ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ထိုမျက်ရည်

Tuesday, January 20, 2009

နာယူလော့ သားမောင်.
ထွဋ်ဖျားခေါင် မိုးတိမ်ယံမှ၊
ဖြိုးထိန်လျှံ ကြယ်တမွတ်ကို၊
ရွယ်ဆွတ်ဖို့မျှော်။

မေ့ပခုံးပေါ်
နင်းကျော်ကာ အရောက်လှမ်း။

မေ့စကားဟန်
စိတ်အားမာန် အဘယ်ပြင်းလဲ၊
ကြယ်မင်းခြွေ လမ်းမြင့်ဆီသို့၊
လှမ်းဝင့်ချီ မောင်သွားတော့၊
မျက်သားညို ရွှေရည်စို့တယ်၊
မှိုင်းပြာညှို့သမ်း။ ။

(လေဆိပ်သို့ လိုက်ပို့စဉ် အမေသို့)

ညီညီ

AddThis Social Bookmark Button


Design by Amanda @ Blogger Buster