိတို့
နှစ်သက်ရာများကို (mdyhero.myanmarhero.com ) , ( mrheroadmin@gmail.com ) နဲ့( koswanyso@gmail.com ) သို့ ပို့ပေးပါရန် တောင်းဆိုပါတယ်။ ပေး
ပို့ရာမှာ ပေးပို့လိုက်သော ပို့သည်မိမိတို့ကိုယ်ပိုင် ရေးသားထားခြင်း မရှိပါက ရေးသားသူ၏ အမည်နာမကို ဖော်ပြပေးပါ။ ဘလော့လိပ်စာနှင့်တစ်ကွကလောင်နာမည်
အဖြစ်အသုံးပြုလိုသော နာမည်ကိုလည်း တွဲဖက်ရေးသားပေးပါ။ ပို့အောက်တွင် ရေးသားသူ၏ အမည်နှင့်တစ်ကွ ဘလော့လိပ်စာကို ထည့်သွင်းကြော်ငြာပေးသွား
ပါမည်။ဘလော့မရေးသားသော သူများလည်းပေးပို့နိုင်ပါသည်။

နိုင်ငံရေးနှင့်သက်ဆိုင်သော၊ ဘာသာရေးနှင့်ပက်သက်ပြီး အငြင်းပွားစေနိုင်သော၊ ပုဂ္ဂိုလ်ရေးနှင့်သက်ဆိုင်သော၊ညစ်ညမ်းသော ပို့များမပေးပို့ပါရန် ကြိုတင် မေတ္တာ
ရပ်ခံပါသည်။

ဝတ္ထုတို၊ဆောင်းပါး၊သတင်း၊ဓာတ်ပုံ၊ကဗျာ၊နည်းပညာပိုင်းဆိုင်ရာများနှင့် တားမြစ်ချက်တွင်မပါသော ပို့များအားလုံးကို ကျွန်တော်တို့ ရွေးချယ်တင်ပြသွားပါမည်း။

ဝက်ဆိုက်တင်မဟုတ်ပဲ ဖိုရမ်ကို စိတ်ဝင်စားသူများကိုလည်း လှိုက်လှဲစွာကြိုဆိုပါသည်။

ကျွန်တော်နဲ့သူငယ်ချင်းတို့မှာလည်း အခုမှ စမ်းတဝါးဝါး စတင်လုပ်ကြည့်တာဖြစ်တဲ့အတွက် မပြည့်စုံတာလေးတွေရှိရင်၊ မတတ်တာလေးတွေရှိရင် သင်ကြားပြသ
ပေးပါရန်၊ လမ်းညွှန်မှုလေးတွေပေးပါရန် နှင့် ကူညီဖေးမမှုကို ဝမ်းသာစွာ ကမ်းလှမ်းပါသည်။


လေးစားစွာဖြင့်
Mr_Hero

AddThis Social Bookmark Button


မေးကွယ်၊ဖြေမယ်

Tuesday, July 8, 2008

( ၁ )

အဲဒီနေ့က လကွယ်နေ့။ လလည်း မထွက်ဘူး။ ကြယ်တွေလည်း တစ်လုံးမှ မထွက်ဘူး။ ဒီကြားထဲ

လမ်းမီးတွေကလည်း မလာပြန်ဘူး။ အဲအချိန်မှာ ကားတစ်စင်းက မောင်းလာ

တယ်။ ကားမီးတွေလည်း ဖွင့်မလာဘူး။ လူတစ်ယောက်က အဲဒီ ကားရှေ့ကနေပြီး လမ်း

ဖြတ်ကူးသွားတယ်တဲ့။ ဒါပေမဲ့..ထူးဆန်းတာက အဲဒီကားက လမ်းဖြတ်ကူးသွားတဲ့ လူကို

မတိုက်မိဘူး။

( မေးခွန်း ) ။ဘာဖြစ်လို့ အဲလိုအခြေအနေမှာတောင်မှ လူကို ဝင်မတိုက်မိတာလဲ???။


( ၂ )

