ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ဈေးတန်းလျှောက်သူ

Saturday, July 26, 2008

အမှန်တစ်ကယ် ဒီဈေးတန်းလေးကို ကျွန်တော် ခြေစချတာ ၂၀၀၇ ဒီဇင်ဘာလမှာပါ။ အဲတုန်းက ဈေးတန်းလေးမှာ ဆိုင်လေးတွေကလည်း ဟိုတစ်စ ဒီတစ်စပေါ့။ ဆိုင်လေးဖွင့်တာမှ တစ်လတောင် မကြာပါဘူး။ အချိန်မပေးနိုင်တာနဲ့ ဆိုင်လေးကို စိတ်မကောင်းစွာနဲ့ ပိတ်ပြီး နောက်ကြောင်းပြန်လှည့်ခဲ့ရပေမဲ့ ဒီ ဈေးတန်းလေးကို
တစ်ချိန်မှာ ပြန်လာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဆုံဖြတ်ထားတဲ့အတိုင်း ၂၀၀၈ ဧပြီလထဲမှာ ဆိုင်လေးပြန်လည်ဖွင့်နိုင်ခဲ့တယ်။ ဒီတစ်ခါတော့ အကောင်းဆုံး ဖြစ်
အောင် လုပ်မယ်ဟဲ့ဆိုပြီး ဆိုင်လေးကို ပန္နက်ပြန်ရိုက်၊ အမှန်တစ်ကယ် သုံးစွဲသူတွေ လိုအပ်မယ်ထင်တာလေးတွေကို ခင်းကျင်းပြသရင်းနဲ့ ကျွန်တော်လည်း ဈေးတန်း
ထဲက လူတစ်ယောက်ဖြစ်ခဲ့ရတယ်။

**********

ဆိုင်အသစ်စဖွင့်တဲ့ နေ့က အဲဒီလူကို ထူးထူးခြားခြား မှတ်မိနေတယ်။ အဲနေ့က ဆိုင်အသစ်စဖွင့်တဲ့နေ့ဆိုတော့ လူကလည်း တက်ကြွလို့ပေါ့ဗျာ။ ဘယ်သူများ ဈေးဦး
ပေါက် လာဝယ်မလဲဆိုပြီး ဆိုင်ထဲမှာ ငုတ်တုတ်ကြီးထိုင်ပြီး ဟိုကြည့် ဒီကြည့်နဲ့ ဈေးဝယ်သူကို မျှော်နေတုန်း...ဗြုန်းဆိုပြီး အဲဒီလူ ရောက်လာတယ်။

"မင်္ဂလာပါ"
"ဗျာ...ဟုတ်ကဲ့ မင်္ဂလာပါ"

"ကဲ ..ခင်ဗျားလည်း ဆိုင်လေး ဆက်ခင်းလိုက်ပါဦး။ ကျွန်တော် ဈေးတန်းထဲကို တစ်ပတ်လောက် ပတ်လိုက်ဦးမယ်"
"ဗျာ...ဟုတ် ဟုတ်ကဲ့"

ပြောပြောဆိုဆို ထွက်ခွာသွားတဲ့ အနှီပုဂ္ဂိုတ်ရဲ့ ကျောပြင်ကို ငေးကြည့်ရင်း...ကြောင်နေမိတယ်။

**********

တစ်ဖြေးဖြေးနဲ့ ဈေးတန်းလေးကလည်း အရင်ကထက် ပိုပိုပြီး စည်ကားလာတယ်။ စားသုံးသူတွေ၊ လေ့လာသူတွေနဲ့ ကြက်ပျံမကျအောင် မစည်ကားသေးပေမဲ့
အတိုင်းအတာတစ်ခုထိ စည်ကားလာတဲ့ အတွက်တော့ ဈေးတန်းလေးအတွက် ကျေနပ်ခဲ့ရတယ်။ ဈေးဆိုင်မှာ အရောင်းပါးတဲ့ အခါမျိုး တစ်ခြားဘေးက
အသိမိတ်ဆွေတွေရဲ့ ဆိုင်တွေကို သွားရောက်လည်ပတ်တဲ့ အခါမျိုးမှာလည်း စောစောက ပြောခဲ့တဲ့ အနှီပုဂ္ဂိုလ်ကြီးကို တွေ့ရတတ်တယ်။ ဈေးတန်းထဲမှာ ဆိုင်အသစ်
လေးတိုးလို့ သွားကြည့်မယ်ဟဲ့ လို့ ကြိမ်းဝါးရုံပဲ ရှိသေးတယ်။ ထို ပုဂ္ဂိုလ်က ရောက်ပြီးသွားပြီ။ အော်...ဈေးတန်းထဲမှာ သူမသိတဲ့ ဆိုင်ရော ရှိသေးရဲ့လား။

