ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

စောင်းကြိုးပြတ်ရွာ မွန်းတည့်အလွန်

Thursday, April 3, 2008

ငါ့ဆီငါ ပြန်ရောက်လာပါတော့မလား
မြေပုံကြမ်းကိုကြည့်ပြီး
လမ်းလျှောက်နေရတာ...
မောလှပြီ ။

ငါ့ကိုယုံပါ
ငါဟာ...
လမ်းကူးတာတောင်
မျဉ်းကြားကဖြတ်ကူးတတ်တဲ့
ခွေးလေခွေလွင့်တစ်ကောင်ပါ ။

ငါ ... မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ ...
ငါ့ကို ... ယုံပါ ။

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ... ယုံပါ ။

( ဖိနပ်မစီးထားတဲ့
ကလေးငယ်လိုပဲ ...
ဘယ်သူကမှ
အိမ်ထဲကို မဖိတ်ချင်ကြဘူး )

လက်တစ်ဘက်နဲ့
ခေါ်လို့မရတဲ့ကောင်းကင်
လက်နှစ်ဘက်နဲ့ခေါ်လည်း
အရာမထင်ဘူး ။

ငါ ...တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီး နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ ... ။

တာရာမင်းဝေ

AddThis Social Bookmark Button


Design by Amanda @ Blogger Buster