လမ်းတစ်လမ်းပေါ်မှာ ဆိုင်ကြီးတစ်ဆိုင်ရှိတယ်။အဲဒီဆိုင်ထဲကို လူတစ်ယောက်က ဝင်သွား

ပါလေရော။ အဲဒီလူဝင်သွားပြီး နောက်၅မိနစ်တိတိလည်းကြာရောဆိုင်ထဲကနေပြီး ဝင်သွား

တဲ့လူ ပြန်ထွက်မလာပဲ ခွေးတစ်ကောင်ပြန်ထွက်လာတယ်တဲ့။

( မေးခွန်း ) ။အဲဒါ ဘာဆိုင်လဲ???။


( ၃ )

မနက်ခင်းတစ်ခုမှာ သားအဖ နှစ်ယောက်လမ်းလျှောက်ထွက်ကြတယ်တဲ့။မမျှော်လင့်ပဲ လမ်း

တစ်နေရာမှာ ကားတစ်စင်းက သားဖြစ်တဲ့သူကို ဝင်တိုက်မိသွားတယ်။ အဲဒါနဲ့ အဖေလုပ်တဲ့

သူနဲ့ ကားဆရာ တို့လည်း သားကို ဆေးရုံပို့ပေးလိုက်ကြရတာပေါ့။ အရေးပေါ်ဌာနမှာ ခွဲစိတ်

ရတယ်။ ခွဲစိတ်ပြီးမှ ခွဲစိတ်ဆရာဝန်ကြီးက လူနာကောင်လေးကို ကြည့်မိပြီး တအံ့တသြပြော

ချလိုက်တယ်။ " ဟာ....မင်းဟာ ငါ့သားပဲ။ ဒါပေမဲ့...မင်းအဖေကလည်း ငါမဟုတ်ဘူးတဲ့ "

( မေးခွန်း ) ။ အဲဒီဆရာဝန်ကြီးနဲ့ ကောင်လေး ဘယ်လိုတော်စပ်ကြပါသလဲ။ ခွဲစိတ်ဆရာဝန်

ကြီးကကောင်လေးရဲ့ ဘာလဲ???။


( ၄ )

တစ်ခါက ရေတွင်းပျက်ကြီးထဲမှာဖားလေးတစ်ကောင်ပြုတ်ကျနေတယ်တဲ့။ရေတွင်းရဲ့ အနက်က

ပေ၃၀ ရှိတယ်။ ဖားလေးလည်း တွင်းပေါ်ကို ပြန်ရောက်ဖို့အတွက် ခုန်ခုန် တက်တယ်။

သူတစ်ခါခုန်တက်ရင် ၂ပေ ရောက်တယ်တဲ့။ဒါပေမဲ့ ၁ပေ က ပြန်ပြန်လျှောကျနေတယ်။

အဲလိုနဲ့ခုန်တက်လာလိုက်တာ နောက်ဆုံးတော့ ဖားလေးဟာ ရေတွင်းနှုတ်ခမ်းပေါ်ကိုရောက်

သွားတယ်လေ။

( မေးခွန်း ) ။ အပေါ်ကို ရောက်ဖို့အတွက် ဘယ်နှစ်ကြိမ်ခုန်ခဲ့ရလဲ???

( ၅ )

ငှက်တစ်အုပ် ပြန်သန်းလာရင်းကိုင်းပင်တွေပေါ်မှာနားကြတယ်။ အဲလိုနားတဲ့အခါကိုင်းပင်တစ်

ပင်ကို ငှက်နှစ်ကောင်နားရင် ကိုင်းပင်တစ်ပင်က ပိုနေတယ်။ ကိုင်းပင်တစ်ပင်ကို ငှက်တစ်

ကောင်ကျစီ နားပြန်တော့လည်း ငှက်တစ်ကောင်က ပိုနေပြန်ရော။

( မေးခွန်း ) ။ငှက်ဘယ်နှစ်ကောင်နဲ့ ကိုင်းပင်ဘယ်နှစ်ပင်လဲ???