**********

တစ်ညနေခင်း ဆိုင်မှာလည်း အရောင်းပါးသွားတုန်း အနှီပုဂ္ဂိုလ်ကြီး ဆိုင်းမဆင့် ဘုံမဆင့် ( လက်ဗလာ ချည်းသက်သက် ) နဲ့ ရောက်လာခဲ့တယ်။ အမြဲတမ်း ပြုံးရယ်
နေတဲ့ သူ့မျက်နှာက သိသိသာသာတော့ ညှိုးငယ်နေတယ်။

" ကျွန်တော် ဆိုင်ပိတ်တော့မယ်ဗျာ "
" ဗျာ...ဘာဖြစ်လို့လည်း "
" အဆင်မပြေတာလေးတွေ ရှိတယ်ဗျာ "
" အော်... "
" ကျွန်တော့် ဆိုင်လေး ပိတ်လိုက်ရပေမဲ့ ဒီဈေးတန်းလေးကိုတော့ ရောက်နေဦးမှာပါဗျာ "

**********

အခုဆို သူ့ဆိုင်လေး ပိတ်ထားတာတောင် တော်တော် ကြာနေပြီပဲ။ သူ့လို ဆိုင်ပေါက်စေ့လိုက်ပြီး နှုတ်ခွန်းဆက်သတဲ့ သူမရှိတော့လို့ ဈေးတန်းလေးထဲမှာ တစ်ခုခု
တော့ လိုအပ်နေတာ အမှန်ပဲလေ။ ဈေးတန်းထဲက လူတွေလည်း ဟိုတစ်စု ဒီတစ်စုနဲ့ သူ့အကြောင်းတွေပဲ ပြောနေခဲ့ကြတယ်။ သူ့ဆိုင်လေး ပိတ်ထားပေမယ့် သူနဲ့
တွေ့တဲ့ အခါတိုင်း ဘယ်တော့ ဆိုင်ပြန်ဖွင့်မှာလဲ။ ဈေးတန်းလေးကို ပြန်လာခဲ့ပါလို့ တောင်းဆိုတဲ့ သူတွေလည်း ဒုနဲ့ဒေးပါပဲ။ သူလည်း ဆိုင်လေးကို ပိတ်ခဲ့ရပေမယ့် သူ သံယောဇဉ်ရှိနေတဲ့ ဈေးတန်းလေးကိုတော့ အရင်ကလိုပဲ ရောက်မြဲရောက်နေတုန်း၊ အရင်ကလိုပဲ ပြုံးရယ်ပြီး နှုတ်ဆက်စကားလေးတွေ လိုက်ပြောနေတာကို တွေ့ရတော့လည်း ကျေနပ်ခဲ့ရသေးတယ်။

**********

တစ်နေ့ ... သူ ကျွန်တော်ဆီ ပေါက်ချ ( လမ်းလျှောက် ) လာပြီး စကားတွေတော်တော်ပြောဖြစ်ခဲ့ကြတယ်။

