ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ (ဦးသန့်)

ကျွန်တော့် ဘဝ အပိုင်း( ၁ )

Saturday, April 26, 2008

ကျွန်တော်လား ? မကွေးတိုင်း၊ ရေစကြိုမြို့ကပါ။ ရေစကြို ကို . ဟိုး...အရင်တုန်းက မဟာဂါမ မြောင်းတူး ရေစကြိုလို့ ခေါ်ခဲ့ကြတယ်တဲ့။
အဓိပ္ပါယ်ကတော့ မဟာဆိုတာ ကြီးမားသော၊ ဂါမက ရာမ အကို၊ အားလုံးပေါင်းလိုက်တော့ ( ချင်းတွင်းမြစ်ကို စတင်တူးဖော်ခဲ့တဲ့ မြို့ ) ပေါ့ဗျာ..ဟီးဟီး သေချာမသိလို့ ဖောလိုက်တာ။ အော် ..ပြီးတော့ စကားတောင်စားထဲကလေ ပခန်းသားဆိုတာလေ..အင်းပေါ့ အဲဒါ ကျွန်တော်တို့ မြို့နယ်ထဲကပဲ။ ကြွားစရာ မရှိ၊ ရှိတာလိုက်ကြွားလိုက်တာ။ အဘိုးကပြောဘူးတယ် ..အဲဒီထဲက ပခန်းသားဆိုတာ အဘိုး ရဲ့ အဘိုး နဲ့ ကျည်းသား ရိုက်ဖက်တွေတဲ့။ ( စကားချပ်..ဟီးဟီး ) ။

*********

ကျွန်တော့်ကို မွေးမဲ့နေ့က သိတယ်မလား။ ထူးခြားတဲ့ပါရမီရှင်ကြီးတွေမွေးရင် အတိတ်နမိတ် တွေ ပြတယ်လေ။ အဲလိုပဲကျွန်တော့်တုန်းကလည်း နိမိတ်ပြတယ်တဲ့။ အမေ့ ပါးစပ်ကနေပြီး " အဖေကြီးရေ..နာတယ်..နာတယ်။ မွေးတော့မယ် ထင်တယ်တော့လို့ ပြောခဲ့တယ် " လို့ အဖေက ပြန်ပြောဘူးတယ်။ အဲလို အတိတ်တွေ နိမိတ်တွေနဲ့ မွေးလာတဲ့ ကျွန်တော့်ကို နာမည်ပေးဖို့အတွက် သာမန်ပုဂ္ဂိုလ်နဲ့တော့ မဖြစ်ဘူးဆိုပြီး မင်းသိခိ င်္နဲ့ စံဇာနည်ဘို ကို ခေါ်ပြီးရွေးခိုင်းခဲ့ကြတယ်တဲ့။ သူတို့လည်း ကိုယ်စွမ်း ၊ ဥာဏ်စွမ်း ရှိသလောက် ကြိုးစားတွက်ချက်ပြီး အကောင်းဆုံးလို့ ယူဆရတဲ့ နာမည်တွေ ရွေးပေးခဲ့တယ်။အဲဒီ နာမည်တွေအားလုံးကို အဘက မကြိုက်ဘူးဆိုပြီး သူကိုယ်တိုင်ပဲ အခုလက်ရှိနာမည်ကို မှည့်ပေးခဲ့တာ။ ကျွန်တော် ငယ်ငယ်ကဆို အဖေနဲ့အမေက အိမ်မှာကပ်တယ်ကို မရှိဘူး၊ လျှောက်လည်နေကြတာ ( ဟီးဟီး မဟုတ်ဘူးနော် ) ။ တခြားမြို့ရွာတွေမှာ ဈေးသွားရောင်းကြတယ်။ တစ်ခါတစ်လေမှာ သူတို့နဲ့ ကျွန်တော့်ကိုခေါ်သွားပြီး ..တစ်ခါတစ်လေကျတော့ အဘိုး၊ အဘွား ( အမေရဲ့ မိဘ နှစ်ပါး )တွေနဲ့ ထားခဲ့ရတယ်။

*********

သားအချစ်၊ မြေးအနှစ်ဆိုသလို မြေးဦးဖြစ်တဲ့ ကျွန်တော့်ကို အဘွားက အရမ်းချစ်တယ် ။ ကျွန်တော့ကလည်း ချစ်ဖို့ ကောင်းတာ ပါပါတယ်။( အဟီး )။ ကျွန်တော်ငယ်ငယ်က နည်းနည်းတော့ ပျင်းတယ်ဗျ။ အခု ကြီးလာမှသာ ကိုယ့် အသိ စိတ်လေးနဲ့ကိုယ် ပြင်
လိုက်လို့ သုံးစားမရအောင် ပျင်းသွားတာ ( အဟား )။ ဘယ်လို ပျင်းသလဲဆိုတော့ ငိုရမှာကို ပျင်းလို့ကို မငိုခဲ့ဘူး။ လူကြီးတွေကတော့ချီးကျူးချင် ၊ ကြွားချင်ကြတော့ ."ဟယ် ဒီကလေးက တော်တော်သန္ဒေကောင်းတာပဲ။ ငိုတာကို မတွေ့ရဘူး " လို့ ပြောကြတာပေါ့ဗျာ။


*********
မဟာ=ကြီးမားသော ၊ ဂါမ= ရွာ ၊ မဟာဂါမ = ရွာကြီး
လို့ အမည်ရှိပါတယ်လို့ စေတနာရှိတဲ့ စေတနာဆိုတဲ့ သူတစ်ယောက်ကနေပြီး ဆီဘောက်မှာ ပြောကြားသွားပါသည်။
ဆက်လက်ရေးသားပါဦးမည်။

AddThis Social Bookmark Button


Design by Amanda @ Blogger Buster