( ၆ )

လယ်သမားကြီးတစ်ဦးမှာ မြင်း( ၁၇ ) ကောင်ရှိတယ်။ သူ့မှာသား(၃)ယောက်ရှိတော့..လယ်

သမားကြီးက သားတွေကို သူ့မှာရှိတဲ့ မြင်းတွေခွဲပေးချင်တယ်။ သူပေးချင်တာကသားအကြီး

ဆုံးကိုတော့ ကိုးပုံ တစ်ပုံ၊ သားအလတ်ကျတော့ သုံးပုံတစ်ပုံ နဲ့ အငယ်ဆုံးသားကိုနှစ်ပုံပုံရင်

တစ်ပုံပေးချင်တယ်။ လယ်သမားကြီး ခမျာခွဲဝေမပေးတတ်လို့အကြံခက်နေတယ်တဲ့။သင်က

လယ်သမားကြီးကိုကူညီပြီးသူ့စိတ်တိုင်းကျ ခွဲဝေပေးလိုက်ပါ။ ဘယ်လိုခွဲဝေလိုက်တယ်ဆို

တာလေးကိုလည်း လယ်သမားကြီးနားလည်အောင် ရှင်းပြပေးလိုက်ပါဦး။

( မေးခွန်း ၁ )။သားအကြီးက မြင်းဘယ်နှစ်ကောင်ရလဲ။???

( မေးခွန်း ၂ ) ။သားအလတ်က မြင်းဘယ်နှစ်ကောင်ရလဲ။???

( မေးခွန်း ၃ ) ။သားအငယ်က မြင်းဘယ်နှစ်ကောင်ရလဲ။???


( ၇ )

တစ်ခါက အနက်ရောင်တိုင်းပြည်နဲ့ အဖြူရောင်တိုင်းပြည်ဆိုပြီးရှိတယ်။ အနက်ရောင်တိုင်း

ပြည်က အဖြူရောင်တိုင်းပြည်ကို သိမ်းပိုက်ဖို့ ကြံစည်နေကြတယ်။ အဲလိုနဲ့ သူတို့ဟာ

ကျောက်စိမ်းတုံးကြီးတစ်တုံးကိုယူပြီး အဖြူရောင်တိုင်းပြည်ကို ရောက်လာကြတယ်။ တစ်

ကယ်လို့ အဖြူရောင်တိုင်းပြည်မှာ ရှိတဲ့ ပညာရှိတွေဟာ အဲဒီ ကျောက်စိမ်းတုံးကြီးကို မထိ

ရ မကိုင်ရပဲ အလေးချိန်ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြရမယ်တဲ့။ သူတို့ ချိန်ကြည့်လို့

မှန်တယ်ဆိုရင်စစ်မတိုက်ပဲကျောက်စိမ်းတုံးကို လက်ဆောင်အဖြစ်ပေးခဲ့မယ်။ အကယ်၍

မှားတယ်ဆိုရင်တော့ အဖြူရောင်တိုင်းပြည်ကို စစ်ကြေငြာပြီး သိမ်းပိုက်မယ်လို့ ပြောကြ

တယ်။နန်းတွင်းမှာရှိတဲ့ ပညာရှိတွေလည်း အမြင်နဲ့ကြည့်ပြီးကျောက်စိမ်းတုံးအလေးချိန်

ဘယ်လောက်ရှိပါတယ်လို့ မပြောပြနိုင်ပဲရှိနေတုန်း ဘုရင့်သမီးတော်လေးက ကျောက်စိမ်း

တုံးရဲ့ အလေးချိန်ကိုပြောပြလိုက်တယ်တဲ့။ သမီးတော်လေးက ကျောက်စိမ်ူတုံးအလေးချိန်

ကို ဘယ်လိုပြောလိုက်လို့အနက်ရောင် တိုင်းပြည်က သူတွေဟာ ကျောက်စိမ်းတုံးကြီးကို

ထားပြီး သူတို့တိုင်းပြည်သူတို့ပြန်သွားကြတယ်တဲ့။

(မေးခွန်း)။ဘုရင့်သမီးတော်လေးဟာကျောက်စိမ်းတုံးအလေးချိန်ကို

ဘယ်လောက်ရှိ
တယ်လို့ ပြောလိုက်သလဲ။??? သင်ဆိုရင်ရော ဘယ်လိုပြောမလဲ???။


( ၈ )