" ဆိုင်ပြန်ဖွင့်ပါလားဗျာ "
" တော်ပါပြီဗျာ...ကျွန်တော် ဒီဆိုင်လေးကို ဝါသနာပါလွန်းလို့ သာ ဖွင့်ခဲ့ရတာ၊ အခုလို ဆိုင်ပိတ်ဖို့ အထိ ပြဿနာလေးတွေ ရှိလာတော့ အိမ်သူသက်ထားကလည်း
မဖွင့်စေချင်တော့ဘူး "
" အော်. ဒါဆိုဗျာ ကျွန်တော့်မှာ ဆိုင်လေးတစ်ဆိုင်ဝယ်ထားတာရှိတယ်။ဆိုင်ကလည်း အသစ်ဆိုတော့ ဘာမှ မတင်ရသေးဘူး။ ဈေးရောင်းချင်တဲ့ စိတ်ကို ဖျောက်ဖို့ ခက်နေရင် အဲဒီမှာ လုပ်ပေးပါလား (အရည်အချင်း ကို သိလို့ ) "
" ကျွန်တော်က အဲလို ပုန်းလျှိုး ကွယ်လျှိုးလည်း မလုပ်ချင်ဘူးဗျ။ "
" ဗျာ ( ပြောမိတာ မှားပြီထင်တယ် ) "
" ဟုတ်တယ်ဗျ။ ခင်ဗျား ကြားဘူးမှာပေါ့ ။ လူပြောမသန် လူသန်မပြောဆိုတာလေ။ ကျွန်တော်က အလုပ် မလုပ်ပဲ ပြောရုံ ပြောနေတာလောက်ကို သဘောမကျဘူးဗျ.
သူများကို အပြစ် ထိုင်တင်ရတာ လွယ်ပါတယ်ဗျာ။ ရွာမှာ အရက်သမားက ရွာသူကြီးကို ထိုင်ဆဲ နေသလိုမျိုးပေါ့ "
" အော် ဟုတ်ကဲ့ "
" လုပ်ပါ။ ကိုယ်တိုင်က တစ်ကယ် လုပ်နေရင် အဲဒီလူက သူများကို အပြစ် မတင်တတ်တော့ဘူး။ဘုန်းကြီးတွေ တရားဟောသလိုဆိုရင် သီလ မလုံတဲ့ လူတွေ က သီလ အကြောင်း ဟော မှာ သိပ်ကြောက် ကြတာ "
" ဟုတ်ကဲ့ ( သွားပြီ..တရားတွေ ဟောတော့မယ် ထင်တယ် ) "
" သူ့နေရာမှာ ငါသာ ဆိုတဲ့ အတွေးလေးဝင်ပေးရင် ကောင်းတာပေါ့ဗျာ ( ဆိုင်လား မဆိုင်လား မသိဘူး။ ကြားဘူးတာတွေ ပြောပေးရတာပဲ )
" အင်း... ကျွန်တော် လည်း မကြာခင်မှာ ရွာပြန်တော့မယ် "
" အော် "
" ခင်ဗျားကို ကျွန်တော်ဖတ်ဘူးတာလေး ပြောပြမယ် "
" ဟုတ်..ပြောပါ ( တားလို့လည်း ရမှာမှ မဟုတ်တော့တာ ) "
" ကျွန်ဖြစ် ရမှာကို သိမ်ငယ်တယ်လို့ မခံစားရတဲ့ လူတွေဟာ ကျွန်ပဲ ဖြစ်ထိုက်တယ်လို့ ... (အမည်မသိ) စာဆို တစ်ဦးက ပြောဘူးတယ်ဗျ "
" အော် "
" ဓမ္မက အဓမ္မကို အောင်နိုင်မြဲ ဖြစ်သည် ... ဓမ္မ အစစ် ဖြစ်ဖို့တော့ လိုပါသည်လို့လည်း ဖတ်ဘူးတယ် "
" အော် ဟုတ်ကဲ့ ... အကိုက စာတော်တော် ဖတ်တာပဲ "
" စာကတော့ တွေ့တာ အကုန်ဖတ်တယ်။ ရသလောက် ပညာယူရတာပေါ့။ ဘယ်နေရာက မဆို ပညာရတယ်လေ .. "
" ဟုတ်ကဲ့ "
" ကဲဗျာ ..စကားလည်း ကောင်းနေလိုက်တာ။ ခင်ဗျားလည်း ဆိုင်ထိုင်လိုက်ဦး။ ကျွန်တော် ပြန်လိုက်ဦးမယ် "
" ဟုတ်ကဲ့၊ ကောင်းပါပြီဗျာ "

ပြောချင်တာတွေ ပြောပြီး ထထွက်သွားတဲ့ ထိုပုဂ္ဂိုလ်ကို ငေးကြည့်ရင်း ...

**********

အကိုကြီး ကိုစိုးထက်က ကိုကလိုစေးထူး ဘလော့မှာ ရေးသလိုလေး ရေးပေးပါဆိုလို့ သူနဲ့ ပြောခဲ့တာလေးတွေကို အမှတ်တရ အဖြစ်ဖော်ပြပေးလိုက်ပါတယ်။
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ရည်ရွယ် ရေးသားထားခြင်းမဟုတ်ပါ။ ပို့ကိုလည်း ကိုကလိုစေးထူး ရဲ့ အိုင်ဒီယာအတိုင်း ကူးချပါသည်။


AddThis Social Bookmark Button


Design by Amanda @ Blogger Buster