သစ်ပင်ကြီးတစ်ပင်ရှိတယ်။ သစ်ပင်ရဲ့ အောက်မှာငုတ်တိုင်တစ်တိုင်စိုက်ထားတယ်။ငုတ်တိုင်

ရဲ့ ရှေ့ ပေ(၁၀၀) အကွာမှာမြက်ခင်းကြီးတစ်ခုရှိတယ်။သစ်ပင်ရဲ့အောက်မှာဆိတ်တစ်ကောင်

ကို ကြိုးချည်ထားတယ်တဲ့။ ကြိုးအရှည်ကတော့ပေ ( ၅၀ ) ပဲရှိတယ်။ အဲဒီ ကြိုးချည်ထားတဲ့

ဆိတ်ဟာ သူ့ရှေ့မှာရှိတဲ့ မြက်တွေကို ဘယ်လိုသွားစားမလဲ။???



ငယ်ငယ်က မေးခဲ့ဘူးသမျှထဲက မှတ်မိသမျှလေးတွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ကျွန်တော်လိုပဲ ဥာဏ်စမ်းလေးတွေကို စိတ်ဝင်စားကြမဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။

အဓိပ္ပါယ်ရှိတာ၊ မရှိတာထက်ပျော်ရွှင်မှုလေးတွေဖြစ်ပေါ်စေဖို့အတွက်ပါပဲ။အဖြေလေးတွေကို

c-box လေးမှာ ဖြေသွားနိုင်ပါတယ်။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။အဖြေတွေကိုတော့

နောက်နေ့မှ ပြောပြသွားပါ့မယ်။ တစ်ခါတည်း ပြောလိုက်ရင် ပျော်ရွှင်မှုတွေ နည်းသွားမှာ

စိုးလို့ပါ။အားလုံးပျော်ရွှင်နိုင်ကြပါစေ။


AddThis Social Bookmark Button


Thursday, May 1, 2008







ကိုလေးဖြူ ဘယ်တုန်းက မန္တလေးမှာ ကျောင်းတက်ခဲ့တာလဲ?
ကိုလေးဖြူ ရဲ့ သူငယ်ချင်းတွေက ဘယ်သူတွေလဲ?
ရွှေပြည်အေး အဆောင်မှာ တစ်ကယ်ပဲသရဲရှိတာလား?
သစ္စာဆောင်ရှေ့မှာပဲ သီချင်းဆိုကြတာလား?
မိန်းကလေးအဆောင်တွေရှေ့မှာ ဂစ်တာတီးတဲ့ အဖွဲ့တွေချင်း ဘယ်လိုနားလည်မှုလေးတွေ ရှိကြသလဲ?
အဆိုတော် ဝိုင်ဝိုင်းနဲ့ ကျောင်းနေဖက်လား?
ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း အခွေမှာ ကိုလေးဖြူ ပါဝင်ကူညီခဲ့လား?
ကိုလေးဖြူတို့ ကျောင်းတက်နေတုန်းက အခု ခြောက်ကြိုးကဝေလို့ ခေါ်နေကြတဲ့ ချစ်စမ်းမောင်နဲ့ သိနေကြပြီလား?
ကိုလေးဖြူရဲ့ အခု အိမ်ထောင်ဖက်က ကျောင်းသားဘဝက ချစ်သူပဲလား?
အဆောင်မှာ နေကြတဲ့ သူငယ်ချင်းတွေ ဘယ်လိုနေကြသလဲ?
ကျွန်တော်တို့ မသိလိုက်တဲ့၊ မမှီလိုက်တဲ့ ခေတ်က ကျောင်းသားဘဝလေးတွေ ၊ လွမ်းမောစရာလေးတွေ ၊ပျော်စရာလေးတွေကို သိချင်တယ်ဆိုရင်တော့ ပေါ်ဦးသစ် ရဲ့ "ကျွန်တော်ဖြတ်သန်းခဲ့သော လေးဖြူ" ကို ဖတ်ကြည်လိုက်တော့ဗျာ။

AddThis Social Bookmark Button


Design by Amanda @ Blogger Buster